
နေပြည်တော် ဇူလိုင် ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ် ကြီး H.E. Mr. Chen Hai အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ - တရုတ် နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှု တိုးတက်ကောင်းမွန် လျက်ရှိမှုနှင့် အေးအတူပူအမျှ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍအပါအဝင် ဘက်စုံမဟာဗျူဟာမြောက် သစ်တောသစ်ပင်များနှင့် စိမ်းလန်းစိုပြည် ပြီး သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပစေရန်တို့အတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူများ စားရေရိက္ခာ ဖူလုံရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန် သည့် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေး အတွက် သစ်ပင်သစ်တောများသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိနေခြင်းကြောင့် နိုင်ငံအဝန်း သစ်တောဖုံးလွှမ်းမှု တိုးတက်လာပြီး စိမ်းလန်းစိုပြည် သာယာလှပစေရေး၊ သစ်တောသယံဇာတများအပါအဝင် နိုင်ငံ ၏ သဘာဝသယံဇာတများကို ခေတ်မီ သည့် သိပ္ပံနှင့်နည်းပညာတီထွင်မှုများ ဖြင့် ပေါင်းစပ်ပြီး သားစဉ်မြေးဆက် ရေရှည်ထိန်းသိမ်း အသုံးချနိုင်ရေးတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားသည်။
ဦးဆောင်စိုက်ပျိုးပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကံ့ကော်ပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကောင်စီ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် နေပြည်တော် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကထိကဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူ များ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူ များသည် ပျိုးပင်များကို တစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင် များအား တပျော်တပါး စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲအခမ်းအနားတွင် ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ပိတောက် စသည့် သစ်မျိုး ၁၀ မျိုး၊ အပင် ၁၄၂၆ ပင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။
လိုက်လံကြည့်ရှုစစ်ဆေး
သစ်ပင်စိုက်ပျိုးပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များလိုက်ပါ၍ Naypyitaw State Polytechnic University ပရဝဏ်အတွင်းရှိ ရှုခင်းသာရင်ပြင်(View Point) နေရာဆောင်ရွက်ထားရှိမှုများ၊ သုံးထပ် ပင်မစာသင်ဆောင်အပါအဝင် ဝန်ထမ်းအိမ်ရာများ၊ စာသင်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူအဆောင်များ၊ အားကစား ကွင်းများ၊ စာကြည့်တိုက်နှင့် အခြား သင်ကြားမှု၊ သင်ယူမှုအထောက်အကူပြု အဆောက်အဦများ ဆောင်ရွက်ပြီးစီး မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ သုံးထပ်ပင်မစာသင် ဆောင်အတွင်း စာသင်ခန်းများ၊ စုဝေး ခန်းမများ တည်ဆောက်ပြီးစီးမှုအခြေအနေ များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်