
နေပြည်တော် ဇူလိုင် ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ် ကြီး H.E. Mr. Abhay Thakur ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံ များ ဖြစ်သည်နှင့်အညီ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံ နယ်စပ် ဒေသလုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုး ရေးများတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ်များ၊ ကာကွယ် ရေးဆိုင်ရာကိစ္စရပ်များ၊ သင်တန်း သားများ အပြန်အလှန်စေလွှတ် ရေး၊ စစ်ဘက်ဆိုင်ရာများ ပိုမို ပူးပေါင်း ဆောင်ရွက်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့ သည် တက်ရောက်လာကြသူများ နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ် ကြီး ကံမြင့်သန်းနှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြ ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံ သံအမတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူး Colonel Jaswinder Singh Gill နှင့် အိန္ဒိယတပ်မတော်မှ အရာ ရှိကြီးများ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်