ငါးလကြာရပ်ဆိုင်းပြီးနောက် အီရန်နျူကလီးယားဆွေးနွေးပွဲ ပြန်လည်စတင်

 

 

တီဟီရန်  နိုဝင်ဘာ  ၃၀
၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူညီမှုနှင့်   ပတ်သက် ပြီး  အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့ကြား    သွယ်ဝိုက် သော   ဆွေးနွေးပွဲကို   ငါးလကြာ ရပ်နားပြီးနောက် ပြန်လည်စတင် ကြောင်း သိရသည်။ 
နောက်ဆုံးအကျော့ ဆွေးနွေး ညှိနှိုင်းပွဲကို နိုဝင်ဘာ  ၂၉  ရက် က  ဗီယင်နာမြို့၌  ကျင်းပခဲ့ပြီး ဥရောပသမဂ္ဂမှ အရာရှိများသည် စေ့စပ်ညှိနှိုင်းသူများအဖြစ် ပါဝင် ခဲ့ကြသည်။ 
အီရန်သမ္မတအဖြစ်  အမေ ရိကန်များအပေါ် သဘောထား တင်းမာသူ  အီဘရာဟင်   ရိုင်စီ  ဩဂုတ်လအတွင်း   အာဏာရရှိ လာပြီးနောက်   ပထမဆုံးအကြိမ် အဖြစ်   ဆွေးနွေးပွဲစတင်ခဲ့ခြင်း ဖြစ်သည်။    အမေရိကန် ပြည်ထောင်စုက   ၂၀၁၅ အီရန် နျူကလီးယားသဘောတူညီမှုမှ တစ်ဖက်သတ်   နုတ်ထွက်ခဲ့ပြီး အီရန်နိုင်ငံအပေါ်  ပိတ်ဆို့မှုများလုပ်ကိုင်ခဲ့ပြီးနောက်  အီရန်က ပြန်လည်တုံ့ပြန်သည့်  အနေဖြင့် ယူရေနီယံ     သန့်စင်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။  
သွယ်ဝိုက်သော ဆွေးနွေးပွဲ ပြုလုပ်ခဲ့သော်လည်း   အီရန်နှင့် အမေရိကန်တို့ကြား မတူညီမှုများ ရှိနေဆဲဖြစ်သည်။  ၂၀၁၅   ခုနှစ် နျူကလီးယား     သဘောတူညီ မှု     ဆက်လက်ရှင်သန်စေရေး အတွက်       အမေရိကန်နှင့်   ကမ္ဘာ့အင်အားကြီး နိုင်ငံများသည် အဆိုပါ      သဘောတူညီမှုမှ     နောက်မဆုတ်ရန် သေချာရမည် ဟု   အီရန်  ဒုတိယနိုင်ငံခြားရေး ဝန်ကြီး    အလီဘက်ဂါရီကာနီ ကပြောသည်။ 
အီရန်အပေါ်      ပိတ်ဆို့မှု အသစ်များ ထပ်မံမလုပ်တော့ဟု လည်း   အာမခံရမည်ဟု  ၎င်းက ဆက်ပြောသည်။ အဆိုပါ  ကတိ များမှာ  အရေးအကြီးဆုံးအရာများ ဖြစ်သည်ဟု    ၎င်းကဆက်လက် ပြောကြားခဲ့သည်။ နိုဝင်ဘာ ၃၀ ရက်နှင့်   နောက်ပိုင်းရက်များ တွင်  အီးယူမှအရာရှိများ  အလုပ် သဘော        ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်မည်ဟု   သိရ သည်။             အင်န်အိတ်ချ်ကေ