နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Tharaka Balasuriya ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်   ဇွန်   ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး   ရာပြည့်သည်   သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး Mr. Tharaka Balasuriya ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌  လက်ခံ တွေ့ဆုံသည်။ 
တွေ့ဆုံစဉ်  မြန်မာ- သီရိလင်္ကာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် မြန်မာ နိုင်ငံရှိ သီရိလင်္ကာနိုင်ငံသားများအား  ကူညီကာကွယ်ပေးရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့  ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ သီရိလင်္ကာနိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကောင်စစ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Sisira Senevirathne နှင့် သံရုံးတာဝန်ရှိသူများ  တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။                                                                
သတင်းစဉ်