ငပလီမြို့ ဂျိတ္တောရပ်ကွက်အတွင်းသို့ တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် သုံးဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ဟု လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေ

နေပြည်တော်   ဩဂုတ်   ၁
ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့  ဂျိတ္တောရပ်ကွက်ကို    ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်တွင်  တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှု ကြောင့် ကလေးငယ် သုံးဦး အပါ အဝင် ဒေသခံပြည်သူ ခြောက်ဦး သေဆုံးခဲ့ပြီး  တစ်ဦး ဒဏ်ရာရရှိခဲ့ သည်ဟု သတင်းတု၊ သတင်းအမှား များ  ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့် ပတ်သက် ၍ ငပလီမြို့နယ်မှ တာဝန်ရှိသူများ ထံ     မေးမြန်းစုံစမ်းမှုများအရ မှန်ကန်မှုမရှိကြောင်း        သိရှိရ ပြီး    အကြမ်းဖက်သမားများအား အားပေးအားမြှောက်       ပြုနေ သည့်     ပြည်ဖျက်မီဒီယာများက တပ်မတော်အပေါ်   ပြည်သူလူထု အထင်အမြင်       လွဲမှားစေရန်၊ ဒေသခံပြည်သူများ    ထိတ်လန့် ကြောက်ရွံ့စေရန်  ရည်ရွယ်ချက် များဖြင့်       လူမှုကွန်ရက်တွင် လုပ်ကြံရေးသားကာ   မဟုတ်မမှန် သတင်းများ   ရေးသားဖြန့်ဝေနေ ခြင်းသာဖြစ်ကြောင်း   သတင်း ရရှိသည်။                   သတင်းစဉ်