နိုင်ငံတော်အစိုးရမှ ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

ရန်ကုန်   မေ  ၂၂ 
နိုင်ငံတော်အစိုးရအနေဖြင့်  ပြည်ပတွင်   ရောက်ရှိ နေသည့်   အမိနိုင်ငံသားများ   အခက်အခဲကြုံတွေ့ နေရပါက    နိုင်ငံသားများအပေါ်     အလေးအနက် တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေ တွင်     တွေ့ကြုံနေရသည့်တိုင်      မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများ  ချိတ်ဆက်ပြီး အမိနိုင်ငံသား များ မြန်မာနိုင်ငံသို့   အေးချမ်းလုံခြုံစွာ   အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရေး    ဆောင်ရွက်ပေးလျက်ရှိ သည်။
အဆင်ပြေချောမွေ့စွာ ရောက်ရှိ
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဆော်ဒီအာရေဗျ နိုင်ငံ   ရီရတ်ဒ်မြို့၌    အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား   အမိနိုင်ငံသို့   အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန်      မြန်မာသံရုံးအနေဖြင့် ရီရတ်ဒ်မြို့ရှိ အာဏာပိုင်များနှင့်ညှိနှိုင်း၍ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ရာ   မြန်မာနိုင်ငံသူ   မအေးအေးပိုင် သည် မေ ၂၁ ရက်က ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ် မြို့မှ ဒေသစံတော်ချိန် ည ၁၂ နာရီ  မိနစ် ၅၀ တွင်  လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ပြီး Muscat မြို့နှင့် ဘန်ကောက်မြို့တို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ယနေ့ နံနက် ၉ နာရီ ၅ မိနစ်တွင် ပြန်လည်ရောက်ရှိခဲ့သည်။
မြန်မာနိုင်ငံသူ မအေးအေးပိုင်သည် ရီရတ်ဒ်မြို့ တွင် အလုပ်လုပ်ကိုင်စဉ် အလုပ်ပင်ပန်းမှု၊ အိမ်ရှင်နှင့် ဆက်ဆံရေး  အဆင်မပြေမှုတို့ကြောင့်  မြန်မာနိုင်ငံ သို့ ပြန်လိုသည့်အတွက်   အိမ်ရှင်မှ  မြန်မာသံရုံးသို့ လာရောက်ပို့ဆောင်ခဲ့ရာ  သံရုံးမှနေရာထိုင်ခင်းနှင့် စားသောက်ရေးအတွက်     ကူညီဆောင်ရွက်ပေးခဲ့ သည်။ ဆော်ဒီအာရေဗျနိုင်ငံမှ  အမြန်ဆုံးပြန်လည် ထွက်ခွာနိုင်ရန်       သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ     ပြန်လည်ထွက်ခွာခွင့် ရရှိခဲ့ပြီး       ယနေ့နံနက်ပိုင်းတွင်       ရန်ကုန်မြို့သို့  အဆင်ပြေချောမွေ့စွာ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ 
ဆော်ဒီအာရေဗျနိုင်ငံ  ရီရတ်ဒ်မြို့၌  အခက်အခဲ ကြုံတွေ့ခဲ့ရမှုကို     မအေးအေးပိုင်က   “ကျွန်မက မြင်းခြံမှာနေပါတယ်။    ရီရတ်ဒ်မှာ   လေးလအလုပ် လုပ်ခဲ့ပါတယ်။ ကိုယ့်မြန်မာနိုင်ငံနဲ့မတူတဲ့ ယဉ်ကျေး မှု၊ အစားအသောက်၊  အနေအထိုင်၊  ဘာသာစကား စတဲ့အခက်အခဲတွေကြောင့်  နေထိုင်ရတာ  အဆင် မပြေတဲ့အတွက်   မြန်မာသံရုံးကို    အကူအညီ တောင်းခံပြီး     ပြန်လာခဲ့တာပါ။     မြန်မာအမျိုးသမီး များကို အကြံပေးလိုပါတယ်။ အတတ်နိုင်ဆုံး ပြည်ပ မှာ အလုပ်လုပ်မယ်ဆိုရင် အဲဒီနိုင်ငံရဲ့အကြောင်းကို ပထမဆုံး ထဲထဲဝင်ဝင်သိရှိပြီးမှ သွားသင့်ပါတယ်။ ကိုယ့်နိုင်ငံထက်    ဝင်ငွေကောင်းတယ်ဆိုတဲ့   ငါးစာ တစ်ချက်နဲ့  နားမယောင်မိဖို့ တိုက်တွန်းလိုပါတယ်။ အမျိုးသားတွေထက်ပိုပြီး  နစ်နာဆုံးရှုံးမှုများလို့ပါ။ မြန်မာသံရုံးကို ရောက်တော့ နေထိုင်စားသောက်ဖို့ အားလုံးစီစဉ်ပေးပါတယ်။ သံအမတ်၊ သံမှူးနဲ့ ဝန်ထမ်း တွေက နွေးနွေးထွေးထွေးနဲ့ ကူညီစောင့်ရှောက်ကြ တော့ ဝမ်းနည်းဝမ်းသာ  ဖြစ်ရပါတယ်။  အခုလိုအမိ နိုင်ငံကို ပြန်လည်ခြေချခွင့်ရအောင် အစစအရာရာ     ကူညီစောင့်ရှောက်ပေးခဲ့ကြတဲ့    နိုင်ငံတော်အကြီး အကဲတွေနဲ့  သံရုံးဝန်ထမ်းအားလုံးကို ဒီနေရာကနေ ကန်တော့ပါတယ်။  ပြောမပြတတ်အောင်   အထူး ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသည်။
ပြန်လည်ခေါ်ဆောင်နိုင်ခဲ့
နိုင်ငံတော်အစိုးရအနေဖြင့်   ပြည်ပ၌   အလုပ် လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံ သားများကို မြန်မာသံရုံး၏ ညှိနှိုင်းကူညီဆောင်ရွက် မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြပြီး ယခုလို အမိနိုင်ငံသူတစ်ဦး အတိဒုက္ခကြုံတွေ့နေရ စဉ် ကူညီကယ်တင်ပေးမှုအပေါ် ကာယကံရှင်နှင့်  မိဘ ဆွေမျိုးများက နိုင်ငံတော်အစိုးရနှင့် မြန်မာသံရုံးတို့ ကို     လှိုက်လှိုက်လှဲလှဲ   အထူးကျေးဇူးတင်လျက် ရှိကြောင်း သိရသည်။
 ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး