
စာရေးသူ စိန်ဝင်းအောင် (မန္တလေး)၏ “ငါတို့လိုချင်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် (ရှင်းတမ်း)” စာအုပ်သည် ယခင်ထုတ်ဝေခဲ့ပြီးသော ငါတို့လိုချင်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်စာအုပ်ကို ထပ်မံဖြည့်စွက် ချက်များဖြင့် ထုတ်ဝေလိုက်သော စာအုပ်သစ်ဖြစ်သည်။
“ငါတို့လိုချင်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် (ရှင်းတမ်း)” စာအုပ်တွင် ယခင်ထုတ်ဝေခဲ့သော “ငါတို့လိုချင်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်” စာအုပ်နှင့်ပတ်သက်၍ စာရေးသူ စိန်ဝင်းအောင်(မန္တလေး) နှင့်အတူ စာရေးဆရာများဖြစ်သော စစ်နွေ၊ မောင်မျိုးထွန်း (မြင်းခြံ)၊ သောင်းဝေဦး၊ ဗိုလ်မှူးကြီးစိုးဝင်း (ငြိမ်း)၊ မောင်ချစ်အေး၊ ဦးသိုက် ထွန်းထူး (ရေစကြို) တို့၏ သုံးသပ်ချက်များနှင့် ချစ်နိုင်(စိတ်ပညာ) ၏ အမှာစာကို ဖော်ပြထားသည့်အပြင် စိန်ဝင်းအောင်(မန္တလေး)၏ “ငါတို့လိုချင်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် (၁)၊ (၂)၊ (၃)၊ (၄)၊ ယနေ့ မြန်မာနိုင်ငံနှင့် ရွေးကောက်ပွဲများ၊ အမျိုးသားရေးစွမ်းအား (National Power)၊ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတော်ကာကွယ်ရေး စသည့် ဖြည့်စွက်ဆောင်းပါးအသစ်များ ပါဝင်သည်။
ငါတို့လိုချင်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်စာအုပ်ကို မြန်မာပြည်သူ များအပေါ် ထားရှိသော စေတနာအစစ်အမှန်ဖြင့် ရေးသားခဲ့ကြောင်း၊ သမိုင်းမှာဖြစ်ခဲ့သော ဖြစ်စဉ်များအပေါ် ကြိုက်ခြင်း၊ မကြိုက်ခြင်း ဆိုသည့် ဆန္ဒစွဲမပါဘဲ ရေးသားတင်ပြခဲ့ကြောင်း၊ သမိုင်းထဲမှ အမှားများ ကို ဖယ်ထုတ်ပြီး အမှန်ကို ပွားများရယူစေရန် ရည်သန်ခဲ့ကြောင်း၊ ယနေ့ကမ္ဘာတွင် ကမ္ဘာ့ပြည်သူများအပေါ် အနိုင်ယူမှုကို ဖယ်ရှားနိုင် သည့်အရာမှာ ပြည်သူ့ဆန္ဒဖော်ထုတ်နိုင်သော လွတ်လပ်ပြီး တရားမျှတ မှုရှိသည့် ရွေးကောက်ပွဲဖြစ်ကြောင်း၊ ပြည်သူကိုအုပ်ချုပ်စီမံမည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရာတွင် မြန်မာပြည်ကို ချစ်မြတ်နိုးသူများကို ရွေးရန်၊ အချုပ်အခြာအာဏာကို ကာကွယ်မည့်သူများကို ရွေးရန်၊ မြန်မာနယ်နိမိတ်ကို ထိန်းသိမ်းမည့် သူများကို ရွေးရန်၊ ပြည်သူလူထု၏ စီးပွားရေးဘဝကို မြှင့်တင်ပေးနိုင်မည့်သူများကို ရွေးရန်၊ လယ်သမား၊ အလုပ်သမားနှင့် ပြည်သူလူထုကို သနားကြင်နာတတ်ပြီး ဘဝမြှင့်တင် ပေးနိုင်မည့်သူများကိုရွေးရန် စသည့်စဉ်းစားစရာအချက်များကို တင်ပြ ခဲ့ကြောင်း၊ မိမိဆန္ဒမဲပေးလိုသူကို ရွေးချယ်ရပိုမိုလွယ်ကူစေရန် စဉ်းစားစရာ အရေးကြီးအချက်အလက်အချို့ကို ယခုထုတ်ဝေသည့် “ငါတို့လိုချင်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်(ရှင်းတမ်း)” စာအုပ်တွင် ဖြည့်စွက်ထားကြောင်း စာရေးသူ၏ အမှာစာတွင် ဖော်ပြထားသည်။
“ငါတို့လိုချင်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်(ရှင်းတမ်း)” စာအုပ် တွင် သုံးသပ်ချက်နှင့် ဆောင်းပါးပေါင်း ၁၉ ပုဒ်ကို မှတ်တမ်း ဓာတ်ပုံ များဖြင့် ဝေဝေဆာဆာ ဖော်ပြထားပြီး စာမျက်နှာ ၁၇၀ ခန့် ပါဝင် သည်။ ကျောက်တံတားမြို့နယ်ရှိ ဧရာဝဏ်စာအုပ်တိုက်က ၂၀၂၄ ဇူလိုင်လအတွင်း ထုတ်ဝေပြီး စာအုပ်တန်ဖိုးမှာ ကျပ် ၄၅၀၀ ဖြစ်သည်။
မြန်မာ့အလင်း