နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌ နိုင်ငံ​တော်ဝန်ကြီးချုပ် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းဖွင့်ပွဲသို့ တက်ရောက်

နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌ နိုင်ငံ​တော်ဝန်ကြီးချုပ် ကိုယ်စား  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

 

နေပြည်တော်   ဇွန်  ၁၃


မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ် ရေးဗဟိုဌာနနှင့်        သင်တန်းကျောင်း (Myanmar    National    Center     for Disease Control and Medical Training Center)   ဖွင့်ပွဲအခမ်းအနားကို   ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဒဏ္ခိဏ သီရိမြို့နယ်ရှိ အဆိုပါဗဟိုဌာနနှင့် သင်တန်း ကျောင်း အဆောက်အဦ၌ကျင်းပရာ  နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ      ဥက္ကဋ္ဌ     နိုင်ငံ​တော်ဝန်ကြီးချုပ် ကိုယ်စား  နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ  အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊  ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ပါမောက္ခချုပ်များနှင့် ပါမောက္ခ များ၊    ဗဟိုအဆင့်    ဆေးရုံအုပ်ကြီးများ၊ ကျန်းမာရေးနယ်ပယ်အသီးသီးမှ ပညာ ရှင်များ၊    မြန်မာနိုင်ငံဆိုင်ရာ    တရုတ် ပြည်သူ့သမ္မတနိုင်ငံ        သံအမတ်ကြီး၊ China CDC မှ တာဝန်ရှိသူများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ   ကိုယ်စားလှယ်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။   
စာမျက်နှာ  ၃ ကော်လံ  ၁   v
v  ရှေ့ဖုံးမှ
ဦးစွာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ    အဖွဲ့ဝင်      ဒေါက်တာမှုထန်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ  ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး     ဒေါက်တာအေးထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ   သံအမတ်ကြီး     မစ္စတာချန်းဟိုင်၊ China CDC မှ Deputy Director General ဒေါက်တာလီချွင်နှင့်    ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန     ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်းတို့က  မြန်မာနိုင်ငံ  ရောဂါကာကွယ်ထိန်းချုပ်ရေး   ဗဟိုဌာန နှင့် သင်တန်းကျောင်းဖွင့်ပွဲ အခမ်းအနား ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ 
ထို့နောက် နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌ  နိုင်ငံ​တော်ဝန်ကြီးချုပ် ကိုယ်စား      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး    အောင်လင်းဒွေးက    မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန နှင့် သင်တန်းကျောင်း အဆောက်အဦကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ 
အမွှေးနံ့သာရည်ပက်ဖျန်း
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ  အတွင်းရေးမှူးနှင့်  အဖွဲ့သည်  မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့်  သင်တန်းကျောင်း  ကမ္ပည်း မော်ကွန်းကြေးပြားကို အမွှေးနံ့သာရည် ဖြင့်   ပက်ဖျန်းပေးကြပြီး   အခမ်းအနား သို့  တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်        ဓာတ်ပုံရိုက် ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ  အတွင်းရေးမှူးနှင့်   အဖွဲ့ သည်     မြန်မာနိုင်ငံ      ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနနှင့်        သင်တန်း ကျောင်းရှိ CDC ပြခန်းငယ်၊ မြေညီထပ် ရုံးခန်းများ၊      အစည်းအဝေးခန်းများ၊  ပြည်သူ့ကျန်းမာရေး     အရေးပေါ်အခြေ အနေ   ကွပ်ကဲရေးဗဟိုဌာန၊   ဇီဝလုံခြုံမှု အဆင့် ဓာတ်ခွဲခန်းများ၊ နည်းပညာသုံး ကူးစက်ရောဂါ    စောင့်ကြပ်ကြည့်ရှုရေး စနစ်ဆောင်ရွက်သည့် အခန်းနှင့်သင်တန်း သား     အိပ်ဆောင်များကို     လှည့်လည် ကြည့်ရှုကြသည်။
အကောင်အထည်ဖော်
ထို့နောက်      ဖွင့်ပွဲအခမ်းအနားကို  အဆိုပါ အဆောက်အဦအတွင်းရှိ Theatre ခန်းမ၌ ဆက်လက်ကျင်းပရာ  နိုင်ငံ​တော် စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌ နိုင်ငံ​တော် ဝန်ကြီးချုပ်    ကိုယ်စား    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  အတွင်းရေးမှူးက အဖွင့်အမှာစကား       ပြောကြားရာတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေ ဖြင့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက်         ပြည်သူအားလုံး အကျုံးဝင်မည့်     ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ     မြှင့်တင်ဆောင်ရွက် ရေး”    ကို      လူမှုရေးဦးတည်ချက်တွင် ထည့်သွင်းချမှတ်ပြီး အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီး ဌာနက ဆောင်ရွက်လျက်ရှိသော အခြေခံ ကျပြီး အရေးပါသည့် ပြည်သူ့ကျန်းမာရေး  စောင့်ရှောက်မှုလုပ်ငန်းများကို       နိုင်ငံ တကာအဆင့်မီ အရည်အသွေးပြည့်မီစွာ ဖြင့်  စွမ်းရည်ပြည့်ဝသော  ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်နိုင်ရန် အရေး ကြီးကြောင်း။
ကမ္ဘာ့နိုင်ငံများတွင်    သဘာဝဘေး  အန္တရာယ်များ၊ ကပ်အသွင်ဖြစ်ပွားသည့် ကူးစက်ရောဂါများကြောင့်      ပြည်သူ့ ကျန်းမာရေး  အရေးပေါ်အခြေအနေများ ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသကဲ့သို့ မြန်မာ နိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ  စတင်ခဲ့သည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ  ဖြစ်ပွားမှု၊     ၂၀၂၃    ခုနှစ်     မေလတွင် တိုက်ခတ်ခဲ့သည့်     ဆိုင်ကလုန်းမုန်တိုင်း မိုခါကဲ့သို့    သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရကြောင်း၊ ထိုသို့ ကြုံတွေ့ရာ တွင် ကြိုတင်ပြင်ဆင်ခြင်းနှင့် အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ခြင်းများကို  နိုင်ငံတော်အစိုးရ၏ ဦးဆောင်စီမံခန့်ခွဲမှု၊ ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုတို့ဖြင့်      ဟန်ချက်ညီညီ အောင်မြင်စွာ စီမံထိန်းချုပ် ဆောင်ရွက် နိုင်ခဲ့ကြောင်း။
ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြု
ရာသီဥတု     ပြောင်းလဲမှုဖြစ်စဉ်များ၊  လူများရွှေ့ပြောင်းသွားလာနေထိုင်မှုနှင့် ပြောင်းလဲလာသည့်      လူနေမှုဘဝပုံစံ ကြောင့် ကမ္ဘာတစ်ဝန်းတွင် တိရစ္ဆာန်များ မှတစ်ဆင့် စတင်ကူးစက် ဖြစ်ပွားသည့် ကူးစက်ရောဂါများ   အပါအဝင်    ကူးစက်  ရောဂါအသစ်များ   ဖြစ်ပွားခြင်း၊    ယခင် ကတည်းက ရှိနေသည့် ကူးစက်ရောဂါများ ပြန်လည်ခေါင်းထောင်ပြီး      ဖြစ်ပွားခြင်း များလည်း ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ယင်းကဲ့သို့    ပြဿနာများကို      ရင်ဆိုင် ကျော်လွှားနိုင်ရန်              ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်     ဖြစ်ကြောင်း၊ ကျန်းမာရေး   ပြဿနာများကို   ကြိုတင် ကာကွယ်ရေး၊     တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာ ရေးဝန်ထမ်းများအနေဖြင့်    စွမ်းဆောင် ရည်    မြင့်မားရန်နှင့်    ဆန်းသစ်သည့် နည်းပညာများကို   ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရန် လိုအပ်ကြောင်း။
ပြည်သူ့ကျန်းမာရေး     လုံခြုံမှုနှင့် ပြည်သူ့ကျန်းမာရေး   အရေးပေါ်အခြေ အနေများကို   ပိုမိုထိရောက်စွာ  စီမံခန့်ခွဲ ကိုင်တွယ်ဖြေရှင်းနိုင်ရန်     ကမ္ဘာ့နိုင်ငံများ အနေဖြင့် အားကောင်းခိုင်မာပြီး အရည် အသွေးပြည့်ဝသည့်   ကျန်းမာရေး   အဖွဲ့ အစည်းများရှိရန်     အရေးကြီးသည်ကို သတိပြုမိခဲ့ကြကြောင်း၊      ထို့ကြောင့် ကျန်းမာရေးအဖွဲ့အစည်းများကို        ပိုမို ထိရောက်စွာ    ပံ့ပိုးကူညီနိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံများတွင် Centers for Disease Control  and  Prevention-CDC  ဟု ခေါ်သည့်ရောဂါထိန်းချုပ်ရေးဗဟိုဌာနများ   ဖွင့်လှစ်တည်ထောင်ကြပြီး ရောဂါနှိမ်နင်း ရေးလုပ်ငန်းများကို ထိထိရောက်ရောက်  ဆောင်ရွက်လာကြကြောင်း၊      မိမိတို့ မြန်မာနိုင်ငံတွင်     နိုင်ငံတကာအဆင့်မီ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ သုတေ သနပြုလုပ်ရေးနှင့် ကျန်းမာရေးလူ့စွမ်းအား  အရင်းအမြစ်များ ဖွံ့ဖြိုးရေးဗဟိုဌာနတစ်ခု  ထူထောင်နိုင်ရန်အတွက် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံ ချစ်ကြည်ရေး  သင်္ကေတအဖြစ်  တရုတ် ပြည်သူ့သမ္မတနိုင်ငံအစိုးရက       ကူညီ တည်ဆောက်      ထူထောင်ပေးခြင်းဖြစ် ကြောင်း၊   မြန်မာနိုင်ငံ   ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း စီမံကိန်းကို တရုတ်ယွမ်ငွေ သန်း ၃၃၀  ခန့်ဖြင့်   ပြည်ထောင်စုနယ်မြေ   နေပြည် တော် ဒဏ္ခိဏသီရိမြို့နယ်တွင် ယခုကဲ့သို့ အကောင်အထည်ဖော်   တည်ဆောက်ခဲ့ ခြင်းဖြစ်ကြောင်း၊ Myanmar CDC Center ထူထောင်နိုင်ခြင်းဖြင့်     မြန်မာနိုင်ငံ၏ ကျန်းမာရေး    အဆင့်အတန်းကို     နိုင်ငံ တကာနှင့်   ရင်ပေါင်တန်းပြီး    တိုးတက် အောင်    ဆောင်ရွက်သွားနိုင်တော့မည် ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး ပြဋ္ဌာန်းချက်နှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာ ရေးလုံခြုံမှုဆိုင်ရာ အစီအမံများကိုလည်း  ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း။
