
ခတ္တမန္ဒူ အောက်တိုဘာ ၂၀
နီပေါနိုင်ငံ၌ လွန်ခဲ့သည့်သုံးရက်တာကာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများမှတစ်ဆင့် ဖြစ်ပေါ်ခဲ့ သည့် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် အနည်းဆုံး ၄၈ ဦးသေဆုံးပြီး ၃၁ ဦးပျောက်ဆုံး လျက်ရှိကြောင်း သိရသည်။
မမျှော်လင့်ဘဲ ဖြစ်ပေါ်လာသည့် မိုးရွာသွန်းမှု များကြောင့် နိုင်ငံတစ်ဝန်းရှိ မြစ်များနှင့် စမ်းချောင်း များ ရေလျှံမှုများဖြစ်ပေါ်ခဲ့ကာ မြေပြိုမှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ယနေ့မွန်းလွဲပိုင်း အချိန်အထိ သတင်းထုတ်ပြန်ချက်များအရ ၄၈ ဦး သေဆုံးပြီး ၃၁ ဦးပျောက်ဆုံးလျက်ရှိသည့်အပြင် အခြားသော ၂၃ ဦးသည်လည်း ဒဏ်ရာများရရှိခဲ့ ကြောင်း နီပေါနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာနီပိုခါရီက ဆင်ဟွာသတင်း ဌာနသို့ ပြောကြားသည်။
ထို့ပြင် မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့် သဘာဝ ဘေးများကြောင့် လယ်မြေဧက ရာပေါင်းများစွာတွင် ရိတ်သိမ်းရန်အသင့်ဖြစ်နေသည့် စပါးများ ပျက်စီး ခဲ့ရမှုနှင့်အတူ လူနေအိမ်အလုံး ၂၀ လုံးဝပျက်စီးသွား ကြောင်းနှင့် ခရိုင် ၇၇ ခုအနက် ခရိုင် ၂၀ သည် မိုးရွာသွန်းမှုနှင့် ဆက်စပ်သည့် သဘာဝဘေးဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရကြောင်း ၎င်းကပြောကြား သည်။
လက်ရှိတွင် မိမိတို့အနေဖြင့် ပျက်စီးဆုံးရှုံးမှုများကို တွက်ချက်နေဆဲဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အလင်းသစ်