နိုင်ငံတော်အစိုးရက ယူအေအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

ရန်ကုန်    ဇူလိုင်     ၁၁
နိုင်ငံတော်အစိုးရအနေဖြင့်   ပြည်ပတွင် ရောက်ရှိနေသည့်     အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက နိုင်ငံသား များအပေါ်   အလေးအနက်တန်ဖိုးထား သည့်အနေဖြင့်     မည်သို့သောအခြေအနေ နှင့်     ကြုံတွေ့ရသည်ဖြစ်စေ   မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊     မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများချိတ်ဆက်၍ အမိ နိုင်ငံသားများ မြန်မာနိုင်ငံသို့  အမြန်ဆုံး  အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင် ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့     ဆောင်ရွက်ပေးလျက်ရှိရာ  ယူအေးအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသူ မလင်းလင်းဇော်  အား  အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည် ပို့ဆောင်နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ် ရုံးအနေဖြင့် ယူအေအီးနိုင်ငံ  ပြည်ထဲရေး ဝန်ကြီးဌာန၊        သက်ဆိုင်ရာပြည်နယ် ရဲတပ်ဖွဲ့နှင့် လူ့စွမ်းအားအရင်းအမြစ်နှင့် နိုင်ငံသားအကျိုးစီးပွားမြှင့်တင်ရေး ဝန်ကြီး ဌာနတို့မှ     အာဏာပိုင်များနှင့်    ညှိနှိုင်း၍ မြန်မာနိုင်ငံသို့  ပြန်လည်ခေါ်ဆောင်နိုင် ခဲ့ရာ မြန်မာနိုင်ငံသူ မလင်းလင်းဇော်သည် ဇူလိုင် ၁၀ ရက်က ယူအေအီးနိုင်ငံ ဒူဘိုင်း မြို့မှ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင်  ဒူဘိုင်း - ရန်ကုန်လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ယမန်နေ့ည ၁၀ နာရီ  မိနစ် ၅၀ တွင် ရောက်ရှိခဲ့သည်။
မြန်မာနိုင်ငံသူ မလင်းလင်းဇော်သည်  ယူအေအီးနိုင်ငံ   Ras  AI   Khaimah ပြည်နယ်တွင် အလုပ်လုပ်ကိုင်စဉ် အလုပ် ချိန်များပြားပြီး     အလုပ်ပင်ပန်းသည့် ဒဏ်ကို   မခံနိုင်သဖြင့် အေဂျင်စီရုံးနှင့် မြန်မာနိုင်ငံမှ ၄င်းကိုပို့ဆောင်ခဲ့သူထံသို့ ဆက်သွယ်ခဲ့ရာ ပြန်လည်ထွက်ခွာလိုပါက လျော်ကြေးငွေကျပ် ၈၅ သိန်း ပေးလျော်ရ မည်ဖြစ်ကြောင်းပြောကြားရာ   မတတ် နိုင်သောကြောင့် အိမ်ရှင်ထံမှ ထွက်ပြေး ခဲ့ပြီး      မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ အကူအညီတောင်းခံခဲ့ရာ မြန်မာကောင်စစ် ဝန်ရုံးချုပ်အနေဖြင့်   ပြန်လည်ထွက်ခွာ နိုင်ရန်   စာရွက်စာတမ်းများရရှိရေးတို့ကို စီစဉ်ဆောင်ရွက်ပေးခဲ့ရာ   မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခွင့်ရရှိခဲ့ပြီး ယမန်နေ့ ညပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ယူအေအီးနိုင်ငံ  Ras AI Khaimah ပြည်နယ်တွင် အခက်အခဲကြုံတွေ့ခဲ့ရမှုနှင့် စပ်လျဉ်း၍ မလင်းလင်းဇော်က“ကျွန်မက ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတမြို့ သျှားခဲကျေးရွာမှာနေပါတယ်။   ဟိုမှာ အိမ်ငါးအိမ်ပြောင်းပြီး အလုပ်လုပ်ခဲ့ရပါ တယ်။ခြောက်လလုံးလုံး  အဆင်မပြေခဲ့ပါ ဘူး။ အလုပ်ရှင်အိမ်တွေက ထမင်းမကျွေး ဘူး။    အလုပ်ကို   ပင်ပင်ပန်းပန်းလုပ်ရ တယ်။   သူတို့အစားအစာ  နည်းနည်းပဲ စားရတယ်။ အိမ်တိုင်းကြုံတွေ့ခဲ့ရတာပါ။ အေးဂျင့်ရုံးတွေက    လုံးဝမကူညီပါဘူး။ နောက်ဆုံးထွက်ပြေးပြီး  မြန်မာကောင်စစ် ဝန်ချုပ်ရုံးကို