
နေပြည်တော် မေ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်မှုမရှိစေရေး ရှေးဟောင်းကန်များ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
မြကန်ရေလှောင်တမံ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာသက္ကရာဇ် ၄၅၀ ခုနှစ်၊ ခရစ်နှစ် ၁၀၈၈ ခုနှစ်၊ ပုဂံခေတ် ရှေးမြန်မာမင်းများ လက်ထက် ကတည်းက ကျန်စစ်သားမင်းကြီး တည်ဆောက်ခဲ့သည့် မြကန် ရေလှောင်တမံသို့ ရောက်ရှိကြ ရာ ရှင်းလင်းဆောင်ခန်းမတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများ က ၂၀၂၃ ခုနှစ် မေလအတွင်း မိုခါ မုန်တိုင်းတိုက်ခတ်၍ မိုးရွာသွန်းမှု ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေကြီးရေလျှံမှု များနှင့် ရှေးဟောင်းဘုရားစေတီ ပုထိုးများအတွင်းသို့ ရေများ ဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့်အခြေအနေများ၊ ထိုသို့ဖြစ်ပေါ်ခဲ့မှု ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် လာရောက်စစ်ဆေးစဉ် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်မှုကြောင့် သမိုင်းဝင်အမွေ အနှစ်များ ထိခိုက်ပျက်စီးမှုမဖြစ် စေရေး လိုအပ်သည်များ ကြိုတင် ပြင်ဆင်ထားရှိရန် လမ်းညွှန် မှာကြားမှုအရ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်း သန့်ရှင်းသာယာလှပစေရေး၊ ရေ ကြီး ရေလျှံမှုများဖြစ်ပေါ်မှုမရှိစေရန် ရေတွင်းရေကန်များ၊ ရေဝင် ရေထွက် လမ်းကြောင်းများအား လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှု များ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြကန်ရေလှောင် တမံဆိုင်ရာ အချက်အလက်များ နှင့် ခေတ်အဆက်ဆက် ပြုပြင် ထိန်းသိမ်း ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ မြကန်တမံအား ဘူမိရူပဗေဒဆိုင်ရာ စူးစမ်း လေ့လာမှုများအရ ရေစိမ့်ယိုမှု အနည်းငယ်နှင့် ရေငွေ့ပျံမှုများ ပြားခြင်းတို့ကြောင့် ရေသိုလှောင် ထားနိုင်မှု နည်းပါးလျက်ရှိသည် ကို တွေ့ရှိရသည့်အတွက် လိုအပ် သည့် ပြုပြင်ထိန်းသိမ်းမှုများ နှင့် ရေဝင်လမ်းကြောင်းများကို ရှင်းလင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရေလှောင်တမံများအား ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက် ခြင်း၊ အသစ်တည်ဆောက်ခြင်း များ ဆောင်ရွက်ရာတွင် ရေရှည် တည်တံ့ခိုင်မြဲစေရေး တာတမံများ ၏ ခံနိုင်ရည်စံနှုန်းအရည်အသွေး စစ်ဆေးခြင်းများကို အဆင့် အလိုက် စနစ်တကျဆောင်ရွက် သွားရန်လိုကြောင်း၊ ဆည်တာတမံ များကိုသာမက ရေဝင်ရေထွက် မြောင်းများကိုလည်း ကောင်းမွန် အောင် ဆောင်ရွက်ထားရှိရန် လိုအပ်သည့်အတွက် ရေလှောင် တမံများ၊ ရေလှောင်ကန်များ အားလုံး၏ ရေဝင်ရောက်ရာ လမ်းကြောင်းနှင့် ဆည်ရေသောက် ဧရိယာတစ်လျှောက် လမ်းကြောင်း များအတွင်း ရေကြောင်းပိတ်ဆို့မှု မရှိစေရေး၊ ရေဝင်ရေထွက် ကောင်းမွန်စေရေး အသေးစိတ် လေ့လာဆောင်ရွက်သွားရန် လို ကြောင်း၊ ရေသည် အထက်မှ အောက်သို့သာ စီးဆင်းတတ်သည့် သဘောသဘာဝဖြစ်သဖြင့် ရေစီး ရေလာ ကောင်းမွန်စေရေးအတွက် ရေဝင်ရောက်သည့် အနိမ့်ပိုင်းများ ၌ ရေဝင်ထွက်မှုကောင်းအောင် ဦးစားပေး ဆောင်ရွက်ရန်လို ကြောင်း၊ မိုးရွာသွန်းမှုများပြား ပါက ရှေးဟောင်းဘုရားစေတီ ပုထိုးများအတွင်းသို့ ရေစိမ့်ဝင်မှု များပြားလာပြီး ရှေးဟောင်းအမွေ အနှစ်များကို အနည်းနှင့်အများ ထိခိုက်ပျက်စီးလာစေနိုင်ကြောင်း၊ ထို့ကြောင့် ရေစီးရေလာကောင်းမွန် မှုရှိစေရေး၊ ရေဝင်ရေထွက် ကောင်းမွန်စေရေး အဓိကထား ဆောင်ရွက်ရန်လိုကြောင်း မှာကြား သည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် မြကန်ရေလှောင်တမံဧရိယာ အတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဖျောက်ဆိပ်ပင် ကန်အမှတ်(၁/၂/၃)
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ဖျောက်ဆိပ်ပင်ရွာအနီးရှိ ဖျောက် ဆိပ်ပင်ကန် အမှတ် (၁/၂/၃) ပြန်လည်တူးဖော် ထိန်းသိမ်း ထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ဆောင် ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ဖျောက်ဆိပ်ပင်ကန် အမှတ် (၁/၂/၃) တို့အား ပြုပြင်ထိန်းသိမ်း ထားရှိမှုများကို ကန်တစ်ခုချင်းစီ အလိုက် လိုက်လံကြည့်ရှုစစ်ဆေး ကာ တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဇေယျဝတီ(ဇေယျဝေရီ)ကန်
၎င်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် အရှေ့ဖွားစောကျေးရွာအနီး ရှိ ဇေယျဝတီ(ဇေယျဝေရီ)ကန် ပြုပြင်ဆောင်ရွက်ထားရှိမှုအခြေ အနေများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
မင်္ဂလာကန်အမှတ်(၃)
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် အနောက်ဖွားစောကျေးရွာ အနီးရှိ မင်္ဂလာကန်အမှတ်(၃) ပြုပြင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ မှာကြားသည်။
ရွာဟောင်းကြီးကန်နှင့် ရေတော်မုနိကန်
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ရွာဟောင်းကြီးကျေးရွာအနီး ရှိ ရွာဟောင်းကြီးကန်နှင့် ရေတော် မုနိဘုရားအနီးရှိ ရေတော်မုနိကန် တူးဖော်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိ သူများက ရေကန်များ တူးဖော်ရေး လုပ်ငန်းဆောင်ရွက်စဉ် ရှေးဟောင်း ရေကန်အုတ်ရိုးများ ပေါ်ထွက်လာ ခဲ့သဖြင့် ရှေးဟောင်းအမွေအနှစ်တူးဖော်ရေးလုပ်ငန်းများ ဆောင် ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပုဂံ ဒေသ စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအား စီမံချက်ချ ၍ ဆောင်ရွက်စဉ် ယခုကဲ့သို့ ရှေးဟောင်း အမွေအနှစ်များ ပေါ်ထွက်လာခြင်းသည် အဖိုး မဖြတ်နိုင်သည့် အကျိုးအမြတ် တစ်ခုပင်ဖြစ်ကြောင်း၊ ပေါ်ထွက် လာသည့် အုတ်ရိုးနမူနာအချို့ အား အမျိုးအစားခွဲ၍ စနစ်တကျ ထိန်းသိမ်းထားရှိရန်လိုကြောင်း၊ မိုးတွင်းကာလသို့ ရောက်ရှိပါက တူးဖော်ရေးလုပ်ငန်း ဧရိယာ အတွင်းသို့ ရေများဝင်ရောက်မှု မရှိစေရေးအတွက်လည်း ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိရန် လိုကြောင်း မှာကြားသည်။
