နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ (၃/၂၀၂၄) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော်   ဩဂုတ်  ၁၄
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီ (၃/၂၀၂၄) ကြိမ်မြောက်  ညှိနှိုင်း အစည်းအဝေးကို  ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်     ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်  (၂၆)     အစည်းအဝေးခန်းမ၌ ကျင်းပသည်။ (ယာပုံ)
အစည်းအဝေးသို့     ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်      စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊   ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး   ဦးမင်းနောင်၊    သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန    ပြည် ထောင်စုဝန်ကြီး  ဦးလှမိုး၊  စက်မှုဝန်ကြီး ဌာန   ပြည်ထောင်စုဝန်ကြီး    ဒေါက်တာ ချာလီသန်း၊    စီးပွားရေးနှင့်    ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံ၊   အမြဲတမ်းအတွင်းဝန် များနှင့် ဌာနအကြီးအကဲများ တက်ရောက် ကြသည်။
စာရင်းဇယားများကို စနစ်တကျပြုစု
ဦးစွာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက  နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ        စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်   ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီး/    ပြည်နယ်အစိုးရအဖွဲ့ ၁၄  ခုနှင့်   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ  တိုင်း/ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ၆ ခုသို့ ၂၀၂၂ ခုနှစ်   စက်တင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇွန် ၃၀ ရက်အထိ  ချေးငွေများထုတ်ချေးပြီးစီးမှုနှင့်   ချေးငွေပြန်လည်ပေးဆပ်မှု၊ နယ်မြေဒေသအခြေအနေနှင့် မိုခါမုန်တိုင်း တိုက်ခတ်မှုတို့ကြောင့်  ချေးငွေ အရင်း/အတိုး  ဆိုင်းငံ့ပေးခဲ့မှုများ၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာနမှ တင်ပြသော နွေစပါး၊ မိုးစပါးနှင့် ဆီထွက် သီးနှံတို့အတွက်    ချေးငွေစာချုပ်တန်ဖိုး သတ်မှတ်နိုင်ရေး၊ ချေးငွေများထုတ်ချေး ရာတွင်  ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ နှင့်အညီ      ထုတ်ချေးနိုင်ရေး၊    ချေးငွေ စာရင်းဇယားများကို         စနစ်တကျပြုစု၍ သက်ဆိုင်ရာ   တိုင်းဒေသကြီး/ပြည်နယ် များမှ ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီများက ကြပ်မတ်ဆောင်ရွက်ရေးနှင့်      မှတ်တမ်း တင်ထားရှိနိုင်ရေး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံး၏      စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ အပေါ်   လိုက်နာဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၃-၂၀၂၄    ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်ဆေးပေးနိုင်ရန်  ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသို့ အကြောင်းကြားထား မှုအခြေအနေများကို   ဆွေးနွေးမှာကြား သည်။
 အသေးစိတ်ညှိနှိုင်းဆွေးနွေး
ထို့နောက်  ကော်မတီဝင်များဖြစ်ကြ သည့်       ပြည်ထောင်စုဝန်ကြီးများက ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း နွေစပါးစီမံကိန်း၊ မိုးစပါးစီမံကိန်း၊   ဆီထွက်သီးနှံ   (မြေပဲ၊ နှမ်း၊ နေကြာ) စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ခဲ့မှု၊  ၂၀၂၄-၂၀၂၅ ခုနှစ် အတွင်း မိုးစပါးချေးငွေနှင့်  မိုးမြေပဲသီးနှံ ချေးငွေ    ထုတ်ချေးရေး    စာချုပ်ချုပ်ဆို ဆောင်ရွက်နေမှုအခြေအနေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ  အသားတိုးကြက်၊ ဥစားဘဲ၊    အသားတိုးဝက်၊     နို့စားနွား၊ အသားတိုးနွား၊  သိုး၊  ဆိတ်  မွေးမြူရေး ချေးငွေများ ထုတ်ချေးနေမှုအခြေအနေနှင့် စိုက်ပျိုးရေရရှိရေးစီမံကိန်း  ဆောင်ရွက် နေမှုအခြေအနေ၊        ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ    ထုတ်ချေးနိုင်မှုနှင့် ကုန်ကြမ်းဝယ်ယူနိုင်ရေးအတွက် လုပ်ငန်း သုံး    ရင်းနှီးငွေထုတ်ချေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို        အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး က  (၂/၂၀၂၄) ကြိမ်မြောက်  အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်  ဆောင်ရွက်ပြီးစီး မှုများနှင့် ယခုအစည်းအဝေးတွင် မှတ်တမ်း တင်ရန်နှင့်    အတည်ပြုဆုံးဖြတ်ရမည့် ကိစ္စရပ်များကိုလည်းကောင်း၊  ကော်မတီ အဖွဲ့ဝင်များက     ဓာတ်မြေဩဇာရရှိမှု၊ ဆီစက်ချေးငွေနှင့် သွင်းအားစုများအတွက် ချေးငွေများ    အချိန်မီထုတ်ချေးနိုင်ရေး၊ ချေးငွေစာချုပ်များ  အချိန်မီချုပ်ဆိုနိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း    ဆွေးနွေး တင်ပြကြရာ အစည်းအဝေးသို့တက်ရောက် လာသူများက  ဝိုင်းဝန်းအကြံပြုဆွေးနွေး ခဲ့ကြပြီး  ကော်မတီဥက္ကဋ္ဌက လိုအပ်သည် များကို  ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး သည်။
ထို့နောက်   နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှု      ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားရာတွင်  နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် တွင်  နိုင်ငံ့စီးပွားမြှင့်တင်ရေး  ရန်ပုံငွေကို ထူထောင်၍ နွေစပါး၊ မိုးစပါးနှင့် ဆီထွက် သီးနှံများ အထွက်တိုးရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ် နိုင်ရေးအတွက်  အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ  ချေးငွေများ  ဆုံးရှုံးမှုမရှိစေ ရေး၊ ချေးငွေများ  ထိရောက်စွာ အသုံးပြု နိုင်ရေးနှင့်    လုပ်ငန်းများအောင်မြင်ရေး အတွက်  သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်  အစိုးရများက မိမိတို့တာဝန်ယူရသည့်နယ်မြေတွင်  နိုင်ငံ့ စီးပွားမြှင့်တင်ရေး     ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီများအား  စနစ်တကျ  တာဝန် များ  ပေးအပ်ပြီး  ကြပ်မတ်ဆောင်ရွက် ကြရန် တိုက်တွန်းမှာကြားသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး      ရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီအနေဖြင့်     တိုင်း ဒေသကြီး/ပြည်နယ်   အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ   တိုင်း/ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့များနှင့် လက်တွဲပူးပေါင်း ပြီး နိုင်ငံတော်မှထောက်ပံ့ပေးသော နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေကို  အသုံးပြု ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏    စီးပွားရေးဦးတည်ချက်  (၃) ရပ်ကို အောင်မြင်အောင်    ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                 သတင်းစဉ်