
နေပြည်တော် ဇွန် ၄
“၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်း ဒေသကြီး ဂျူဒိုပြိုင်ပွဲ” ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၁၀ နာရီ က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)၌ကျင်းပရာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာ မှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲ ဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမား များ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာ နိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက် လာစေရန်နှင့် မြန်မာ့ဂျူဒို အားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည် ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ်တွင် ထိုင်း နိုင်ငံ၌ ကျင်းပမည့် (၃၃) ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှု ရရှိစေရန်အတွက် ယခုပြိုင်ပွဲမှ ထွက်ပေါ်လာမည့် မျိုးဆက်သစ် အားကစားသမားများကို စနစ် တကျ ရွေးချယ်လေ့ကျင့် ပျိုးထောင်ပေးသွားနိုင်ရန် လူရွေး ချယ်ရေးစီမံချက်နှင့် အောင်နိုင် ရေးစီမံချက်များကို ကြိုတင် ရေးဆွဲ ဆောင်ရွက်သွားကြရန် လိုကြောင်း။
ယခုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင် ကြမည့် အားကစားသမားမောင်/မယ်များသည် မိမိတို့ ကိုယ်စားပြု ယှဉ်ပြိုင်သည့် ပြည်နယ်နှင့် တိုင်း ဒေသကြီးအသင်း အနိုင်ရရှိရေး အတွက် မိမိတို့၏ အစွမ်းအစ အရည်အသွေးများကို အစွမ်းကုန် ဖော်ထုတ်ပြသပြီး ကြိုးစား ယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ ယှဉ်ပြိုင်ခြင်းသည် အဓိကဖြစ် သလို အနိုင်ရခြင်းသည်လည်း ပဓာနကျသည်ဆိုသော ခံယူချက် နှင့် မိမိတို့ ကိုယ်စားပြုယှဉ်ပြိုင် သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသင်း၏ ဂုဏ်ကို မြှင့်တင်နိုင်ရန် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွား ကြရန်နှင့် အားကစားသမား အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အားကစားသမားကောင်းပီသစွာ သတ်မှတ်ထားသော စည်းမျဉ်း/စည်းကမ်းများကို လေးစားလိုက်နာ ပြီး နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားပြီး “၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒို ပြိုင်ပွဲ” ကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်နယ်နှင့် တိုင်း ဒေသကြီးမှ ပြိုင်ဝင်အားကစား သမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်း သိန်းဇံနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသမားများကို ရင်း ရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ပထမနေ့ဂျူဒိုပြိုင်ပွဲ ရှုံးထွက်ပွဲစဉ် ၄၂ ကီလိုတန်းအောက် တစ်ဦး ချင်း အမျိုးသားဂျူဒိုပြိုင်ပွဲ၊ ၅၇ ကီလိုတန်းအောက် တစ်ဦးချင်း အမျိုးသမီး ဂျူဒိုပြိုင်ပွဲနှင့် ၃၈ ကီလိုတန်းအောက် တစ်ဦးချင်း အမျိုးသားဂျူဒိုပြိုင်ပွဲ ယှဉ်ပြိုင် နေမှုများကို ကြည့်ရှုအားပေး ကြသည်။
အဆိုပါ “၂၀၂၄ ခုနှစ် ပြည်နယ် နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ” ကို ပြည်နယ်နှင့် တိုင်းဒေသကြီးများ မှ အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၅ သင်း စုစုပေါင်းပြိုင်ပွဲဝင်အသင်း ၃၀ မှ အသင်းအုပ်ချုပ်သူ / နည်းပြ၊ အားကစားသမားအင်အား စုစု ပေါင်း ၂၆၉ ဦးဖြင့် ပြိုင်ပွဲကာလ ဇွန် ၄ ရက်မှ ၇ ရက်အထိ ဝဏ္ဏ သိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပ သွားမည်ဖြစ်ရာ ဂျူဒိုအားကစား နည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရ သည်။ သတင်းစဉ်