နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဇနီးအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်လုပ်ကြံရေးသမားများကို ဖော်ထုတ်ဖမ်းဆီးရမိ

 

နေပြည်တော်   ဩဂုတ်  ၄


CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ များမှ  ပြည်သူလူထုကို  လုပ်ကြံသတ်ဖြတ်ခြင်းနှင့် နိုင်ငံတော်အစိုးရ၏   အုပ်ချုပ်မှုယန္တရားပျက်ပြား စေရန်အတွက် အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိသည့်   အများပြည်သူပိုင်  အဆောက်အဦများကို အကြောင်းမဲ့ ဖောက်ခွဲဖျက်ဆီးခြင်းအား မလိုလား သော ပြည်သူများ၏ သတင်းပေး ပူးပေါင်းဆောင်ရွက် မှုများကြောင့် ၂၀၂၂ ခုနှစ် ဩဂုတ် ၃ ရက် ညပိုင်း  တွင်   လုံခြုံရေးပူးပေါင်းအဖွဲ့က  မင်္ဂလာဒုံမြို့နယ် အတွင်း   အပြစ်မဲ့ပြည်သူများကို  ဒလန်ဟုစွပ်စွဲ၍  အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက် လုပ်ကြံရေးသမားများဖြစ်သော   ဇေယျာဝင်း(၂၀)နှစ်၊ နိုင်အောင် ထွန်း(ခ)ဒဿ(၁၉)နှစ်၊ ရဲဇော်လင်း(ခ) စကိတ်(၂၂)နှစ်၊ တင်ကိုကို(၅၆)နှစ်၊ အောင်ကိုကို(၂၅)နှစ်နှင့် တရားခံများကို ထွက်ပြေးတိမ်းရှောင်နိုင်ရန် ကူညီပေးခဲ့သည့်   ခင်မြ  (ခ) ခင်ဌေး  (၅၅) နှစ်၊ တင်တင်မော် (၄၅)နှစ်၊ သင်းရနံ့လှိုင် (ခ) ဖြူဖွေး (၁၆)နှစ်တို့ ၈ ဦးကို    မှော်ဘီမြို့နယ်၊      ရွှေမြယာ ကျေးရွာအုပ်စု၊  (၁)ရပ်ကွက်၊ နှင်းဆီလမ်း၌ ဖမ်းဆီး ရမိခဲ့သည်။


ဖမ်းဆီးရမိ    တရားခံများ၏ ထွက်ဆိုချက်အရ  ၂၀၂၂   ခုနှစ် ဖေဖော်ဝါရီလတွင်      တရားခံ နိုင်အောင်ထွန်း     (ခ)   ဒ

ဿ၊ ရဲဇော်လင်း(ခ)စကိတ်၊ အောင်ကိုကို နှင့်     ဖမ်းဆီးရန်ကျန်   တရားခံ စိုးမင်းစံ၊ ချစ်ဖြိုးဝေ(ခ)ဆံရှည် တို့ ငါးဦးသည်      မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်ကျေးရွာနေ NLD ရပ်/ကျေးဥက္ကဋ္ဌ     တရားခံပြေး အုန်းဇော်မြင့် ၏   ချိတ်ဆက်ပေးမှု ဖြင့်  KNLA  တပ်မဟာ(၆)နယ်မြေ ၌      အကြမ်းဖက်ဖောက်ခွဲရေး သင်တန်း တစ်လ  တက်ရောက်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
အကြမ်းဖက်  သင်တန်းဆင်း ပြီးနောက်   နိုင်အောင်ထွန်း(ခ)ဒဿ၊  ရဲဇော်လင်း(ခ) စကိတ်၊ အောင်ကိုကို၊ စိုးမင်းစံ၊ ချစ်ဖြိုးဝေ (ခ)ဆံရှည်   တို့သည်  NLD ရပ်/ကျေးဥက္ကဋ္ဌ       တရားခံပြေး အုန်းဇော်မြင့် နှင့် တင်ကိုကို တို့၏ စီစဉ်ပေးမှုဖြင့်    မှော်ဘီမြို့နယ် ရွှေမြယာ   ကျေးရွာအုပ်စု   (၁)ရပ်ကွက် နှင်းဆီလမ်းရှိ   နေအိမ်  တစ်လုံးကို    ငှားရမ်းနေထိုင်ကာ နိုင်ငံတော်အစိုးရ၏    အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန်   ရည်ရွယ် ၍ အုပ်ချုပ်ရေးယန္တရား၏ အဓိက ဒေါက်တိုင်ဖြစ်သော   ရပ်/ကျေး အဆင့်  အုပ်ချုပ်ရေးမှူးများအား လုပ်ကြံသတ်ဖြတ်ခြင်း၊  အပြစ်မဲ့ ပြည်သူများအား   ဒလန်ဟုစွပ်စွဲ၍ အကြမ်းဖက်   လုပ်ကြံသတ်ဖြတ် ခြင်းလုပ်ငန်းများအား  ဆောင်ရွက် ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 


