နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့တက်ရောက်၍ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်၊ ရေဘေးရှောင်စခန်းနေပြည်သူများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား    ဇူလိုင်    ၅
မြစ်ကြီးနားမြို့၌  ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူသည်  ယနေ့ နံနက် ၈ နာရီခွဲက ပြည်နယ်ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ် သည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့    ပြည်နယ် ဝန်ကြီးချုပ်   ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်      ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်  ၎င်းတို့ ၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊   ပြည်နယ်/ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့်  ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊   သူနာ ပြု သားဖွားသင်တန်းကျောင်းနှင့် ပညာရေးကောလိပ်တို့မှ သင်တန်း သား/သင်တန်းသူများ၊    ဆုရ အမျိုးသမီးများ၊    ကျောင်းသား   ကျောင်းသူများ   တက်ရောက် ကြသည်။
ဦးစွာ အခမ်းအနားကို ကချင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဝင်များက     အမျိုးသမီးများနေ့ ဂုဏ်ပြုတေးသီချင်း သီဆိုဖျော်ဖြေ ဖွင့်လှစ်သည်။
ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် ဒေါ်ဒွဲဘူက   အဖွင့်အမှာစကား ပြောကြားရာတွင်     မြန်မာ အမျိုးသမီးများ၏     ထူးချွန် ထက်မြက်သည့် စွမ်းဆောင်ရည် ကောင်းများ၊ လေးစားဂုဏ်ယူဖွယ် ဂုဏ်ဒြပ်များနှင့်   အရေးပါသည့်    အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင် စေရေး    မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်မှုကို  အသိအမှတ်ပြု အလေးထားဂုဏ်ပြုသည့်  အနေ ဖြင့် ယခုလို မြန်မာအမျိုးသမီးများ နေ့ကို ကျင်းပပြီး     ပြည်နယ်အဆင့်    ဂုဏ်ပြုအခမ်းအနား     နှစ်စဉ် ကျင်းပပေးနေခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်    ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင်     အမျိုးသမီး စွမ်းအားစု၏  စွမ်းဆောင်ပါဝင်မှု ကို   ထိထိရောက်ရောက်ရယူရန် လိုအပ် သကဲ့သို့     အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို   ပိုမိုမြှင့်တင် ပေးရေး  ကြိုးပမ်းဆောင်ရွက်ကြ ရန်    တိုက်တွန်းလိုပါကြောင်း၊ ထို့ပြင် မြန်မာအမျိုးသမီးများသည် လောကကို တာဝန်ယူမည့်သူများ၊   လူငယ်လူရွယ်များ၏   အနာဂတ် ကို   လှပအောင်   ဖန်တီးသူများဖြစ် သည့်အတွက်  လူအဖွဲ့အစည်းများ မှတစ်ဆင့်   အမျိုးသမီးများ၏ အခွင့်အရေးများကို အလေးထား ဆောင်ရွက်ကာ  စွမ်းဆောင်ရည်  များ     ဖော်ထုတ်ပေးနိုင်ရေး   တိုက်တွန်းလိုကြောင်း  ပြောကြား သည်။ (အပေါ်ပုံ)
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်က  ဂုဏ်ပြု အမှာစကားပြောကြားသည်။
ဆက်လက်၍ ဂုဏ်ပြုဆုများ ကို ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက နေပြည်တော်၌ကျင်းပ ပြုလုပ်သည့် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း နှစ်ပတ်လည်အစည်းအဝေးတွင်   စီးပွားရေးကဏ္ဍလှုပ်ရှားမှု ထူးချွန် (ပထမဆု)ရရှိအောင် စွမ်းဆောင်ခဲ့ သော  ဥက္ကဋ္ဌ   ဒေါ်လွင်လွင်မော်၊ အမျိုးသမီးကြက်ခြေနီ ထူးချွန်ဆု ရ ဒေါ်အေးအေးငွေ၊ မြန်မာနိုင်ငံ အမျိုးသမီး နှင့်    ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းမှ  လူမှု ရေးကဏ္ဍဆိုင်ရာ    ထူးချွန်ဆုရရှိ သည့်     ဒေါ်ခင်လေးမေတို့ကို   ဂုဏ်ပြုချီးမြှင့်ငွေနှင့်     ဂုဏ်ပြု မှတ်တမ်းလွှာများကို  ပေးအပ် ချီးမြှင့်သည်။
