
ရန်ကုန် ဩဂုတ် ၁
ငရုတ်သီးဈေးကွက် ကောင်းလျက် ရှိပြီး လက်လီဈေးကွက်အတွင်း မိုးထောင် မျိုး 692 ငရုတ်သီးများ အရောင်းသွက်ပြီး တောင်သူများ စျေးကောင်းရ၍ အဆင်ပြေ နေကြောင်း မေးမြန်းထားသည့်အချက် အလက်များအရ သိရသည်။
စျေးကွက်အတွက် ပျမ်းမျှအားဖြင့် တွက်ချက်ကြည့်ပါက 692 ငရုတ်သီးများ အရောင်းသွက်နေခြင်းဖြစ်ပြီး လက်လီ ပိုမိုရောင်းချရသည့် အနေအထားဖြစ် ကြောင်းလည်း သိရသည်။
“တောင်သူလေးတွေလည်း စျေး ကောင်းရတော့ အဆင်ပြေကြတယ်။ ရောင်းစျေးလေးတွေကလည်း ကြားကျ တယ်၊ မဆိုးဘူး၊ အခုက 692 အစပ်ရဲတာ လေးတွေ အရောင်းသွက်နေတယ်။
လက်လီမှာလည်း အခုကို မှာယူမှုတွေ များနေတယ်။ သူဟာနဲ့သူများ တယ်။ လက်ကားမှာလည်း အော်ဒါများတယ်။ သူဟာသူမျှပေးနေရတာ။ ကိုယ့်ဆီက ဖောက်သည်လေးတွေလည်း မရမရှိဖြစ်အောင်ပေါ့ ” ဟု ငရုတ်သီးထွက်ရာ ဒေသတစ်ခုဖြစ်သော ဝမ်းတွင်းမြို့နယ်မှ တိုးငရုတ် နှင့် သီးနှံမျိုးစုံရောင်းဝယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဈေးနှုန်းပြောင်းလဲမှုရှိနိုင်
လာမည့်လများအတွင်း ငရုတ်ဈေးကွက်၌ ပြည်ပမှ ဝယ်လိုအား ပေါ်မူတည်ကာ ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းပြောင်းလဲမှုရှိနိုင်ကြောင်း၊ ယင်းအပြင် ယခုနှစ်ငရုတ်စိုက်ပျိုးမှုအတွင်း ရာသီဥတုအခြေအနေများ ကြောင့် အပင်ပျက်စီးမှုများရှိနေကြောင်း သိရသည်။
“ထိုင်းဘက်က ဝယ်ရင်တော့ ဈေးက အတက်ဘက်ကိုသွားမှာပေါ့၊ ထိုင်းလိုင်းကသာဝယ်လိုအားမရှိဘူးဆိုရင်တော့ ငရုတ်သီးက ပြည်တွင်း ဈေးကွက်ကိုသွားမှာဆိုရင်တော့ ဈေးကပုံမှန်လေးနဲ့ သွားလိမ့်မယ်။ ငရုတ်ဈေးအပြောင်းအလဲကတော့ လက်ရှိငရုတ်သီးထွက်နှုန်းနဲ့ ပြည်ပ ဝယ်အားပေါ်ကြည့်ပြီး အတက်အကျ မူတည်လိမ့်မယ်ထင်တယ်။ စိုက်တာ က စိုက်တယ်၊ ရာသီဥတုဖောက်တာရယ်၊ နေတအားပူတုန်းက ရာသီဥတုဒဏ်ကို မခံနိုင်လို့ အပင်သေတာများတယ်” ဟု ၎င်းက ပြောသည်။ Thit Taw