ဖမ်းဆီးရမိ    တရားခံများ၏ ထွက်ဆိုချက်အရ   ၂၀၂၂  ခုနှစ် ဩဂုတ် ၁ ရက်   ညနေပိုင်းတွင် NLD ရပ်/ကျေးဥက္ကဋ္ဌ တရားခံပြေး အုန်းဇော်မြင့်        ခေါင်းဆောင်၍ ဇေယျာဝင်း၊ နိုင်အောင်ထွန်း(ခ)ဒဿ၊ အောင်ကိုကိုနှင့်  ဖမ်းဆီးရန် ကျန် တရားခံ စိုးမင်းစံ၊ ချစ်ဖြိုးဝေ (ခ)ဆံရှည် တို့    ခြောက်ဦးသည် မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ အုပ်ချုပ်ရေးမှူး    ဦးဝင်းနိုင်ထွန်း နှင့်  ဇနီးဖြစ်သူ   ဒေါ်ဟေမာလွင် တို့အား ကလေးများ ကျောင်းပို့ချိန် တွင် လုပ်ကြံသတ်ဖြတ်ရန် Signal မှတစ်ဆင့်တွေ့ဆုံ၍   လုပ်ကြံရေး အစီအစဉ်များ        ရေးဆွဲခဲ့ပြီး အောက်ပါအတိုင်း   တာဝန်ခွဲဝေခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်-


နိုင်အောင်ထွန်း(ခ) ဒဿက အုပ်ချုပ်ရေးမှူး၏ ဇနီးအား ပစ္စတိုဖြင့်     ပစ်ခတ်သတ် ဖြတ်ရန်။
စိုးမင်းစံ က အုပ်ချုပ်ရေးမှူး အား   ပစ္စတိုဖြင့်   ပစ်ခတ် သတ်ဖြတ်ရန်။
ဇေယျာဝင်းက  အုပ်ချုပ်ရေး မှူး၏  မော်တော်ယာဉ်အား ရပ်တန့်ရန်အတွက်  လက် လုပ်မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲ ရန်နှင့်  လုပ်ကြံသတ်ဖြတ် ပြီးပါက  မော်တော်ယာဉ် အား  Remote  လက်လုပ် မိုင်းဖြင့် ဖောက်ခွဲရန်။
ချစ်ဖြိုးဝေ (ခ)   ဆံရှည် က ဖုန်းဖြင့်    မှတ်တမ်းတင် ရိုက်ကူးရန်။
အောင်ကိုကို က  အုပ်ချုပ်ရေး မှူး၏   နေအိမ်အား  လက် လုပ်မိုင်းဖြင့်       ပစ်ခတ် ဖောက်ခွဲရန်။

 


ဩဂုတ်  ၂ ရက် နံနက် ၈ နာရီ ခန့်တွင်  ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်   ဇနီးတို့သည်  ကလေးငယ် နှစ်ဦးကို  ကျောင်းပို့ရန်  မော်တော် ယာဉ်ဖြင့်      ထွက်ခွာလာစဉ် အုပ်ချုပ်ရေးမှူး၏ နေအိမ်အနီး ကွမ်းယာဆိုင်ရှေ့၌ ဇေယျာဝင်း က မော်တော်ယာဉ်ရှေ့သို့    လက် လုပ်မိုင်းတစ်လုံး   ပစ်ခတ်ဖောက်ခွဲ ၍ ရပ်တန့်စေခဲ့ပြီး  နိုင်အောင်ထွန်း (ခ) ဒဿ က  ဒေါ်ဟေမာလွင် ကို လည်းကောင်း၊   စိုးမင်းစံ  က အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ထွန်း ကို လည်းကောင်း  ပစ္စတိုဖြင့်  ငါး ချက်စီ    မသေမချင်း  ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း၊  ထို့နောက် ဇေယျာဝင်း သည်  ကားနောက်ခန်း တွင်   လိုက်ပါလာသည့်  ကလေး ငယ်နှစ်ဦးကို    အသက်ရှင်လျက် တွေ့ရှိရသောကြောင့်  ရက်စက် ယုတ်မာသော  အကြံအစည်ဖြင့် Remote   လက်လုပ်မိုင်းတစ်လုံး အား    ကားအတွင်း၌   ထား၍ ဖောက်ခွဲရန်     စီစဉ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။    ထိုကဲ့သို့ ဖောက်ခွဲရန်       စီစဉ်ခဲ့သော် လည်း    ဖြစ်စဉ်ဖြစ်ပွားသည်နှင့် တစ်ပြိုင်နက်  လုံခြုံရေးတပ်ဖွဲ့ဝင် များ  ရောက်ရှိလာပြီး  ကားအတွင်း မှ Remote လက်လုပ်မိုင်းအား သက်မဲ့ပြုလုပ်နိုင်ခဲ့သဖြင့် ကလေး ငယ်နှစ်ဦးကို  အချိန်မီကယ်တင် နိုင်ခဲ့ကြောင်း သိရှိရသည်။

 


ထို့ပြင်    အောင်ကိုကို  က အုပ်ချုပ်ရေးမှူး၏   နေအိမ်အား လက်လုပ်မိုင်းတစ်လုံးဖြင့် ပစ်ခတ် ဖောက်ခွဲခဲ့ပြီး    အဆိုပါလုပ်ကြံ သတ်ဖြတ်မှုဖြစ်စဉ်ကို ချစ်ဖြိုးဝေ (ခ)ဆံရှည် က ဖုန်းဖြင့်  မှတ်တမ်း တင်ရိုက်ကူးခဲ့ကာ ၎င်းတို့ ငှားရမ်း နေထိုင်သည့်  နေအိမ်သို့ထွက်ပြေး တိမ်းရှောင်စဉ်   ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း     ဖော်ထုတ်သိရှိရ သည်။

 


ဖမ်းဆီးရမိ   တရားခံများ၏ ထွက်ဆိုချက်အရ  NLD ရပ်/ကျေး ဥက္ကဋ္ဌ တရားခံပြေး အုန်းဇော်မြင့် ၏ စေခိုင်းမှုဖြင့်  မင်္ဂလာဒုံမြို့နယ် အတွင်း    အကြမ်းဖက်လုပ်ကြံ သတ်ဖြတ်မှု နှစ်ကြိမ် ကျူးလွန်ခဲ့ ကြောင်း  ဖော်ထုတ်သိရှိရသည်-


၂၀၂၂ ခုနှစ်  ဖေဖော်ဝါရီ  ၉ ရက်တွင်   မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီး  ကျေးရွာ အုပ်စု   မြရတနာရပ်ကွက် နှင်းဆီပတ်လမ်း၌  အုပ်ချုပ် ရေးမှူး      ဦးနေလင်းနှင့် ရာအိမ်မှူး      ဦးရဲသွင်တို့ နှစ်ဦးကို    ဇေယျာဝင်းနှင့် ဖမ်းဆီးရန်ကျန်  တရားခံ အာကာဝင်း၊  မင်းမင်းဇော်၊ ကိုတူး(ခ)သားကြီး တို့က ပစ္စတိုဖြင့်    ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ရာ  ဦးနေလင်း သေဆုံးခဲ့ပြီး   ဦးရဲသွင်မှာ ဒဏ်ရာ   အပြင်းအထန်ရရှိခဲ့ ကြောင်း။

 


ဇွန် ၈ ရက်တွင်  မင်္ဂလာဒုံ မြို့နယ်  ဂူကြီးကုန်းကျေးရွာ ရှိ  ရွာလယ်လမ်းမပေါ်တွင် ဆိုင်ကယ်    မောင်းနှင်လာ သည့်   ကောင်းမြင့်ဝင်း(ခ)ကိုနီ ကို ဒလန်ဟု စွပ်စွဲကာ ဇေယျာဝင်း နှင့်  ဖမ်းဆီးရန် ကျန် တရားခံ အာကာဝင်း တို့က    ဆိုင်ကယ်တစ်စီး ဖြင့်      အနောက်မှလိုက်၍  ပစ္စတိုဖြင့်     ပစ်ခတ်ခဲ့ပြီး ဆိုင်ကယ် တိမ်းမှောက်စဉ် ကောင်းမြင့်ဝင်း   (ခ)  ကိုနီ ကို       ဝါးရင်းတုတ်ဖြင့် မသေမချင်း     ရိုက်သတ်ခဲ့ ကြောင်း။

 


ဖမ်းဆီးရမိ   တရားခံများ၏ ထွက်ဆိုချက်အရ  အဆိုပါအပြစ်မဲ့ ပြည်သူများအား   လုပ်ကြံသတ် ဖြတ်ရန်အတွက်  ကုန်းတလပေါင် ကျေးရွာ  NLD ရပ်/ကျေးဥက္ကဋ္ဌ တရားခံပြေး   အုန်းဇော်မြင့် က စေခိုင်းခဲ့ခြင်းဖြစ်ပြီး    အုပ်ချုပ်ရေး မှူး     ဦးနေလင်းကို    လုပ်ကြံ သတ်ဖြတ်မှုအတွက်    ငွေကျပ် ၃၀၀၀၀၊     ကောင်းမြင့်ဝင်း(ခ)ကိုနီအား     လုပ်ကြံသတ်ဖြတ်မှု အတွက်  ငွေကျပ် ၅၀၀၀၀ နှင့်  အုပ်ချုပ်ရေးမှူး    ဦးဝင်းနိုင်ထွန်း နှင့် ဇနီးဖြစ်သူ ဒေါ်ဟေမာလွင် တို့အား       လုပ်ကြံသတ်ဖြတ်မှု အတွက်   ငွေကျပ်   ၁၂၀၀၀၀ ထောက်ပံ့     ပေးခဲ့ကြောင်းနှင့် လိုအပ်သည့်  လက်နက်/ခဲယမ်း များကိုလည်း     ငှားရမ်းပေးခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။

 


သို့ဖြစ်ပါ၍      ဖမ်းဆီးရမိ တရားခံများအား      ဥပဒေအရ ထိရောက်စွာ   အရေးယူနိုင်ရေး ဆက်လက်   ဆောင်ရွက်သွားမည် ဖြစ်ပြီး  အကြမ်းဖက်မှုဆောင်ရွက် နေသူများအား  ပြည်သူတစ်ရပ်လုံး က  ဝိုင်းဝန်းကာကွယ်တိုက်ဖျက် ကြရန်နှင့်      ပြစ်မှုကျူးလွန်ရာ တွင်      ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ     ထောက်ပံ့ပေး လျက်ရှိသော    ဆက်စပ်တရားခံ များအား  အမြန်ဆုံးဖမ်းဆီးရမိရေး အတွက်    ၎င်းတို့ပုန်းခိုရာနေရာ များ၊     လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက  သက်ဆိုင်ရာ သို့      လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊  သတင်း ပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ  လျှို့ဝှက်၍   ဆုငွေ များ   ချီးမြှင့်ပေးလျက်ရှိကြောင်း နှင့် မြို့ရွာများအမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက်    ပြည်သူ တစ်ရပ်လုံး       ပူးပေါင်းပါဝင် ကြိုးပမ်း     ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း   အသိ ပေး       သတင်းထုတ်ပြန်ထား ကြောင်း သိရသည်။  

သတင်းစဉ်