
မနီလာ နိုဝင်ဘာ ၂၉
ဖိလစ်ပိုင်အစိုးရသည် ပြည်ပခရီးသွားများ တိုင်းပြည် အတွင်း ပြန်လည်ဝင်ရောက် လည်ပတ်ခွင့်ပေးသည့် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့သည်။
အာဖရိကနှင့် ဥရောပတို့၌ အိုမီခရွန်မျိုးကွဲ ကူးစက်ပျံ့နှံ့မှုများ ရှိလာသည့်အတွက် ဖိလစ်ပိုင် အစိုးရက ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်း အတွင်းကမှ ကူးစက်မှုနည်းသည့် နိုင်ငံမှလာသောကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသား ခရီးသွားများကို ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်လည်ပတ်ခွင့်ပြုရန် အစိုးရက ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
တောင်အာဖရိက၊ အီတလီနှင့် နယ်သာလန် နိုင်ငံတို့အပါအဝင် အာဖရိကနှင့် ဥရောပ ၁၄ နိုင်ငံ တို့မှ လာသောခရီးသွားများကို ပြည်ဝင်ခွင့် တင်းကျပ်သည့်အကြောင်း အစိုးရက ကြေညာခဲ့ သည်။
အင်န်အိတ်ချ်ကေ