
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များအလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများအား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံ လွှဲအပ်ခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
ဒီနေ့မှာတော့ မီဒီယာများမေးမြန်းနေတဲ့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ် များအလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံ လွှဲအပ်ခြင်းနှင့်ပတ်သက်ပြီး အခြေခံဥပဒေဆိုင်ရာ ကိစ္စများကို အသိပေးပြောကြားပါမယ်။
ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇူလိုင်လ ၁၈ ရက် နေ့က သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ယာယီ သမ္မတ ဦးမြင့်ဆွေကို အထူးဆေးကုသမှုအဖွဲ့နဲ့ ဂရုတစိုက် ကုသပေးလျက်ရှိပါတယ်။ သို့သော် ယာယီသမ္မတတာဝန်များကို ပြန်လည်ထမ်းဆောင် နိုင်ရန် ကျန်းမာရေးအခြေအနေ တိုးတက် ကောင်းမွန်မှုမရှိသေးတဲ့အတွက် တာဝန်လွှဲအပ် ခြင်းကို မနေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များနဲ့အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးစွာအသိပေး ပြောကြားလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အရေးပေါ် အခြေအနေကြေညာမှု၊ ပုဒ်မ(၄၁၂)အရ အရေးပေါ် အခြေအနေကြေညာမှုနဲ့ ဒီနှစ်ခုကို ဆက်စပ်ပြီး ဆောင်ရွက်ကြည့်မယ်ဆိုရင် အရေးပေါ်ကာလ မပြီးမြောက်သေးတဲ့ကာလအတွင်းမှာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှာပါဝင်တဲ့ ပုဂ္ဂိုလ်အချို့လစ်လပ်သွားစေကာမူ ကျန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထား တဲ့တာဝန်တွေကို မလွဲမသွေ ဆက်လက်ဆောင်ရွက် ရမှာဖြစ်ပါတယ်။ ပုဒ်မ ၄၁၂ (ခ) မှာဆိုရင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းရာတွင် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်နိုင်ခြင်းမရှိပါက အဖွဲ့ဝင်များ ဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးဌာနဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး တို့နဲ့ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို ထုတ်ပြန် ကြေညာနိုင်သည်လို့ ပြဋ္ဌာန်းထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ယာယီသမ္မတရဲ့ ကျန်းမာရေး အခြေအနေအရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးကို ယာယီသမ္မတ မတက် ရောက်နိုင်သည်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် ယာယီသမ္မတလစ်လပ်သွားရင် ပုဒ်မ ၄၁၂ (ခ)မှာပါတဲ့ အခြေခံဥပဒေရဲ့ သဘောတရားများအရ နိုင်ငံတော် ရဲ့ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို အဓိက ဆုံးဖြတ်ပေးရတဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေး ကောင်စီအစည်းအဝေးကို ဦးဆောင်ရန်အဖို့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော် ရဲ့အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော်သမ္မတကိုယ်စား ကျင့်သုံးဆောင်ရွက်လျက်ရှိသော နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သာဖြစ်ပါတယ်။
ဒါကြောင့်မို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးအာဏာကို သမ္မတ ကိုယ်စား လက်တွေ့ကျင့်သုံး ဆောင်ရွက်နေ တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုပဲ လွှဲပြောင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲ့မှာ တစ်ခုရှိတာကတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို ဘာကြောင့် ဦးဆောင်မှု မပြုရသလဲဆိုတာနဲ့ ပတ်သက်ပြီး ပုဒ်မ ၄၁၈ မှာတော့ ဒီလိုအခြေအနေမျိုး မှာ လွှတ်တော်ဥက္ကဋ္ဌပဲရှိပြီး လွှတ်တော်ကြီးမရှိတော့ ဘူး။ လွှတ်တော်ဥက္ကဋ္ဌ ဆက်လက်တည်ရှိနေတာက လည်း ပုဒ်မ ၄၂၄ အရ လွှတ်တော်ဥက္ကဋ္ဌအသစ်များ ရွေးကောက်တင်မြှောက်ပြီးပါက တာဝန်လွှဲပြောင်း ရေးအတွက်သာ ကျန်ရှိနေခြင်းဖြစ်လို့ ဖြစ်ပါတယ်။ အခြားသောမေးခွန်းတွေဖြစ်တဲ့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ယာယီ သမ္မတအဖြစ် ဆောင်ရွက်မှာလား၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ်ပဲ ဆောင်ရွက်မှာ လားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီးပြောရရင် မနေ့ က ကျွန်တော်တို့ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်ထဲ မှာလည်း ပါပြီးဖြစ်ပါတယ်။ အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များ အလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံ လွှဲပြောင်းအပ်နှံ တာဝန်ထမ်းဆောင်တာပဲ ဖြစ်ပါတယ်။
ဒါကြောင့် အခြေခံဥပဒေပုဒ်မ ၄၃၁ အရ အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်အာဏာကို ကျင့်သုံးရာမှာ နိုင်ငံတော် သမ္မတအမည်ဖြင့် ဖော်ပြဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဥပဒေပြု ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ အစိုးရအဖွဲ့ တို့ကပဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်(၅) ရပ်၊ ဦးတည်ချက် (၉)ရပ်တို့ အတိုင်း မပြောင်းမလဲ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အထူးအလေးထား ပြောကြားလိုတာကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မလွဲမသွေကျင်းပသွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။