
ငွေဆောင် မေ ၅
ဧရာဝတီ တိုင်းဒေသကြီး ငွေဆောင်မြို့ သဇင်ကျေးရွာ အုပ်စု ရေသိုးရွာ ငွေဆောင် ကားလမ်း မိုင်တိုင် ၁၉ ရှိ အလှဆင်ဝိုင်း အတွင်း၌ ယမန်နေ့ ညနေပိုင်းက ဆင်ရိုင်း နင်းခြင်းကြောင့် ကလေးတစ်ဦး သေဆုံး ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ဆင် စခန်းဝန်ထမ်း ဆင်ဦးစီးဦးဖား ၏ သားဖြစ်သူ မောင်ဂျိမ်း (ကိုးနှစ်) သည် ဆင်ဝိုင်း အတွင်း ဆင်များရေချိုးပြီး ချောင်းတွင်ရေခပ်ရာ ၎င်း ချောင်းအနီးရှိ တောဆင်ရိုင်း က နင်းခြင်းကြောင့် သေဆုံး သွားကြောင်း သိရသည်။
ယင်း တောဆင်ရိုင်းသည် မုန်ဝင်နေခြင်းဖြစ်ပြီး အနီး အနားမှ ထွက်ခွာသွားခြင်း မရှိဘဲ လူများကို ရန်မူနေ ကြောင်း သိရသည်။
အောင်တင်ငွေဆောင် (ပြန်/ဆက်)