နိုင်ငံအတွက် အဘက်ဘက်မှ အန္တရာယ် မူးယစ်ရန်စွယ် နှိမ်နင်းတိုက်ဖျက်

 

ကမ္ဘာတစ်ဝန်းလုံးရှိ လူသားမျိုးနွယ်တစ်ရပ်လုံးကို ခြိမ်းခြောက် နေသည့် မူးယစ်ဆေးဝါးပြဿနာသည် မိမိတို့နိုင်ငံတွင်လည်း လူငယ်ထုအတွင်း  ကျန်းမာရေး၊  လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အန္တရာယ်များကို ကျရောက်စေနိုင်သည့်အပြင် နိုင်ငံ၏လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေစိုးမိုးရေးတို့ကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ကုလ သမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုတိုက်ဖျက်ရေးရုံး၏ အစီရင် ခံစာတစ်ရပ်ကို ကိုးကား၍ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ် လုပ်မှုတိုးလာကြောင်း ပြည်ပသတင်းဌာနအချို့က သတင်းများ ဖော်ပြခဲ့ကြသည်။
ပြည်တွင်းမငြိမ်မသက်မှုများ၊   လက်နက်ကိုင်တိုက်ခိုက်မှု များဖြစ်ပွားမှု  အရှိန်မြင့်လာသည့်ကာလအတွင်း ဝေးလံခေါင်သီ သည့် ဒေသများတွင် ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာကြောင်းနှင့် ဘိန်းသည် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဝင်ငွေရ လမ်းကြောင်းဖြစ်ကြောင်းကိုလည်း သတင်းများတွင် မဖြစ်မနေ ဖော်ပြလာကြရသည်။ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနေရာသည် ရှမ်းပြည်နယ်ဖြစ်ပြီး ယမန်နှစ်က ဘိန်း မက်ထရစ်တန် ၁၀၈၀ ထုတ်လုပ်ခဲ့ပြီး  ဘိန်းစီးပွားရေးပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံအထိ ရှိခဲ့ကြောင်း UNODC က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ၏       နောက်ထပ်     မူးယစ်ဆေးဝါးပြဿနာမှာ စိတ်ကြွရူးသွပ်ဆေးပြားပြဿနာဖြစ်ပြီး လွန်ခဲ့သည့် ၁၀ နှစ်ခန့်မှ စတင်ကြီးထွားလာကာ     ကမ္ဘာပေါ်တွင်    စိတ်ကြွရူးသွပ်ဆေး ထုတ်လုပ်သည့် အဓိကနိုင်ငံများထဲတွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို    မြန်မာနိုင်ငံတွင်   ထုတ်လုပ်နိုင်ခြင်းမရှိ သော်လည်း အကြမ်းဖက်သောင်းကျန်းသူများက  အခြားနိုင်ငံများ မှ   နည်းလမ်းမျိုးစုံဖြင့်   မြန်မာနိုင်ငံဘက်သို့   သယ်ဆောင်ကာ မူးယစ်ဆေးဝါးထုတ်လုပ်ကြပြီး  ပြည်တွင်းပြည်ပသို့ လမ်းကြောင်း အမျိုးမျိုးဖြင့်    သယ်ဆောင်ရောင်းဝယ်နေကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအဖြစ်   အမည်ခံထားသော အဖွဲ့အစည်းအချို့၏ မူးယစ်ဆေးဝါးမှောင်ခို ထုတ်လုပ်ရောင်းဝယ်မှုများနှင့်ပတ်သက်၍   ကုလသမဂ္ဂအဖွဲ့ အစည်းဖြစ်သည့် UNODC အပြင်  မြန်မာ့အိမ်နီးချင်းနိုင်ငံများမှ    မူးယစ်ဆေးဝါးနှိမ်နင်းတိုက်ဖျက်ရေး  အဖွဲ့အစည်းများ၊ အမေရိကန်နိုင်ငံမှ အက်ဖ်ဒီအေ စသည့်အဖွဲ့အစည်းတို့က ကောင်းစွာ သိရှိထားကြသည်။
AA ကဲ့သို့သော လက်နက်ကိုင်အဖွဲ့အစည်း၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုကို   ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း  ကိုဖီအန်နန်     ဦးဆောင်သည့်    ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က  ၂၀၁၇ ခုနှစ်အတွင်း  ပြုစုဖြန့်ဝေခဲ့သည့် အပြီးသတ်အစီရင်ခံစာတွင် ဖော်ပြခဲ့ရာ AA သည် မူးယစ်ဆေးဝါး လုပ်ငန်းနှင့်ယှဉ်တွဲပေါ်ပေါက်လာခဲ့သည့် လက်နက်ကိုင်အဖွဲ့ဟု ဆိုရမည်ဖြစ်သည်။  ပြည်တွင်းလမ်းကြောင်းများကို ဖြတ်သန်း သယ်ဆောင်ကာ ပင်လယ်လမ်းကြောင်း၊ နယ်စပ်လမ်းကြောင်း များမှ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုတွင် ရာထူးအမျိုးမျိုး ဖြင့် AA အဖွဲ့ဝင်များ ပါဝင်နေကြသည်ကို ဖော်ထုတ်ဖမ်းဆီးရမိ ခဲ့ရာ သတင်းများထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံတွင်   မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို အမျိုးသားရေးတာဝန်အဖြစ်  သတ်မှတ်ဆောင်ရွက်နေချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အမည်ခံအဖွဲ့အချို့နှင့် PDF အကြမ်းဖက်အဖွဲ့တို့က ပြည်တွင်းမငြိမ်မသက်ဖြစ်အောင် ဖန်တီးမှုနှင့်အတူ     ၎င်းတို့ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေး အတွက်   မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှု တို့ကို မရှက်မကြောက်  ပြုလုပ်နေကြသည်။  မြန်မာနိုင်ငံတွင် ကြီးထွားလာနေသည်ဆိုသည့်   မူးယစ်ဆေးဝါးပြဿနာသည် အဆိုပါသောင်းကျန်းသူတို့၏   လုပ်ရပ်ဖြစ်သည်ကို  နိုင်ငံတကာ ကလည်း  ကောင်းစွာသိရှိထားကြသည်။    နိုင်ငံအတွက် အဘက် ဘက်မှ    ဘေးအန္တရာယ် ကျရောက်စေနိုင်သည့်မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတွင်   နိုင်ငံသူ နိုင်ငံသားတိုင်း  အစွမ်းရှိသမျှ ပါဝင်ကြရပါမည့်အကြောင်း။       ။