
တိုကျို ဒီဇင်ဘာ ၂၈
ဂျပန်အစိုးရသည် နိုင်ငံအတွင်းရှိ လူအားလုံးအတွက် အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီးဒါးက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြား လိုက်သည်။
ပြည်သူများ ဘေးကင်းစေရန် နိုင်ငံအတွင်းရှိ ကိုဗစ်-၁၉ ဆန့်ကျင်ကာကွယ်ရေး လုပ်ဆောင် ချက်များကို အကောင်းဆုံးလည်ပတ်လုပ်ဆောင် လျက်ရှိကြောင်း ကီရှီးဒါးက ပြောကြားလိုက်သည်။ ဒီဇင်ဘာလအစမှာပင် ဂျပန်နိုင်ငံသည် ကျန်းမာရေး ဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ် စတင်ထိုးပေးခဲ့သည်။ နောက်ပိုင်း တွင် သက်ကြီးနိုင်ငံသားများကို နောက်နှစ် ဖေဖော် ဝါရီမှစကာ စတင်ထိုးနှံပေးသွားရန် စီစဉ်ထားသည်။ နောက်ပိုင်းမှသာ ကျန်ရှိသည့် နိုင်ငံသားများကို ဆက်လက်ထိုးပေးသွားမည်ဖြစ်သည်။
ဆင်ဟွာ