ငြိမ်းချမ်းစွာ ဆန္ဒပြကြပါတယ် ဆိုသူများသို့

Type
1
မီဒီယာတွေကလည်း ပြောကြရေးကြတယ်၊ ငြိမ်းချမ်းစွာဆန္ဒပြသူ များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်နှိမ်နင်းတယ်တဲ့။ အနောက်နိုင်ငံကြီးတချို့ကလည်း ဒီမိုကရေစီပြန်လည်ရရှိရေး တောင်းဆိုဆန္ဒပြသူတွေကို လုံခြုံရေးအဖွဲ့တွေက အကြမ်းဖက် တုံ့ပြန်တာဟာ စာရိတ္တပျက်ပြား၊ ကျင့်ဝတ်ချိုးဖောက်မှုလို့ စွပ်စွဲကြ တယ်။ ပြည်တွင်းမှာလည်း အပြစ်မဲ့တဲ့ပြည်သူတွေကို ရက်ရက် စက်စက် နှိပ်စက်ဖြိုခွင်းတယ်လို့ အော်ဟစ်နေကြတယ်။ အဲဒီတော့ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်ဆိုတာ ဟုတ်၊ မဟုတ် ကိုယ့် ကိုယ်ကိုယ် သေချာပြန်ဆန်းစစ်ကြဖို့ လိုလာပြီထင်တယ်။ ငြိမ်းချမ်း စွာ ဆန္ဒပြနေကြပါတယ်ဆိုတဲ့သူတွေ ပြန်စဉ်းစားကြရအောင်ပါ။ လူစုလူဝေးနဲ့ လမ်းတွေပိတ်၊ တာယာကွင်းတွေမီးရှို့၊ အတား အဆီးတွေနဲ့ကာ၊ လေးခွ၊ ဂျင်ကလိ၊ ဓာတ်ဆီပုလင်း၊ လက်လုပ်မိုင်း၊ လုပ်သေနတ်စတဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို အခက်အခဲတွေ့အောင်လုပ်၊ ဒုက္ခပေးနေ၊ စိုးရိမ်ကြောင့်ကြ မလုံမခြုံ ကြောက်လန့်အောင်လုပ်နေကြတာ ငြိမ်းချမ်းစွာ ဆန္ဒပြတာလား။ ပိတ်ဆို့တားဆီးထင်တိုင်းကြဲနေတာ ငြိမ်းချမ်းစွာ ဆန္ဒပြတာလား ရဲစခန်းတွေကို လူအုပ်နဲ့စီးနင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အသက်သေသည်အထိ ခုတ်ထစ်ပစ်ခတ်ရန်မူ၊ အစိုးရရုံးအဆောက် အအုံတွေ၊ ပြည်သူပိုင်စီးပွားရေးလုပ်ငန်းတွေ၊ ပုဂ္ဂလိကပိုင်စက်ရုံ အလုပ်ရုံတွေ မီးရှို့ဖျက်ဆီးနေကြတာ၊ မီးလောင်ရာကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်ကားတွေမဝင်နိုင်အောင် အထပ်ထပ်ပိတ်ဆို့ တားဆီးပြီး အုပ်စုနဲ့ ထင်တိုင်းကြဲနေကြတာ ငြိမ်းချမ်းစွာဆန္ဒပြတာ လား။ CDM ဆိုပြီး ငါနဲ့မတူ ငါ့ရန်သူလုပ်၊ ဆန္ဒမပြလိုသူတွေကို ခြိမ်းခြောက်အကျပ်ကိုင်၊ တာဝန်သိပြည်သူလူထုကို Social Punish-ment ဆိုပြီး အရှက်တကွဲ အကျိုးနည်းဖြစ်အောင်လုပ်၊ နောက်ဆုံး အဆင့် လူသတ်အကြမ်းဖက်၊ ကမ်းကုန်အောင် မိုက်ရိုင်းစော်ကား အကျင့်ပျက်နေကြတာ ငြိမ်းချမ်းစွာ ဆန္ဒပြတာလား။ ဘဏ်တွေမဖွင့်နိုင်အောင်လုပ်၊ နိုင်ငံ့ဝန်ထမ်းတွေကို ရုံးတွေ အထိလာပြီး အော်ဟစ်ဆဲဆို၊ ရုံးတွေကို ဖျက်ဆီး၊ တံခါးပိတ်မီးရှို့၊ CDM အောင်မြင်ရင် အစိုးရယန္တရားပျက်ပြီး ထွက်ပြေးစေရမယ် ကြွေးကြော်အကြမ်းဖက်နေတာတွေ၊ မသိနားမလည်တဲ့ ကျောင်းသား အရွယ်လူငယ်တွေ လမ်းပေါ်တက်ပြီး ရှေ့ကတင်ပေးနေတာ ငြိမ်းချမ်း စွာ ဆန္ဒပြတာလား။ ပြောရရင် အများကြီးပါ၊ ပြောမဆုံးပေါင် တောသုံးထောင်ဆို သလိုပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေများကို နည်းမျိုးစုံ ဖောက်ဖျက်ကျူးလွန်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ တရား ဥပဒေစိုးမိုးရေး ပျက်ပြားအောင်၊ တိုင်းပြည်မတည်မငြိမ်ဖြစ်အောင်၊ ပြည်သူလူထုကို ကျီးလန့်စာစား အထိတ်တလန့် မလုံမခြုံဖြစ်အောင် လုပ်နေကြတာ အများကြီးပါ။ ဒါတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြတာ လားဗျာ။ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြပါတယ်ဆိုတဲ့သူတွေ တစ်ခုလောက် ထပ်စဉ်းစားကြရအောင်ပါ။ ဒီအကြမ်းဖက်ဆန္ဒပြ ဆူပူမှုဖြစ်အောင်လုပ်နေသူတွေ ခင်ဗျား တို့ရှေ့မှာ မားမားမတ်မတ် ရပ်နေသလား၊ လူလုံးပြခေါင်းဆောင် နေပါသလား၊ ဟိုလို လုပ်ပါလား၊ ဒီလိုလုပ်ပါလားလို့ နောက်ကွယ်က ညွှန်ကြားနေသူတွေကို မြင်ဖူးကြပါရဲ့လား၊ ဘာရည်ရွယ်ချက်၊ ဘာ မျှော်လင့်ချက်၊ ဘာယုံကြည်ချက်နဲ့ ဒီလိုဆူပူအကြမ်းဖက်မှုတွေ ဖြစ်အောင် စည်းရုံးလှုံ့ဆော် မြှောက်ပင့်ပေးနေတယ်ဆိုတာကိုရော တွေးမိကြပါသလား၊ နောက်ကွယ်မှာ ပါဝင်ပတ်သက်သူတွေ၊ တရား မဝင် အထောက်အပံ့ပေးနေတာတွေကို သတိထားမိကြပါရဲ့လား၊ ကိုယ့်ကိုယ်ကိုယ်တောင် ဘယ်နားနေရမှန်းမသိတဲ့ ဥပဒေကို ဖောက်ဖျက်ကျူးလွန်တဲ့ တရားမဝင်အဖွဲ့တွေကို ယုံကြည်နေကြ ပါသလား။ ဒီနေ့ တကယ်ဒုက္ခရောက်နေတာက ပြည်သူလူထုပါ။ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေတာ ပြည်သူလူထုပါ။ ကြောက်ကြောက်လန့်လန့် ရောယောင်ပြီး ပါမိရာက ထိခိုက်ဒဏ်ရာရ သေဆုံးကြတာ ပြည်သူ လူထုပါ။ အပြစ်မဲ့တဲ့ ကျောင်းသား ကျောင်းသူလူငယ်တွေပါ။ ပြည်သူ တွေ ဘက်ပေါင်းစုံက ဆင်းရဲဒုက္ခရောက်နေပါပြီ။ အဓိပ္ပာယ်မဲ့လုပ်ရပ်တွေ မရှိသင့်တော့ပါ ဒါကြောင့် မကောင်းတဲ့အနိဋ္ဌာရုံတွေ အဆုံးသတ်သင့်ပါပြီ။ နိုင်ငံ နဲ့ ပြည်သူလူထု ဆင်းရဲဒုက္ခ ရောက်အောင် အဓိပ္ပာယ်မဲ့လုပ်ရပ်တွေ မရှိသင့်တော့ပါ။ မကောင်းတဲ့အကျင့်စရိုက်နဲ့ လူငယ်တွေကို လမ်းမှား ရောက်အောင်၊ စိတ်ဓာတ်ပျက်ပြား ရိုင်းစိုင်းအောင် ဖြားယောင်း သွေးဆောင်လှုံ့ဆော်မှုတွေ မလုပ်သင့်ကြတော့ပါ။ တစ်ဖက်က မြှောက်ပေးနေတာတွေကိုပဲ နားထဲဝင်နေမယ့်အစား၊ ယုံကြည်သက်ဝင်နေမယ့်အစား ယနေ့ နိုင်ငံတော်ဘာဖြစ်နေလဲ၊ အဖြစ်မှန်ကဘာလဲ၊ တာဝန်ယူထားတဲ့ အဖွဲ့အစည်းက ဘာတွေ လုပ်နေလဲ၊ ဘယ်လိုပြောနေလဲ၊ ဘယ်လိုတာဝန်ယူ တာဝန်ခံမှုတွေ လုပ်နေလဲ ဆိုတာတွေကို အဖြစ်မှန်နဲ့ယှဉ်ပြီး မစဉ်းစားကြတော့ဘူးလား။ သတိတရား၊ ဆင်ခြင်တုံတရားလေးတွေနဲ့ လုပ်သင့်တယ်လို့ရော မတွေးကြတော့ဘူးလားဗျာ။ ပြည်သူတစ်ရပ်လုံးရဲ့ဆန္ဒ၊ ပြည်သူတစ်ရပ်လုံးရဲ့ သဘောထား လို့တော့ ဝါးလုံးရှည်နဲ့ ရမ်းမပြောကြပါနဲ့။ မှားပါတယ်။ မဟုတ်ပါဘူး။ ကန့်ကွက်ပါတယ်။ ဒီနေ့ဖြစ်နေတဲ့ ဆူပူအကြမ်းဖက် ဆန္ဒပြမှုတွေ ကို မကြိုက်တဲ့လူတွေအများကြီးပါ။ သဘောမတူသူတွေ အများကြီး ပါ။ ဒီလောက်ထိ ရုပ်ပျက်ဆင်းပျက် ပြည်သူလူထုဒုက္ခရောက်အောင် လုပ်နေတာကို လက်ရှိအစိုးရ ဘာကြောင့် ထိထိရောက်ရောက် ပြတ်ပြတ်သားသား မလုပ်တာလဲလို့ ပြောနေသူတွေ တစ်ပုံတစ်ပင် ပါပဲ။ ဒါကိုလည်း သဘောပေါက်လက်ခံပါ။ နားလည်ပေးပါ။ ဒါကြောင့် နိုင်ငံနဲ့ပြည်သူလူထုအတွက် အကျိုးလုံးဝမရှိတဲ့ အလုံးစုံပျက်သုဉ်းရေး၊ ထိပ်တိုက်ရင်ဆိုင်ရေးတွေကို ရပ်ကြပါစို့ဗျာ။ အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းနေချင်ကြတဲ့ ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးကြ ပါစို့ဗျာ။ လုပ်ရင်းလုပ်ရင်း မှားသည်ထက် မှားလာတာမျိုးတွေ ရှောင်ကြပါစို့လားဗျာ။ အတွေးသန့်သန့်၊ အမြင် ကြည်ကြည်နဲ့ သုံးသပ်ဆင်ခြင်ပြီး နိုင်ငံနဲ့ပြည်သူလူထု ကောင်းရာ ကောင်းကျိုးကို စဉ်းစားလုပ်ဆောင်ကြပါစို့လားဗျာ။ နိုင်ငံတော်ကြီး ငြိမ်းချမ်းပါစေ၊ ပြည်သူများ အေးချမ်းပါစေ။