အကူအညီတောင်းခံခဲ့တာ ကြောင့်  စားဖို့၊ နေထိုင်ဖို့ စီစဉ်ပေးတဲ့အပြင် မြန်မာနိုင်ငံကိုပြန်နိုင်ဖို့   အစစအရာရာ ကူညီပေးကြပါတယ်။   ဒူဘိုင်းလေဆိပ် အထိ လိုက်ပါပို့ဆောင်ပေးခဲ့တဲ့အတွက် ကျေးဇူးကြီးလှပါတယ်။   မိမိနိုင်ငံသား တစ်ဦး ဒုက္ခရောက်နေချိန်မှာ လိုလေသေး မရှိ ကူညီဆောင်ရွက်ပေးခဲ့တာကို ရင်ထဲ ပြောပြလို့မရအောင် အထူးကျေးဇူးတင်ပါ တယ်။        ဒီလိုအခက်အခဲမျိုးဆိုတာ ကိုယ်တိုင်ခံစားရမှ ကူညီကယ်ဆယ်မှုရဲ့အကျိုးကျေးဇူးကို ပိုပြီး  သိလာရတာပါ။ အဲဒီမှာ  အိမ်အကူလုပ်မယ်ဆိုရင် လုံးဝ မသွားသင့်တဲ့နေရာပါ။   ကျွန်မလို  ဒုက္ခ မျိုးစုံမကြုံစေချင်ပါဘူး။ နိုင်ငံတော်အစိုးရ က တာဝန်ရှိသူများနဲ့  မြန်မာကောင်စစ် ဝန်ချုပ်ရုံးက  ကူညီပေးခဲ့သူအားလုံးကို လှိုက်လှိုက်လှဲလှဲ  အထူးကျေးဇူးတင်ပါ တယ်ရှင်”ဟု ပြောကြားသည်။
ယူအေအီးနိုင်ငံတွင် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့   ပြန်လည်ထွက်ခွာနိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက   ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ထိုနိုင်ငံတွင် အလုပ်လုပ်ကိုင်စဉ် အလုပ်ရှင်နှင့် အဆင် မပြေမှုဖြစ်ပေါ်ပါက မြန်မာပွဲစားများက  တာဝန်ယူဖြေရှင်းပေးမှု မရှိသည့်အပြင် ဒူဘိုင်းအေဂျင်စီရုံးများနှင့် အလုပ်ရှင်တို့ က နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်း ထားခြင်း၊ ပွဲစားများက အေဂျင်စီရုံးအဆင့်  ဆင့်ထံ     လက်လွှဲအသုံးချခြင်းတို့ကို ကြုံတွေ့ကြရလျက်ရှိရာ   မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ က       အရှေ့အလယ်ပိုင်းနိုင်ငံများကို နှစ်နိုင်ငံသဘောတူညီချက်အရ တရားဝင် အလုပ်လုပ်ကိုင်ရန်       စေလွှတ်မှုမရှိ ကြောင်း၊   မြန်မာအမျိုးသမီးများအား အဆိုပါနိုင်ငံတွင် အိမ်အကူအလုပ်လုပ်ရန် အတွက်   တရားမဝင်အလုပ်လုပ်ကိုင် ရှာဖွေရေး   အေဂျင်စီများမှ  လိမ်လည် ပို့ဆောင်လျက်ရှိကြောင်း၊    တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်ပါက သက်ဆိုင်  ရာနိုင်ငံ၏ ဥပဒေပြဋ္ဌာန်းချက်များအတိုင်း အရေးယူခံရမည့်အပြင် အခြားမမျှော်မှန်း နိုင်သော အန္တရာယ်များ၊ လူကုန်ကူးခံရ နိုင်သည့် အခြေအနေများနှင့်  ကြုံတွေ့ နိုင်ကြောင်း၊ ရေမြေခြား၊ ယဉ်ကျေးမှုမတူ သည့် ပတ်ဝန်းကျင်တွင် မျက်နှာငယ်ရ မည့်အပြင်   မြန်မာနိုင်ငံသံရုံးမရှိသည့် နေရာများသို့ ရောက်ရှိနေပါက အကူအညီ ရရှိရန် အခက်အခဲရှိနိုင်ကြောင်းနှင့် အရှေ့ အလယ်ပိုင်းနိုင်ငံများသို့ သွားရောက်ကြ မည့်သူများအနေဖြင့် မိမိသွားမည့်ဒေသ၏ အခြေအနေမှန်အား လေ့လာသိရှိထားရန် လိုအပ်ပါကြောင်း     အကြံပြုအသိပေး ထုတ်ပြန်ထားသည်။
နိုင်ငံတော်အစိုးရ      တာဝန်ယူစဉ် ကာလတွင် ပြည်ပ၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံ သားများကို  မြန်မာသံရုံးမှ ညှိနှိုင်းကူညီ ဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ကြပြီး ယခုလို အမိနိုင်ငံ သားများ        အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမား နှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက်လှဲစွာ  အထူးကျေးဇူးတင်လျက်ရှိ ကြောင်း သတင်းရရှိသည်။
ညိမ်းသူ(သတင်းစဉ်) ၊ ဓာတ်ပုံ - ကနူး