ပိုမိုထိရောက်စွာဆောင်ရွက်လာနိုင်
ယခုဌာနကြီးကို   ဗဟိုပြု၍   မြန်မာ နိုင်ငံတစ်ဝန်းလုံးတွင်        ဖြစ်ပွားလာနိုင် သည့်    သဘာဝဘေးအန္တရာယ်အမျိုးမျိုး နှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေ အနေများကို ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ထိန်းချုပ်နိုင်ခြင်း၊      ကျန်းမာရေး ဆိုင်ရာ        သုတေသနလုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်း၊ ကူးစက်ရောဂါများ အတွက် မရှိမဖြစ် လိုအပ်သည့် ဓာတ်ခွဲ ခန်း ဝန်ဆောင်မှုများကို ပိုမိုဆောင်ရွက် လာနိုင်ခြင်း၊ ပြည်သူ့ကျန်းမာရေး အရေး ပေါ် ကိစ္စရပ်များနှင့် ဦးစားပေး ပြည်သူ့ ကျန်းမာရေးပြဿနာများကို    ဖြေရှင်း ရာတွင်   ပံ့ပိုးပေးနိုင်ခြင်း    စသည်တို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်း၊ ကူးစက်ရောဂါများ ဖြစ်ပွား လာပါကလည်း ရောဂါပိုးမွှားများ၏ မျိုးရိုး ဗီဇနှင့်  သဘောသဘာဝများကို  မိမိတို့  နိုင်ငံအတွင်း၌ ဓာတ်ခွဲစမ်းသပ်ဖော်ထုတ် နိုင်မည်ဖြစ်၍    ယင်းကူးစက်ရောဂါကို အချိန်တိုအတွင်း ထိရောက်စွာ ကာကွယ် ထိန်းချုပ်       တုံ့ပြန်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း။
ဘက်စုံ ကဏ္ဍစုံမှ ဆောင်ရွက်ပေး
သဘာဝဘေးအန္တရာယ်      တစ်ခုခု  ကျရောက်ခဲ့ပါက ယခုဌာနကို အခြေပြု၍  ဗဟိုအဆင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးဌာန တစ်ခုအဖြစ် ဌာနအတွင်း တပ်ဆင်ထား သည့်    ကွန်ပျူတာသုံး    ပထဝီသတင်း အချက်အလက်စနစ်   (GIS)၊   ကမ္ဘာလုံး ဆိုင်ရာ တည်နေရာပြစနစ် (GPS)စနစ် များကို အသုံးပြုပြီး ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထို့ပြင် အစားအစာ လုံခြုံမှု ဆိုင်ရာ၊ အာဟာရဆိုင်ရာ၊ လုပ်ငန်းခွင်နှင့်  ပတ်ဝန်းကျင်       ကျန်းမာရေးဆိုင်ရာ  သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို  ဆောင်ရွက်သွားမည်ဖြစ်ပြီး     အဆိုပါ လုပ်ငန်းများနှင့်ဆက်စပ်သည့် အဆင့်မြင့်  ဓာတ်ခွဲခန်းများကိုလည်း       ထည့်သွင်း ဆောင်ရွက်သွားမည်ဟု သိရှိရကြောင်း၊ ထို့ကြောင့်  ယနေ့ဖွင့်လှစ်သည့်  မြန်မာ နိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟို ဌာနနှင့်          သင်တန်းကျောင်းသည် ကပ်ရောဂါများကို ကာကွယ်ထိန်းချုပ်နိုင် သည့်၊  သဘာဝဘေးအန္တရာယ်များကို ထိရောက်စွာ ညှိနှိုင်းကွပ်ကဲ တုံ့ပြန်ဆောင် ရွက်နိုင်မည့်၊ သုတေသနလုပ်ငန်းများကို လည်း   လုပ်ဆောင်နိုင်မည့်၊  တစ်နေရာ တည်းတွင်       တစ်စုတစ်စည်းတည်းဖြင့် ဘက်စုံ  ကဏ္ဍစုံမှ ဆောင်ရွက်ပေးနိုင်မည့် ဗဟိုဌာနကြီးဖြစ်သည့်အတွက်      မိမိတို့ နိုင်ငံအတွက် များစွာအကျိုးရှိ အသုံးဝင် မည်ဖြစ်ကြောင်း။
