နိုင်ဂျီးရီးယားနိုင်ငံ၌ အထပ်မြင့်အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၄၂ ဦးအထိ ရှိလာ

 

လာဂို့စ်   နိုဝင်ဘာ  ၇


နိုင်ဂျီးရီးယားနိုင်ငံ   မြို့တော်လာဂို့စ်၌    ၂၁ ထပ် အမြင့်ရှိသော ဆောက်လက်စ အဆောက်အအုံပြိုကျ ခဲ့ရာ သေဆုံးသူ ၄၂ ဦးအထိ ရှိလာသည်ဟု သိရ သည်။ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအသင်းသားများ က အပျက်အစီးများအောက်၌  ရှာဖွေမှုများ ပြုလုပ် ပြီးနောက်  သေဆုံးသူအရေအတွက်    တိုးလာခြင်း ဖြစ်သည်ဟု နိုဝင်ဘာ ၆ ရက်တွင်   အရာရှိတစ်ဦးက သတင်းထုတ်ပြန်သည်။  
အီကိုရီဒေသ အဆောက်အအုံပြိုကျရာနေရာတွင် ကယ်တင်နိုင်ခဲ့သည့် အသက်ရှင်ကျန်ရစ်သူ ၁၅ ဦး အထိ ရှိသည်ဟုလည်း    လာဂို့စ်ပြည်နယ်   အုပ်ချုပ် ရေးမှူး ဘာဘာဂျက်ဒီဆန်ဝိုအော်လူက ပြောသည်။ အပျက်အစီးများအောက်တွင်   လူမည်မျှ  ပိတ်မိနေ သည်ကိုမူ  ပြောကြားခဲ့ခြင်းမရှိပေ။ 

 


သို့သော်လည်း နိုဝင်ဘာ  ၁   ရက်က အဆောက် အအုံ ပြိုကျမှုဖြစ်ပွားပြီးနောက်   လူပျောက်လာရောက် တိုင်တန်းထားသည့် မိသားစုဝင်ပေါင်း   ၄၉ ဦး ရှိ သည်ဟု  သိရသည်။  အသက်ရှင်ကျန်ရစ်သူများကို သေချာစွာ     မှတ်တမ်းတင်ထားမည်ဖြစ်ကြောင်း  ၎င်းက   ဆက်လက်ပြောကြားခဲ့သည်။   အချို့သော ရုပ်အလောင်းများမှာ အနေအထားပျက်ယွင်းသွားရာ မည်သူမည်ဝါမှန်း    မမှတ်မိတော့သည့်အတွက်  ဒီအင်န်အေ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။ 

 


ထိုစဉ် ရှာဖွေကယ်ဆယ်ရေး သမားများသည် ၎င်းတို့၏  လုပ်ငန်းများကို  ဆက်လက်လုပ်ဆောင် နေကြသည်။ အဆောက်အအုံ ပြိုကျမှုမှာ နိုင်ဂျီး ရီးယားနိုင်ငံ၌     မကြာခဏ  ဖြစ်ပွားလေ့ရှိပြီး အဆောက်အအုံ      စည်းမျဉ်းစည်းကမ်းများကို  သေချာစွာလိုက်နာမှု      အားနည်းသည့်အတွက် ယင်းသို့ ဖြစ်ပေါ်ရခြင်းဖြစ်သည်။            

ဆင်ဟွာ