ထိုကဲ့သို့ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရှေးဟောင်းကန်များ ပြန်လည် ပြုပြင်ဆောင်ရွက်လျက်ရှိမှု အခြေ အနေများအား လိုက်လံကြည့်ရှု စစ်ဆေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း၌ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်း ယဉ်ကျေးမှုလက်ရာများ အမြောက် အမြားရှိသည့်အတွက် ကြည့်ရှု လေ့လာသူများ၏ မဆင်မခြင် လုပ်ရပ်များနှင့် သဘာဝဘေးဒဏ် တို့ကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန် မိမိတို့ အနေဖြင့် တာဝန်ရှိကြောင်း၊ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ၊ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အတွင်း စိုက်ပျိုးမြေသုံးစွဲမှုအပါ အဝင် အခြားမြေအသုံးချမှုများ စနစ်တကျရှိစေရေး တာဝန်ရှိ သူများအနေဖြင့် ကြပ်မတ်ဆောင် ရွက်သွားရန်လိုပြီး သတ်မှတ်ထား သည့် စည်းမျဉ်းဥပဒေများနှင့် အညီ ဖြစ်ရန်လိုကြောင်း၊ အညာ ဒေသ၏ အငွေ့အသက်များ လျော့နည်းပပျောက်မှုမရှိစေရေး အတွက် စိုက်ပျိုးမြေများ၊ ဥယျာဉ် ခြံမြေများ၏ ခြံစည်းရိုးအနားသတ် များတွင် ထန်း၊ မန်ကျည်း၊ တမာ နှင့် ထနောင်းတို့ကဲ့သို့သော အညာ ဒေသနှင့် ကိုက်ညီသည့် အပင်များ စိုက်ပျိုးကြရန်လိုကြောင်း၊ ဧရိယာ ကျယ်ဝန်းသည့် စိုက်ခင်းများ အတွင်း၌လည်း အရိပ်ရအပင်များ အဖြစ် တမာနှင့် မန်ကျည်းပင်များ ကို စိုက်ပျိုးနိုင်ကြောင်း၊ ဒေသ တည်ငြိမ်အေးချမ်းပြီး စိမ်းလန်း စိုပြည် သာယာလှပမည်ဆိုပါက ခရီးသွားဧည့်သည်များ ပိုမိုများပြား လာမည်ဖြစ်ကာ ဒေသ၏ လူမှု စီးပွားဘဝများသည်လည်း ပိုမို တိုးတက် ဖွံ့ဖြိုးလာနိုင်မည်ဖြစ် ကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများကို ဆွေးနွေး မှာကြားသည်။
ပုဂံကမ္ဘာ့အမွေအနှစ် ဒေသ ရှိ ရှေးဟောင်းရေကန်များအား ပြန်လည်တူးဖော်ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများကို နိုင်ငံတော် အစိုးရမှ စီမံချက်ဖြင့် ဆောင်ရွက် လျက်ရှိပြီး ထာဝရကုသိုလ်ဖြစ် သည့် ရေကန်များပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများတွင် ပါဝင် လှူဒါန်းလိုသူ စေတနာရှင်ပြည်သူ များအနေဖြင့်လည်း ပါဝင်လှူဒါန်း နိုင်ရေး နေ့စဉ်ထုတ်သတင်းများ၌ လည်း နှိုးဆော်ထားရှိကြောင်း သိရှိရသည်။
မြင်းပျံပုန်းရည်ကြီးစက်ရုံ
သွားရောက်ကြည့်ရှုအားပေး
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ညောင်ဦးမြို့ သီရိမင်္ဂလာ ရပ်ကွက်ရှိ မြင်းပျံပုန်းရည်ကြီး ထုတ်လုပ်မှုလုပ်ငန်းသို့ သွားရောက် လေ့လာကြည့်ရှုကြရာ လုပ်ငန်း ရှင် ဦးခင်မောင်ဝင်းနှင့် ဒေါ်ခင်စော ဝေတို့က ပုန်းရည်ကြီး ထုတ်လုပ် မှုအဆင့်ဆင့်အား လိုက်လံ ရှင်းလင်းပြသသည်။ ရှင်းလင်း ပြသမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က ယခုကဲ့သို့ ဒေသထုတ်ကုန်လုပ်ငန်း အောင် မြင်မှုများကို တွေ့ရသည့်အတွက် ဝမ်းသာမိပါကြောင်းနှင့် လုပ်ငန်းပိုမိုတိုးချဲ့ဖွံ့ဖြိုးအောင် ဆက်လက် ဆောင်ရွက်သွားရန် လိုကြောင်း၊ စက်ရုံအတွင်း လုပ်ငန်းဆောင် ရွက်မှုများအား သန့်ရှင်းသပ်ရပ်မှု ရှိရေးနှင့် ကျန်းမာရေးနှင့်ညီညွတ် မှုရှိရေးကိုလည်း အလေးထား ဆောင်ရွက်သွားရန် လိုကြောင်း ဖြင့် ဆွေးနွေးပြောကြားကာ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်