
နေပြည်တော် ဩဂုတ် ၁
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သည် နိုင်ငံတော်အကျိုးဖော်ဆောင် နိုင်ရေးနှင့် ပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမှန်တကယ်အထောက် အကူပြုနိုင်မည့် သက်မွေးပညာရှင် များကို စံနှုန်းများနှင့်အညီ စဉ်ဆက် မပြတ်မွေးထုတ်ပေးနိုင်ရေး အလေး ထား ဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင် ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်း တွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ အစိုးရ နည်းပညာအထက်တန်း ကျောင်း (ရွာမ) သို့ ရောက်ရှိပြီး လျှပ်စစ်နည်းပညာ သင်တန်း၊ အီလက်ရောနစ် နည်းပညာသင် တန်း၊ စက်ပစ္စည်း အစိတ်အပိုင်း များ ထုတ်လုပ်မှု နည်းပညာ သင်တန်း၊ သတ္တုပစ္စည်းထုတ်လုပ် မှုနည်းပညာသင်တန်း၊ သုတနည်း ပညာသင်တန်းတို့မှ ကျောင်းသား ကျောင်းသူစုစုပေါင်း ၁၀၈၅ ဦးတို့ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှု များကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီး သည် ဝန်ထမ်းများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံပြီး အခက်အခဲတင်ပြ ချက်များအပေါ် ဖြည့်ဆည်းဆောင် ရွက်ပေးပြီး ကျောင်းသားလူငယ် များအား နည်းပညာအရည်အသွေး ပြည့်မီရေးအပြင် ဗလငါးတန်နှင့် ပြည့်စုံသော လူချွန်လူကောင်းများ ဖြစ်စေရေး ဝန်းကျင်ကောင်းများ ဖန်တီးပေးပြီး ပျိုးထောင်ဆောင် ရွက်သွားရန်၊ ကျောင်းဆင်း လူငယ်များ အလုပ်အကိုင်များရရှိ ပြီး ဘဝအဆင့်မြင့်မားလာမှုများ ကို ကျောင်းသားသစ်များ အားကျ အတူယူကြစေရေး ဆောင်ရွက်ရန်၊ ဆရာများသည် ပြည်သူများကို အမှန်တကယ် အလုပ်ကျွေးပြုနိုင် သော စွမ်းရည်မြင့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေး အလေး ထား ကျင့်ကြံဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး သည် ဂျပန်-မြန်မာအောင်ဆန်း သက်မွေးပညာသင် ကျောင်းသို့ ရောက်ရှိပြီး စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်အင်ဂျင်နီယာနှင့် မော် တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှု နည်းပညာသင်တန်းတို့မှ ကျောင်း သား ကျောင်းသူများ၏ လက်တွေ့ လုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုအားပေးပြီး MSMEs များ၊ အထူးစီးပွားရေးဇုန်များရှိ တန်ဖိုးမြင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေး လက်တွေ့ကျကျ အထောက်အကူပြုနိုင်မည့် ခေတ်မီ နည်းပညာများကို ကျွမ်းကျင်စွာ အသုံးချနိုင်သည်အထိ လေ့ကျင့် ကြရန်၊ အာဆီယံနှင့် နိုင်ငံတကာ နည်းပညာပြိုင်ပွဲများသို့ ထိုးဖောက် ယှဉ်ပြိုင်၍ နိုင်ငံ့ဂုဏ်ဆောင် လူငယ်များဖြစ်သည်အထိ ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားကြောင်း သိရသည်။
သတင်းစဉ်