ထို့နောက်  ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နာယက၊   ပြည်နယ်ဝန်ကြီး ချုပ်၏ဇနီးတို့က     အမျိုးသမီး လုပ်ငန်းရှင်များကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်၊    ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးတို့က အမျိုးသမီးရေးရာအဖွဲ့နှင့်  မိခင် နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့၏   လုပ်ငန်းများတွင်   ကာလကြာမြင့်စွာ     အားသွန် ခွန်စိုက်      ကြိုးပမ်းဆောင်ရွက်ခဲ့သူ များ၊ လူရည်ချွန်များ၊ တက္ကသိုလ် ဝင်စာမေးပွဲတွင်  ဂုဏ်ထူးရရှိသူ များ၊ အားကစားဆိုင်ရာကဏ္ဍများ တွင်   ထူးချွန်ဆုရရှိသူများကို လည်းကောင်း     ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့်   ဂုဏ်ပြု ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့် ကြသည်။
ယင်းနောက်   လူမှုဝန်ထမ်း မူလတန်းကြိုကျောင်းမှ   ကလေး ငယ်များနှင့်    မြန်မာအမျိုးသမီး များနှင့်   ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းတို့မှ    အမျိုး သမီးအဖွဲ့များက  တိုင်းရင်းသား ရိုးရာအကအလှများနှင့်    ကပြ သီဆိုဖျော်ဖြေမှုနှင့် မြန်မာအမျိုး သမီးများနေ့   ဗီဒီယိုကလစ်ကို   ကြည့်ရှုအားပေးကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် နှင့်  တာဝန်ရှိသူများက   အခမ်း အနားတွင်  တေးသီချင်း၊  အက အလှများဖြင့်     ဖျော်ဖြေတင်ဆက် ခဲ့သော     အကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ     ပေးအပ် ချီးမြှင့်၍    ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည်     မြန်မာ အမျိုးသမီးများနေ့အထိမ်းအမှတ် လူမှုဝန်ထမ်းဦးစီးဌာနက ခင်းကျင်း ပြသထားသော    ပြခန်းများကို လှည့်လည်ကြည့်ရှု  အားပေးကြ သည်။
မွန်းလွဲပိုင်းတွင်       နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် သည်    ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ   မြစ်ကြီး နားမြို့      ရှမ်းစုတောင်ရပ်ကွက် ရှိ    လူမှုဝန်ထမ်းဦးစီးဌာန၏   အိမ်တွင်းမှု     သက်မွေးလုပ်ငန်း    ပညာသင်တန်းကျောင်းသို့  သွား ရောက်ကြည့်ရှု      စစ်ဆေးပြီး     သင်တန်းများအတွက်   ထောက်ပံ့ ငွေများ      ထောက်ပံ့ပေးအပ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က     ရပ်/ရွာအခြေပြု သင်တန်းများ  တိုးချဲ့ဖွင့်လှစ်ပေး နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့နှင့်  ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် အောင်နန်းရပ်ကွက် အတွင်းရှိ    မဟာစည်သာသနာ့ ရိပ်သာကျောင်းတိုက်    ရေဘေး ရှောင်စခန်းသို့    သွားရောက်ပြီး ရေဘေးသင့်     ပြည်သူများကို အားပေးစကား   ပြောကြားကာ စခန်းရှိ အိမ်ထောင်စု ၂၅ စု၊ လူဦး ရေ   ၁၅၆  ဦးတို့အတွက်    ဆန် ငါးအိတ်၊  ခေါက်ဆွဲခြောက်  ၁၀ ဖာ၊ ငါးသေတ္တာတစ်ဖာ၊ ကုလားပဲ တစ်အိတ်နှင့်  ရေသန့်ကတ် ၂၀ ကိုထောက်ပံ့ပေးအပ်၍  ရေဘေး ရှောင်မိသားစုများက လိုအပ်ချက် များကို     တင်ပြဆွေးနွေးကြရာ လိုအပ်ချက်များအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    အဖွဲ့ ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဌာနဆိုင်ရာ  တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည်     မြစ်ကြီးနားမြို့  လယ်ကုန်းရပ်ကွက်အတွင်း မြစ်ရေ မြင့်တက်မှုကြောင့် နုန်းမြေများ တင်ကျန်နေမှုကို  လမ်းဦးစီးဌာန၊   စည်ပင်သာယာရေးအဖွဲ့ဝင်များ နှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း ၍ စက်ယန္တရားများဖြင့်  နုန်းမြေ များ  ဖယ်ရှားရှင်းလင်းနေမှုအခြေ အနေများကို    သွားရောက်ကြည့်ရှု အားပေးကြပြီး   ဝန်ထမ်းများ အတွက်    ထောက်ပံ့ချီးမြှင့်ငွေများ ကို   ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်