နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုယ်စား ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်တွင် လက်မှတ်ရေးထိုး

ရန်ကုန်   ဇူလိုင်   ၂၅


ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ  ဗဟိုကော်မတီ၏ အထွေထွေ  အတွင်းရေးမှူးဖြစ်သူ မစ္စတာ ငုယင်ဖုကျောက် ကွယ်လွန် ခြင်းအတွက်   သီရိမင်္ဂလာလမ်း၊ ကမာရွတ်မြို့နယ်  ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ     ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သံရုံးတွင် ဖွင့်လှစ်ထားရှိသော  ဝမ်းနည်းခြင်း အထိမ်းအမှတ်စာအုပ်၌     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကိုယ်စား  လက်မှတ်ရေးထိုး နိုင်ရေးအတွက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      အတွင်း ရေးမှူး        ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည်    နိုင်ငံခြား ရေးဝန်ကြီးဌာနမှ  တာဝန်ရှိသူများ လိုက်ပါ၍  ယနေ့မွန်းလွဲ ၂ နာရီ တွင်   ရောက်ရှိခဲ့ရာ    မြန်မာနိုင်ငံ ဆိုင်ရာ  ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Ly Quoc Tuan ၊ စစ်သံမှူး  Mr. Dao Van Duy နှင့် တာဝန်ရှိသူ များက     ကြိုဆိုနှုတ်ဆက်ကြ သည်။


ထို့နောက်         နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    အတွင်း ရေးမှူးသည်    ဗီယက်နမ်သံရုံးမှ သံအမတ်ကြီး၊ စစ်သံမှူးနှင့် တာဝန် ရှိသူများအား   သံရုံးဧည့်ခန်းမ၌ ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ ဗီယက်နမ် ကွန်မြူနစ်ပါတီ      အထွေထွေ အတွင်းရေးမှူး  ကွယ်လွန်ခဲ့ခြင်း အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏        ဝမ်းနည်း ကြောင်း၊     စာနာထောက်ထား ကြောင်း သတင်းစကားအား နှစ်ဦး နှစ်ဖက်  အပြန်အလှန် ပြောကြား ခဲ့ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် စာအုပ်၌       လက်မှတ်ရေးထိုးခဲ့ ကြောင်း သတင်းရရှိသည်။


မစ္စတာ    ငုယင်ဖုကျောက် သည်  ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်း ရေးမှူးအဖြစ်   ၂၀၁၁    ခုနှစ်တွင် စတင်   တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်  မြန်မာနိုင်ငံသို့ တရားဝင်      ချစ်ကြည်ရေးခရီး လာရောက်ခဲ့ကြောင်းနှင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ သမ္မတ အဖြစ်      တာဝန်ထမ်းဆောင်ခဲ့ ကြောင်း သိရသည်။  

သတင်းစဉ်