ငြိမ်းချမ်းရေးသည် ပြည်သူလူထု တစ်ရပ်လုံး၏ ဆန္ဒအမှန်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ     တစ်ခုပြီးတစ်ခု   ကျင်းပလျက်ရှိသည်။ တိုင်းရင်းသားပြည်သူများ လွတ်လပ်မှု၏ အရသာ၊ ဒီမိုကရေစီ ၏ အရသာကို ခံစားခွင့်ရရှိနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲများက ဒီမိုကရေစီ၏ အနှစ်သာရ ပျက်ယွင်းမှုမရှိစေရန်နှင့် ရသင့် ရထိုက်သည့်  အခွင့်အရေးများ  ရရှိစေရေး  နှစ်ဖက်မျှတမှု ရှိစေရန်ဟူသောမူဖြင့် ကျင်းပနေခြင်း ဖြစ်သည်။

 


ပြီးခဲ့သည့်    မေလ  ၁၂  ရက်နေ့တွင်   ကျင်းပခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး  (၄/၂၀၂၂)   တွင်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကား ပြောကြားရာတွင်   ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့်  စပ်လျဉ်း၍   “ယခုငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ထိရောက်သည့် အဖြေ တစ်ခုထွက်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ EAO များ၏ အလိုဆန္ဒများ၊ တိုင်းပြည်၏ အလိုဆန္ဒများဖြင့်  နှစ်ဖက်လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပြီး      အကျိုးရှိသည့်   ဆွေးနွေးပွဲဖြစ်‌အောင် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးချက်များနှင့်  ပတ်သက် ၍လည်း  ဖြစ်သင့်သည်၊  မဖြစ်သင့်သည်ကို ကောင်စီအစည်း အဝေး၌  ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ယခု ပြောကြားနေခြင်းသည်     ငြိမ်းချမ်းရေးနှင့်    ပတ်သက်၍    တိုင်ပင်နေခြင်းသာဖြစ်ပြီး ထပ်မံ၍လည်း သီးသန့်ဆွေးနွေး သွားမည်ဖြစ်ကြောင်း”   ဖြင့်  ထည့်သွင်းပြောကြားသွားခဲ့သည်။ 

 


အဆိုပါ ပြောကြားချက်များအရ ငြိမ်းချမ်းရေးဆွေးနွေး ပွဲများသည် ထိရောက်သည့် အဖြေတစ်ခုထွက်လာစေရန်၊ အကျိုးရှိသည့် ဆွေးနွေးပွဲများဖြစ်ရန် ရည်ရွယ်ထားသည်ကို တွေ့ရှိရမည်ဖြစ်ပြီး  ငြိမ်းချမ်းရေးဆွေးနွေးမှုများ  ပြုလုပ် ပြီးဖြစ်သည့်          တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များကိုယ်တိုင်လည်း သိရှိပြီးကြပြီဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့်      တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား  ငြိမ်းချမ်းရေး   ဆွေးနွေးပွဲ များသည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏  ဆန္ဒ ဖြစ်သော ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်မည့် ခြေလှမ်းများဖြစ်ပြီး အောင်မြင်ပြီးမြောက်သည်အထိ နှစ်ဖက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားကြမည်ဟု ယုံကြည်သည်။ ငြိမ်းချမ်းပြီးသည့်နောက်တွင် ဖွံ့ဖြိုးတိုးတက်ရေးကို အခြေ တကျ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာရန်၊ လူငယ်များ  ကျောင်းပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရေးတို့  မြှင့်တင်ပေးနိုင်ရန်  စသည်တို့ကို  စိတ်ချလက်ချအကောင် အထည်ဖော်နိုင်မည်ဖြစ်သည်။

 


ငြိမ်းချမ်းရေးသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ရှိ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒအမှန်ပင် ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ပြည်သူ လူထုတစ်ရပ်လုံးက   ထောက်ခံသည်။   ပြည်ထောင်စုကြီး တစ်ခုလုံး  အေးချမ်းသာယာရေး၊  ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာနှင့်အတူ ရင်ပေါင်တန်းနိုင်ရေးအတွက် ငြိမ်းချမ်း ရေးသည်   အဓိကပင်ဖြစ်ရာ    ငြိမ်းချမ်းရေးဆွေးနွေးပွဲ များမှတစ်ဆင့်   ပြည်သူလူထုတစ်ရပ်လုံး၏   ဆန္ဒအမှန်ကို ဖော်ဆောင်နိုင်ပါစေကြောင်း။             ။