နိုင်ငံသားတစ်ယောက်အနေဖြင့် စစ်ပညာသင်ကြားပြီး နိုင်ငံတော်ကာကွယ်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်၍ များစွာဂုဏ်ယူ

ပုသိမ်   ဇွန်  ၂၈
ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄)  သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  နယ်မြေခံလေ့ကျင့်ရေးတပ်တွင်     ပြုလုပ်ရာ    အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်       ဦးတင်မောင်ဝင်း၊    အနောက်တောင်တိုင်းစစ်ဌာနချုပ် မှ  အရာရှိကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်     ဌာနဆိုင်ရာများ       တက်ရောက်၍     စစ်ရေးပြ အခမ်းအနားကို ကြည့်ရှုအားပေးကြသည်။
ဦးစွာ    သင်တန်းဆင်းစစ်ရေးပြ    အခမ်းအနား ပြုလုပ်ပြီး         နယ်မြေခံလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးက    သင်တန်းဆင်းထူးချွန်ဆုရရှိ သူများကို        ဆုများချီးမြှင့်သည်။       ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် (ယာပုံ) နှင့်  တာဝန်ရှိသူ များက      ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်     (၁/၂၀၂၄)    သင်တန်းဆင်း    သင်တန်းသားများကို     တွေ့ဆုံအားပေးစကားများ ပြောကြားသည်။
ဆက်လက်၍ နယ်မြေခံလေ့ကျင့်ရေးကျောင်း ဘုရင့်နောင်ခန်းမ၌   ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်း  သင်တန်းသား များနှင့်တွေ့ဆုံ၍       တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)  ကို   စတင် ဖွင့်လှစ်ပြီး   ယနေ့တွင် အောင်မြင်စွာ သင်တန်းဆင်း နိုင်ခဲ့ပြီဖြစ်၍   နိုင်ငံတော်နှင့်   တပ်မတော်အတွက်     ဂုဏ်ယူရမည့်နေ့ဖြစ်ကြောင်း၊      နိုင်ငံသားတိုင်းသည် ဒို့တာဝန်အရေးသုံးပါးကို    စောင့်ထိန်းရန်တာဝန်ရှိ ကြောင်း၊  ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသည့်    နိုင်ငံသားတစ်ယောက်အနေဖြင့်   စစ်ပညာသင်ကြားပြီး      နိုင်ငံတော်ကာကွယ်ရေး အတွက်ရည်ရွယ်ကာ   ဆောင်ရွက်ခြင်းဖြစ်၍     မိမိ အနေဖြင့် များစွာဂုဏ်ယူပါကြောင်း၊ တပ်မတော်သား တစ်ယောက်အနေဖြင့်   လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်၊ စည်းကမ်းများကို  အလေးထားလိုက်နာရမည်ဖြစ်ပါကြောင်း၊ မိမိတို့တာဝန်ကျရာ ဒေသများ တွင်    ပေးအပ်သည့်တာဝန်များကို   ကျေပွန်စွာ ထမ်းဆောင်၍       စစ်သားကောင်းတစ်ယောက်ဖြစ် အောင်  ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းတိုက်တွန်းအားပေးစကားများ ပြောကြားသည်။
ထို့နောက်    တိုင်းဒေသကြီးဝန်ကြီးချုပ်သည် နယ်မြေခံလေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးအား ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်ကာ    သင်တန်း သားများနှင့်   နံနက်စာ   အတူတကွသုံးဆောင်ခဲ့ကြ သည်။                      
 တိုင်းဒေသကြီး (ပြန်/ဆက်)