နီပေါနိုင်ငံတွင် အသက် ၁၈ နှစ်အောက်များကို  ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပေးမှုစတင်

 

 

ခတ္တမန္ဒူ   နိုဝင်ဘာ   ၁၅
နီပေါနိုင်ငံတွင် အသက် ၁၈ နှစ်အောက်များအား  ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပေးမှုကို    နိုဝင်ဘာ ၁၄  ရက်တွင်   စတင် လိုက်ကြောင်း   ကျန်းမာရေးနှင့်    ပြည်သူ့အင်အားဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
အသက် ၁၂ နှစ်နှင့်အထက်များကို ဖိုက်ဇာကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံမှုကို နိုဝင်ဘာ ၁၄ ရက်တွင် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။  နီပေါနိုင်ငံသည်      ကိုဗက်အစီအစဉ်မှတစ်ဆင့်    ကာကွယ်ဆေး အလုံးရေ  ၁၀၀၆၄၀ ကို ပြီးခဲ့သည့် လအတွင်းက  လက်ခံရရှိခဲ့သည်။     ကာကွယ်ဆေးထိုးပေးသည့်    အစီအစဉ်ကို  နိုင်ငံတစ်လွှားဆေးရုံများတွင်    နိုဝင်ဘာ ၂၀ ရက် မတိုင်မီအထိ ပြုလုပ်သွားမည်ဟု  ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။ 
ဆင်ဟွာ