
ရန်ကုန် ဩဂုတ် ၁၆
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီက မိုးစပါး ဧက ၁၀ ဒသမ ၆၈ သိန်းအတွက် ယခုနှစ် မိုးစပါးချေးငွေနှင့် မိုးမြေ ပဲသီးနှံ ချေးငွေထုတ်ချေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ယခုနှစ်အတွင်း မိုးစပါးချေး ငွေနှင့် မိုးမြေပဲသီးနှံ ချေးငွေထုတ် ချေးရေး စာချုပ်ချုပ်ဆိုဆောင်ရွက် နေမှု အခြေအနေများကို ဩဂုတ် ၁၅ ရက်က ကျင်းပသည့် နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံ ခန့်ခွဲမှုကော်မတီ (၃/၂၀၂၄)အစည်းအဝေးမှ သိရသည်။
၂၀၂၂-၂၀၂၃ ခုနှစ် ပဲတီစိမ်း နှင့် နွေစပါးစီမံကိန်းအား နေပြည် တော်ကောင်စီနယ်မြေ၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန် နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်ခဲ့ရာ ပဲတီစိမ်းသီးနှံနှင့် နွေစပါးသီးနှံအတွက် စုစုပေါင်း ငွေကျပ် ၁၇၄ ဒသမ ၁၈ ဘီလီယံ သုံးစွဲနိုင်ခဲ့ပြီး ချေးငွေများ အားလုံး ပြန်လည်ရရှိပြီးဖြစ်ကြောင်း သိရ သည်။
အဆိုပါ ချေးငွေပြန်လည် ကောက်ခံရရှိငွေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစီမံကိန်းအား နေပြည် တော်ကောင်စီနယ်မြေ၊ ကချင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်များနှင့် တနင်္သာရီ၊ ပဲခူး ၊ မကွေး၊ ရန်ကုန်၊ ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ၁၃၄ ဒသမ ၂၁၃ ဘီလီယံအသုံးပြု ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ - ၂၀၂၄ ခုနှစ် နွေစပါးစီမံကိန်းကို နေပြည် တော်ကောင်စီနယ်မြေ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်နှင့် ဧရာ ဝတီတိုင်းဒေသကြီးတို့တွင် ၁၄၇ ဒသမ ၈၉၇ ဘီလီယံ အသုံးပြု ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထို့အပြင် ၂ဝ၂၄-၂၀၂၅ မိုးစပါး သီးနှံကို နေပြည်တော်၊ ကချင်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရခိုင်၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီတိုင်းဒေသ ကြီးတို့တွင် စုစုပေါင်းဧက ၉ ဒသမ ၆ သိန်းအား ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဆီထွက်သီးနှံ စီမံကိန်းကို ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းဆီထွက် သီးနှံရာသီတွင် တိုင်းဒေသကြီး ပြည်နယ် ကိုးခု၌ ရန်ပုံငွေ ၄၈ ဒသမ ၆၀ ဘီလီယံ သုံးစွဲ၍ အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ပြီး ၂၀၂၄-၂၀၂၅ ခုနှစ် မိုးမြေပဲသီးနှံစိုက်ပျိုးခြင်းကို နေပြည် တော်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီဒေသတို့တွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စုစုပေါင်း ဧက ၁ ဒသမ ၀၈ သိန်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်းကော်မတီ၏ (၁/၂၀၂၄) မှတ်တမ်းအရ သိရ သည်။
TWA