ငွေကျပ်သိန်း ၄၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ မြဝတီမြို့၌ ဖမ်းဆီးရမိ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၀

  
မြဝတီမြို့တွင်     ငွေကျပ်  သိန်း ၄၂၀၀   ကျော်   တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ  ဖမ်းဆီးရမိကြောင်း   မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

စစ်ဆေးဖော်ထုတ်


ဖြစ်စဉ်မှာ       မူးယစ်ဆေးဝါး    တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ       တပ်ဖွဲ့ဝင်များပါဝင်သော     ပူးပေါင်းအဖွဲ့သည်  ဖေဖော်ဝါရီ ၁၈ ရက် မွန်းတည့်    ၁၂     နာရီတွင်    မြဝတီမြို့      အမှတ် (၄) ရပ်ကွက်     အနန္တသုခလမ်းတွင်   ဇော်မင်း (၄၄) နှစ် မောင်းနှင်လာသည့်      ဟွန်ဒါဖစ်      မော်တော်ယာဉ်ကို  သတင်းအရ     စစ်ဆေးရှာဖွေရန်  ရပ်တန့်ခိုင်းစဉ်  မောင်းနှင် ထွက်ပြေးသဖြင့်         ပူးပေါင်းအဖွဲ့က       ပိတ်ဆို့ဖမ်းဆီးခဲ့ရာ    ယာဉ်ပေါ်မှ    ဒေသကာလ  တန်ဖိုးငွေကျပ်  သိန်း   ၄၂၀၀ ကျော်တန်ဖိုးရှိ   စိတ်ကြွ   ရူးသွပ်ဆေးပြား ၂ ဒသမ  ၁ သိန်း    သိမ်းဆည်းရမိခဲ့ပြီး    ကွင်းဆက်အရ       မူးယစ်ဆေးဝါးများ  သယ်ဆောင်ရာ၌  ပူးပေါင်းပါဝင်သူ  မောင်ပီး (ခ)စိုင်းပီး    (၄၅)  နှစ်ကို    မြဝတီမြို့  အမှတ် (၄)  ရပ်ကွက်တွင်      ထပ်မံ   ဖမ်းဆီးရမိခဲ့သဖြင့်   ၎င်းတို့နှစ်ဦးကို  ဥပဒေအရ အရေးယူ ထားရှိပြီး   ကွင်းဆက်   ပြစ်မှုကျူးလွန်သူများကို   ဆက် လက်  စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း  သိရသည်။                     
   

သတင်းစဉ်