
နေပြည်တော် ဇူလိုင် ၉
နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်း များ၏ သား/ သမီးများ ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာ သင်ကြားနေသော ဝန်ထမ်း သား/သမီး များ ပညာသင်ထောက်ပံ့ကြေးပေးအပ် ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာနရှိ လောကနတ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ နှင့် ဆုရရှိသည့် ဝန်ထမ်းသား/သမီးများ စုံညီစွာတက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အမှာစကားပြောကြား ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်းအဆင့်မှ တက္ကသိုလ်အဆင့် အထိ တက်ရောက်ပညာသင်ကြားလျက် ရှိသော ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၃၂ ဦးအတွက် ပညာသင်ထောက်ပံ့ကြေး များပေးအပ်ကာ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူ လေးဦးကို ဆုများ ချီးမြှင့်ပေးအပ်ခဲ့ ကြောင်း သိရသည်။ သတင်းစဉ်