ထူးခြားချက်အနေဖြင့် ယနေ့ဖွင့်လှစ် လိုက်သည့်    Myanmar   CDC    သည် ရောဂါထိန်းချုပ်ရေး       ဗဟိုဌာနအပြင် ပြည်သူ့ကျန်းမာရေးသင်တန်း အဆောက် အဦပါ     ပူးတွဲတည်ဆောက်ထားသည့် အတွက်   အရည်အသွေး   ပြည့်မီသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သင်တန်းများ  ပို့ချပေးနိုင်မည်ဖြစ်သည့်အတွက် အရည် အသွေး    မြင့်မားသည့်       မျိုးဆက်သစ် ကျန်းမာရေး    လူ့စွမ်းအားအရင်းအမြစ် များကို     မွေးထုတ်ပေးလာနိုင်မည်ဖြစ် ကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံရောဂါ ကာကွယ်ထိန်းချုပ်ရေး      ဗဟိုဌာနနှင့်  သင်တန်းကျောင်းကို တည်ထောင်ဖွင့်လှစ် နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည်    တရုတ်ပြည်သူ့ သမ္မတနိုင်ငံ    ကျန်းစုပြည်နယ်   ရောဂါ ကာကွယ်ထိန်းချုပ်ရေး        ဗဟိုဌာနကို သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး လိုအပ် ချက်များကို မိမိတို့နိုင်ငံ၏ အခြေအနေနှင့်  ကိုက်ညီပြည့်စုံအောင် ဖွဲ့စည်းဆောင်ရွက် ထားသည်ကိုလည်း သိရှိရကြောင်း၊ ယခု ဖွင့်လှစ်သည့် ရောဂါကာကွယ်ထိန်းချုပ်ရေး  ဗဟိုဌာနတွင်        နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများအနေဖြင့်       ဇီဝလုံခြုံမှု အဆင့်မြင့်မားပြီး ကူးစက်ပြန့်ပွားလွယ် သည့်  ရောဂါပိုးများကို  ဓာတ်ခွဲစမ်းသပ် လေ့လာသည့်  ဇီဝလုံခြုံမှု  အဆင့် (၃) ရှိ သည့်    တုပ်ကွေးရောဂါ    ဓာတ်ခွဲခန်း၊ ဇီဝလုံခြုံမှု အဆင့်(၂) ရှိသည့် ဗိုင်းရပ်စ်ပိုး ဓာတ်ခွဲခန်း၊      ဗက်တီးရီးယားပိုးမွှား ဓာတ်ခွဲခန်း၊ ဇီဝလုံခြုံမှုအဆင့် (၁)ရှိသည့် အစားအစာ အဏုဇီဝဓာတ်ခွဲခန်း၊ ရောဂါ ပိုးမွှားကင်းစင်သည့် ဓာတ်ခွဲခန်း စသည့် ဓာတ်ခွဲခန်းများစွာ ပါဝင်ပြီး ယင်းဓာတ်ခွဲ ခန်းများက ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ထိရောက်စွာ အထောက် အကူပြု          ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း။
လေ့လာသိရှိနိုင်မည်
ဓာတ်ခွဲခန်းများတွင်          တာဝန် ထမ်းဆောင်ကြမည့် ကျွမ်းကျင်ပညာရှင်  ၃၅ ဦးကိုလည်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကျန်းစုပြည်နယ် ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနသို့     စေလွှတ်ပြီး ခြောက်လကြာ    စာတွေ့၊    လက်တွေ့ လေ့ကျင့်သင်ကြားစေခဲ့ပြီးဖြစ်ကြောင်း၊ ယခု  ဖွင့်လှစ်ပြီးသည့်နောက်တွင်လည်း တရုတ်ပညာရှင်များနှင့်အတူ  လက်တွဲပြီး လက်တွေ့စမ်းသပ်      ဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်သည်ဟု သိရှိရကြောင်း၊ ဓာတ်ခွဲခန်းများ၏ စွန့်ပစ်ပစ္စည်းများက တစ်ဆင့် ပတ်ဝန်းကျင်ကို ဘေးအန္တရာယ် မရှိစေရန် ရေဆိုးသန့်စင်စနစ်၊ မီးရှို့စနစ် များ    ပါရှိပြီးဖြစ်သည့်အတွက်     နောက် ဆက်တွဲ အန္တရာယ်ကာကွယ်မှုများ ပါဝင် သည်ဟု သိရှိရကြောင်း၊ ရောဂါနှိမ်နင်းရေး အဆောက်အဦ၏ အုပ်ချုပ်မှုဆောင်တွင် လည်း ပြည်သူ့ကျန်းမာရေး အရေးပေါ် ကွပ်ကဲမှုစင်တာနှင့် အစည်းအဝေးခန်းမ များ၊  GIS/GPS  စနစ်ကို  အခြေခံအသုံး ပြုထားသည့် ရောဂါစောင့်ကြပ်ကြည့်ရှု သည့် စနစ်များပါရှိပါကြောင်း၊ ယခုဗဟို ဌာနကြီးတွင် မြန်မာနိုင်ငံ၏ ကျန်းမာရေး ကဏ္ဍနှင့်ဆိုင်သည့် အောင်မြင်မှုမှတ်တမ်း များ၊    ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ    အသိ  အမှတ်ပြုထားသည့် ကူးစက်ရောဂါများ ကင်းစင်ပပျောက်မှု သမိုင်းမှတ်တိုင်များ၊ နိုင်ငံတကာမှ    ချီးမြှင့်ခဲ့သည့်      ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ဂုဏ်ပြုမှတ်တမ်းများ၊ ဆုတံဆိပ်များ၊    ကိုဗစ်-၁၉      ကမ္ဘာ့ ကပ်ရောဂါနှင့် ပတ်သက်၍ အောင်မြင်စွာ ထိန်းချုပ်             ဆောင်ရွက်နိုင်ခဲ့သည့် အောင်မြင်မှုများ၊ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများတွင် ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှု     မှတ်တမ်း များ၊   တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း အောင်မြင်စွာ    ဆောင်ရွက်နိုင်မှုများ၊ ကျန်းမာရေးနှင့် သက်ဆိုင်သည့် ဥပဒေ ဆိုင်ရာ မှတ်တမ်းများ စသည့်သမိုင်းဝင်  အထောက်အထားများကို ခင်းကျင်းပြသ ထားမည့်   ပြခန်းတစ်ခုလည်း   ဖွင့်လှစ် ထားရှိမည်ဖြစ်သည့်အတွက် ကျန်းမာရေး ဝန်ထမ်းများ၊ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် အရေးပါသည့် သမိုင်းအထောက်အထားများကို လေ့လာ သိရှိနိုင်မည်ဖြစ်ကြောင်း။
အထောက်အကူရရှိနိုင်မည်
ကျန်းမာရေး သင်တန်းကျောင်းတွင် လည်း   ပရိဘောဂပစ္စည်း    အပြည့်အစုံ နှင့် သင်တန်းသား၊ သင်တန်းသူ ၂၀၀  တည်းခိုနေထိုင်နိုင်သည့် တည်းခိုဆောင် များ၊ သင်တန်းသား ၂၀၀ ဆံ့ သင်တန်း ခန်းမ  တစ်ခု၊  သင်တန်းသား ၁၀၀ ဆံ့ သင်တန်းခန်းမ  တစ်ခု၊   သင်တန်းသား ၅၀  ဆံ့  သင်တန်းခန်းမ လေးခုတို့နှင့် စားသောက်ခန်းမများ      စုံလင်စွာ     ပါရှိ သည်ဟု သိရှိရကြောင်း၊ ယခုကဲ့သို့ မြန်မာ နိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟို ဌာနနှင့် သင်တန်းကျောင်းကို တည်ထောင် ဖွင့်လှစ်နိုင်ခြင်းအားဖြင့်      မိမိတို့နိုင်ငံ အတွင်းတွင်    ရောဂါထိန်းချုပ်ရေးနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင်    ပိုမိုအားကောင်းလာမည် ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်း ချက်များဖြစ်သည့် လူတိုင်းသက်တမ်းစေ့  အသက်ရှည်စွာ         နေထိုင်နိုင်ရေးနှင့် လူတိုင်းရောဂါဘယ      ကင်းရှင်းရေးတို့ အတွက် ကြီးမားသည့် အထောက်အကူ ရရှိနိုင်မည်ဖြစ်ကြောင်း၊      မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေး   ဗဟိုဌာန နှင့် သင်တန်းကျောင်း ပေါ်ပေါက်လာရန်  ထောက်ပံ့ကူညီပေးခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရနှင့်      ပြည်သူများ၊ တည်ဆောက်ရေးစီမံကိန်းကို    အဓိက တာဝန်ယူ   ဆောင်ရွက်ခဲ့သည့်   China Communications           Construction Company-Third Harbor Engineering Co.,Ltd  မှ တာဝန်ရှိသူများနှင့် ပညာရှင် များ၊   ပညာရပ်ပိုင်းနှင့်   နည်းပညာပိုင်း  ဆိုင်ရာ ပံ့ပိုးကူညီခဲ့သည့် ကျန်းစု CDC မှ  ပညာရှင်များနှင့်     အားသွန်ခွန်စိုက် ကြိုးပမ်း      ဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များ   အားလုံးကို    နိုင်ငံတော်အစိုးရနှင့် ပြည်သူများ အားလုံးကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက်     မြန်မာနိုင်ငံဆိုင်ရာ  တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က Myanmar CDC and Medical Training Center နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး  မြန်မာနိုင်ငံ  ရောဂါ ကာကွယ်ထိန်းချုပ်ရေး    ဗဟိုဌာနနှင့်  သင်တန်းကျောင်း     မှတ်တမ်းဗီဒီယိုကို ပြသသည်။ 
ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ    သံအမတ်ကြီးက မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်းအဆောက် အဦဆိုင်ရာ      စာရွက်စာတမ်းများကို           ကျန်းမာရေးဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီးထံ     လွှဲပြောင်း     ပေးအပ်ရာ        ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်း လွှာ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍   ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   အတွင်းရေးမှူး၊   မြန်မာနိုင်ငံ ဆိုင်ရာ       တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ  ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် တို့ကို ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင် များ ပေးအပ်ကြသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကျန်းမာရေး     စောင့်ရှောက်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင် ရွက်လျက်ရှိရာ ၁၈၈၆ ခုနှစ်တွင် မြန်မာ နိုင်ငံ၌   ကုသရေး၊   ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး၊ ကာကွယ်ဆေးထိုး ခြင်းနှင့်    ပတ်ဝန်းကျင်    သန့်ရှင်းရေး လုပ်ငန်းများ ပါဝင်သော ကျန်းမာရေးဌာနကို စတင် တည်ထောင်ခဲ့ပြီး  ပြည်သူ့ကျန်းမာရေး      စောင့်ရှောက်မှုလုပ်ငန်းများကို   တစ်စ ထက်တစ်စ      တိုးမြှင့်ဆောင်ရွက်နိုင်မှု ကြောင့် မြန်မာနိုင်ငံတွင် ၁၉၇၇   ခုနှစ် တွင် ကျောက်ကြီးရောဂါ (Smallpox)   အမြစ်ပြတ်   ပပျောက်ကြောင်း၊  ၂၀၀၃  ခုနှစ်တွင်    အနာကြီးရောဂါ    ကင်းစင် ပပျောက်ကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် မိခင်နှင့် မွေးကင်းစကလေး မေးခိုင်ရောဂါ ကင်းစင်ပပျောက်ကြောင်း၊ ၂၀၁၄ ခုနှစ်၊ မတ်လ   ၁၄   ရက်တွင်    ပိုလီယိုရောဂါ ကင်းစင်ကြောင်း၊  ၂၀၂၀   ပြည့်နှစ်တွင် မျက်ခမ်းစပ်ရောဂါသည်      ပြည်သူ့ ကျန်းမာရေးပြဿနာအဖြစ်မှ ကင်းဝေး ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြုလွှာများ၊ တံဆိပ်များဖြင့် အသိအမှတ်ပြုခြင်း     ခံခဲ့ရသည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှု       ကဏ္ဍ အသီးသီးတွင်လည်း    နိုင်ငံတကာတွင် ဆောင်ရွက်နေမှုများကို       အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ခဲ့သည်။
ထို့ပြင်  ၂၀၂၀ ပြည့်နှစ်မှစ၍ ကဏ္ဍ အသီးသီးတွင်     ကူးစက်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့်ပတ်သက် ၍ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊        ကုသရေးဗဟို ကော်မတီ၏    လမ်းညွှန်မှု၊   ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်         အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုတို့ဖြင့်  အောင်မြင်စွာ ထိန်းချုပ်ဆောင်ရွက်နိုင် ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ ရောဂါ ကာကွယ်ထိန်းချုပ်ရေး    ဗဟိုဌာနနှင့် သင်တန်းကျောင်း မြန်မာ CDC အဆောက် အဦကို  မြန်မာနိုင်ငံနှင့်  တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ ချစ်ကြည်ရေးသင်္ကေတ အဖြစ် စတင်တည်ဆောက်ခဲ့ရာ ၂၀၂၄ ခုနှစ်  မေလတွင်  တည်ဆောက်ပြီးစီးပြီ ဖြစ်၍  ဇွန် ၁၃ ရက်တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။
မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ် ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းတွင်  ကူးစက်လွယ်သော ရောဂါများဖြစ်သည့် လေနှင့်        အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်တတ်သောရောဂါများ စစ်ဆေးနိုင်သည့်     နိုင်ငံတကာအဆင့်မီ ဇီဝလုံခြုံမှု အဆင့်(၃) ဓာတ်ခွဲခန်း၊ အသင့် အတင့် ကူးစက်နိုင်ခြေရှိသည့် ဗိုင်းရပ်စ် နှင့် ဗက်တီးရီးယားများကို စစ်ဆေးနိုင် သော ဇီဝလုံခြုံမှုအဆင့် (၂) ဓာတ်ခွဲခန်း များ၊    ဓာတ်ခွဲခန်းမှတစ်ဆင့်   ကူးစက် နိုင်ခြေနည်းပါးသည့် အစားအသောက်များ တွင် ကူးစက်ရောဂါပိုး ပါဝင်မှု၊ မျိုးမပွား နိုင်သည့် ဗိုင်းရပ်စ်အပိုင်းများ၊ ကပ်ပါး ပိုးများ စစ်ဆေးနိုင်သည့် ဇီဝလုံခြုံမှုအဆင့် (၁)  ဓာတ်ခွဲခန်းများနှင့်  လူကို  အဆိပ် သင့်နိုင်သည့် ပတ်ဝန်းကျင်ရှိဓာတ်ပစ္စည်း များကို   စစ်ဆေးနိုင်သည့်  ဓာတ်ခွဲခန်း၊ ဓာတုအဆိပ်များကို     စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်း၊  သွေး၊  သွေးရည်ကြည်နှင့် မော်လီကျူးစစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်း၊ electron microscopy ၊ gas နှင့် liquid များကို စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်းများ ပါရှိသည်။
မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ် ရေးဗဟိုဌာနနှင့် သင်တန်းကျောင်းသည် မြန်မာနိုင်ငံနှင့်    တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၏   နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆွေမျိုးပေါက်ဖော်   ရင်းနှီးမှု၏   သမိုင်း မှတ်တမ်းအဖြစ်သာမက   မြန်မာ   CDC တွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကဲ့သို့ ပြည်သူ့ကျန်းမာရေး   အရေးပေါ်အခြေ အနေများ၊     အသစ်ဖြစ်ပေါ်လာသည့် ကူးစက်ရောဂါများ၊     အဓိကကျသည့် ကူးစက်ရောဂါများဖြစ်သော HIV/AIDS ရောဂါ၊  တီဘီရောဂါ၊   ငှက်ဖျားရောဂါ စသည့်   ကူးစက်ရောဂါများ    ကာကွယ် ထိန်းချုပ်ရန်၊ မကူးစက်တတ်သောရောဂါ များ ကာကွယ်ထိန်းချုပ်ရန်၊ သဘာဝဘေး နှင့်    ပြည်သူ့ကျန်းမာရေး    အရေးပေါ် အခြေအနေများအတွက်     ကျန်းမာရေး ကဏ္ဍ   ကြိုတင်ပြင်ဆင်ခြင်းနှင့်    တုံ့ပြန် ဆောင်ရွက်ခြင်း၊     အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးကိစ္စရပ်များ    ဆက်သွယ် ဆောင်ရွက်ခြင်း၊ တိုးချဲ့ကာကွယ်ဆေးထိုး ခြင်းနှင့်    သုတေသနပြုခြင်းလုပ်ငန်း များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။                         သတင်းစဉ်