
နေပြည်တော် မေ ၃၁
၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ် အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်း များမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာန များမှ ဝန်ထမ်းများနှင့်ဝါသနာရှင် ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ကြည့်ရှုအားပေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်များသည် အခမ်း အနားသို့ တက်ရောက်လာကြသူ များနှင့်အတူ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ် အဖြစ် အမျိုးသမီးလေးယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ မွန်ပြည်နယ် အသင်းနှင့် ရခိုင်ပြည်နယ်အသင်း တို့၏ ယှဉ်ပြိုင်နေမှုကိုလည်း ကောင်း၊ အမျိုးသားလေးယောက် တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ပြည်ထောင်စု နယ်မြေ နေပြည်တော်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း တို့၏ ယှဉ်ပြိုင်နေမှုများကိုလည်း ကောင်း ကြည့်ရှုအားပေးကြသည်။
ပေးအပ်ချီးမြှင့်
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရန်ကျော်က အမျိုးသမီးနှစ်ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသ ကြီးအသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်း ဒေသကြီးအသင်း နှင့် တတိယဆုရရှိသည့် ရခိုင် ပြည်နယ်အသင်းတို့ကို လည်း ကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း က အမျိုးသားနှစ်ယောက်တွဲ အဖွဲ့ လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်း ဒေသကြီးအသင်းနှင့် တတိယဆု ရရှိသည့် ရှမ်းပြည်နယ်အသင်းတို့ကိုလည်းကောင်း ဂုဏ်ပြုဆု တံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင်က အမျိုးသမီးသုံးယောက် တွဲအဖွဲ့ လိုက်ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် မွန်ပြည်နယ်အသင်း၊ ဒုတိယဆုရရှိသည့် ရခိုင်ပြည်နယ် အသင်းနှင့် တတိယဆုရရှိသည့် ကချင်ပြည်နယ် အသင်းတို့ကို လည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာဘရွှေက အမျိုးသား သုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ တွင် ပထမဆုရရှိသည့် မန္တလေး တိုင်းဒေသကြီးအသင်း၊ ဒုတိယဆု ရရှိသည့် မကွေးတိုင်းဒေသကြီး အသင်းနှင့် တတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းတို့ကိုလည်း ကောင်း ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် ကြသည်။
ဂုဏ်ပြုဆုငွေများပေးအပ်
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာမှုထန်က အမျိုးသမီး လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ တွင် ပထမဆုရရှိသည့် ရခိုင် ပြည်နယ်အသင်း၊ ဒုတိယဆုရရှိ သည့် မွန်ပြည်နယ်အသင်းနှင့် တတိယဆုရရှိသည့် စစ်ကိုင်းတိုင်း ဒေသကြီးအသင်း တို့ကိုလည်း ကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်း မောင်က အမျိုး သားလေးယောက် တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်း၊ ဒုတိယဆုရရှိသည့် ပြည်ထောင်စုနယ်မြေနေပြည်တော် အသင်းနှင့် တတိယဆု ရရှိသည့် ကချင်ပြည်နယ် အသင်းတို့ကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ် များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပိုးရယ်အောင်သိန်းက အမျိုးသား တံခွန်စိုက် ဆုဖလားရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းကိုလည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူက အမျိုးသမီးတံခွန်စိုက် ဆုဖလားရရှိသည့် ရခိုင်ပြည်နယ် အသင်းကိုလည်းကောင်း တံခွန် စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့် ကြသည်။
၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်း ဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိ စေရန်၊ မြန်မာ့ပိုက်ကျော်ခြင်း အားကစား အဆင့်အတန်း တိုးတက် မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမား များ ပေါ်ထွက်လာစေရန်ရည်ရွယ် ၍ အမျိုးသားအသင်း ၁၅ သင်းနှင့် အမျိုးသမီးအသင်း ၁၃ သင်းတို့မှ အုပ်ချုပ်သူ/နည်းပြ၊ အားကစား သမား စုစုပေါင်း ၂၆၉ ဦးဖြင့် မေ ၂၃ ရက်မှ ၃၁ ရက်အထိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)၌ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်