နေတိုးရေတပ်သင်္ဘောစု ဂျော်ဂျီယာ ပင်လယ်နက်ဆိပ်ကမ်းသို့ ရောက်ရှိ

 

တာဘလစ်ဆီ စက်တင်ဘာ ၂၉ 


ဂျော်ဂျီယာအနောက်ပိုင်းမြို့တော် ဘာတူမီပင်လယ်နက်ဆိပ်ကမ်း သို့ စက်တင်ဘာ      ၂၈ ရက်က  စစ်သင်္ဘောတစ်စင်း ဆိုက်ရောက် လာခဲ့သည်။ 
ဘာတူမီသည် အဆိုပါရက်၌ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ၏       တန်ပြန်စစ်ဆင် ရေးတပ်ဖွဲ့မှ   သင်္ဘောငါးစင်းကို လက်ခံခဲ့ကြောင်း       နိုင်ငံ၏ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ထုတ် ပြန်ချက်တွင် ဖော်ပြခဲ့သည်။ 


အမြဲတမ်း           နေတိုးမိုင်း တန်ပြန်ဆောင်ရွက်ရေး အုပ်စု-၂ (SNMCMG2) ၏ ဘူလ်ဂေးရီးယား၊ အီတလီ၊ ရိုမေးနီးယား၊ တူရကီနှင့် စပိန်နိုင်ငံ ရေတပ်များမှ  သင်္ဘော ငါးစင်းကို ဂျော်ဂျီယာအနောက် ပိုင်းမြို့ ဘာတူမီတွင် သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင်များက ကြိုဆိုခဲ့ကြသည်။ 
ဂျော်ဂျီယာ   ကမ်းခြေစောင့် တပ်ဖွဲ့နှင့် SNMCMG2 အဖွဲ့တို့ သည်    ပူးတွဲစစ်ရေးလေ့ကျင့်မှု မပြုခင် ဂျော်ဂျီယာ၏  ပင်လယ် နက်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ ခြင်းဖြစ်သည်။ 


အဆိုပါ    စစ်ရေးလေ့ကျင့်မှု တွင်  ဂျော်ဂျီယာကမ်းခြေစောင့်တပ်ဖွဲ့အပေါ် နေတိုး၏ ကြီးကြပ် အကဲဖြတ်မှုများ   ပါဝင်မည်ဖြစ် သည်။ ထို့အပြင် ဂျော်ဂျီယာနှင့် နေတိုး   ရေကြောင်းတပ်ဖွဲ့များ ကြား             စစ်ဆင်ရေးဆိုင်ရာ  စွမ်းဆောင်မှုများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြ ထားသည်။                

  ဆင်ဟွာ