နိုင်ငံသားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံမှု ခံယူကြရန် ဩစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင် တိုက်တွန်း

ကင်ဘာရာ  ဒီဇင်ဘာ  ၂၂


ဩစတြေးလျနိုင်ငံ၌  အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာမှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ် စကော့မောရစ်ဆင် နှင့် နိုင်ငံအတွင်းရှိ  ဒေသန္တရအကြီးအကဲ များ   ယနေ့ဆွေးနွေးခဲ့ကြောင်း    သိရ သည်။ 


တိုက်တွန်း


နိုင်ငံအတွင်းရှိ ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေး    အပိုဆောင်းထိုးနှံရေး လုပ်ငန်းကို    အရှိန်မြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ပြီး       ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  အပိုဆောင်းထိုးနှံမှုကို ခံယူကြရန်လည်း ဩစတြေးလျနိုင်ငံသား များအား  မောရစ်ဆင်က  တိုက်တွန်းခဲ့ သည်။ နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုအပါအဝင် ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှု များကို လက်ရှိအချိန်တွင် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း  ၎င်းက ပြောကြားသည်။


 လက်ရှိအချိန်တွင် ခရစ်စမတ်ပွဲတော် ကာလနီးကပ်လာသဖြင့်  နိုင်ငံအတွင်းရှိ ပြည်နယ်များအကြား ခရီးသွားလာရာ၌ ကိုဗစ်-၁၉ ရောဂါရှိ မရှိ စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  ထို့ပြင်  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး       နှစ်ကြိမ်ထိုးနှံပြီးသည့် အချိန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံမှု    ခံယူမည့်ကာလ အကြား        အချိန်သတ်မှတ်ချက်အား ဩစတြေးလျနိုင်ငံ  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးဆိုင်ရာ နည်းပညာအကြံ ပေးအဖွဲ့က         သတ်မှတ်သွားမည်ဖြစ် ကြောင်း   သိရသည်။  


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