
နေပြည်တော် ဇူလိုင် ၂၇
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီးတင်အောင်စန်း ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေ ထွေအတွင်းရေးမှူးနှင့် သမ္မတ ဟောင်း ငုယင်ဖုကျောက်၏ နိုင်ငံတော်ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ညပိုင်း တွင် ရန်ကုန်မြို့သို့ လေကြောင်း ခရီးဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ စစ်သံမှူးနှင့် သံရုံးမှ တာဝန်ရှိသူ များ၊ တပ်မတော်အရာရှိကြီးများ က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။
ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၂၅ ရက် နံနက်ပိုင်းတွင် ဟနွိုင်းမြို့ ရှိ အမျိုးသားဈာပနခန်းမတွင် ယာယီထားရှိသော ဗီယက်နမ် ကွန်မြူနစ်ပါတီအထွေထွေအတွင်း ရေးမှူးနှင့် သမ္မတဟောင်း ငုယင်ဖုကျောက်၏ ရုပ်အလောင်း အား လွမ်းသူ့ပန်းခွေချခြင်း၊ ဂါရဝပြုခြင်းနှင့် ဝမ်းနည်းကြောင်း မှတ်တမ်းတွင် လက်မှတ်ရေးထိုး ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Senior Lieutenant General Le Huy Vinh (လဲ့ ဟွေး ဗင့်) နှင့် သီးသန့်တွေ့ဆုံခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဗီယက်နမ်ဆိုရှယ်လစ် သမ္မတ နိုင်ငံ သမ္မတ H. E. Mr. To Lam ထံ ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးနှင့် သမ္မတဟောင်း ငုယင်ဖုကျောက် ကွယ်လွန်ခြင်းအတွက် ထပ်မံ ပေးပို့လိုက်သော ဝမ်းနည်း ကြောင်း သဝဏ်လွှာအား ပေးအပ် ခဲ့သည်။
ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းတွင် ဟနွိုင်း မြို့ရှိ အမျိုးသားဈာပနခန်းမ၌ ကျင်းပပြုလုပ်သည့် အောက်မေ့ ဖွယ်အခမ်းအနားသို့ တက်ရောက် ခဲ့ပြီး အဆိုပါအခမ်းအနားတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ H. E. Mr. To Lam က ကွယ်လွန်သူ သက်ရှိထင်ရှားရှိစဉ် အတွင်း နိုင်ငံကောင်းကျိုးအတွက် စွမ်းစွမ်းတမံ ထမ်းရွက်ခဲ့မှုများကို ပြန်ပြောင်းသတိရလျက် ချီးကျူး ဂုဏ်ပြုစကား မြွက်ကြားခဲ့သည်။
ထို့နောက် ဗီယက်နမ်ကွန်မြူ နစ်ပါတီ အထွေထွေအတွင်းရေး မှူးနှင့် သမ္မတဟောင်း ငုယင် ဖုကျောက်၏ ရုပ်အလောင်းအား မီးသင်္ဂြိုဟ်မည့်နေရာသို့ လိုက်ပါ ပို့ဆောင်ခဲ့သည်။
အဆိုပါ ဈာပနအခမ်းအနားသို့ ပြည်ပနိုင်ငံပေါင်း ၂၇ နိုင်ငံမှ နိုင်ငံ တော်အကြီးအကဲများ၊ နိုင်ငံခြား ရေးဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။
ခရီးစဉ်အတွင်း ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာ သံရုံးသို့ သွားရောက်ခဲ့ပြီး သံရုံး ဝန်ထမ်းများ၊ စစ်သံစစ်မှုထမ်းများ၊ သင်တန်းသားအရာရှိများ၊ သံရုံး/စစ်သံရုံးမှ မိသားစုဝင်များနှင့် တွေ့ဆုံအမှာစကား ပြောကြား ကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်