
နေပြည်တော် ဇွန် ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ် နှင့် မှော်ဝန်းချောင်းအကြားနေရာ ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေး ဇုန် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ ကို သွားရောက်ကြည့်ရှု စစ်ဆေး သည်။
လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်အား မွေးမြူရေးဇုန်ရှင်းလင်း ဆောင်၌ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောနှင့် တာဝန်ရှိ သူများက ရွှေပြည်စိုက်ပျိုးမွေးမြူ ရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ သီလဝါ ဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန်နှင့် ၂၆ မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်တို့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်း ညွှန်ချက်များကို အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေ များ၊ ဘက်စုံစိုက်ပျိုးမွေးမြူရေး ဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက် ပြီးစီးပြီး လုပ်ငန်းလည်ပတ်နေမှု အခြေအနေများ၊ ငါး၊ ဥစားဘဲ၊ ဥစားကြက်၊ အသားတိုးကြက်၊ နို့စားနွား၊ အသားစားနွား၊ အသား တိုးဝက် စသည့်မွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် အထွက် နှုန်း တိုးတက်မြင့်မားစေရေး မျိုးကောင်းမျိုးသန့်များ ရွေးချယ် မွေးမြူခြင်း၊ ခေတ်မီစက်ယန္တရား များ အသုံးပြုမွေးမြူခြင်း၊ သားဖောက် မွေးမြူခြင်းများ ဆောင်ရွက်လျက်ရှိပြီး အစာ ပြည့်စုံကောင်းမွန်မှုရှိစေရေးစီမံဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ ထွက်ရှိလာသည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို ဈေးကွက်အတွင်းသို့ ဖြန့်ဖြူး လျက်ရှိသည့် အခြေအနေများ၊ မွေးမြူရေးဇုန်များ၌ အစာစပ် လုပ်ငန်းနှင့် အစာတောင့်စက်များ ထုတ်လုပ်လျက်ရှိမှု၊ နို့ထွက် ပစ္စည်းများ ထုတ်လုပ်ရောင်းချ လျက်ရှိမှု အခြေအနေများ၊ ရော်ဘာစိုက်ပျိုးရေး စီမံကိန်း အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
အထွက်နှုန်းများ
တိုးမြင့်လာစေရေးဆောင်ရွက်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က ရန်ကုန်တိုင်းဒေသကြီး အတွင်း ယခုကဲ့သို့ စိုက်ပျိုးမွေးမြူ ရေးဇုန်များ ဖော်ဆောင်၍ ဆောင် ရွက်လျက်ရှိခြင်းသည် ရန်ကုန် တိုင်းဒေသကြီးအတွင်း အသား၊ ငါးနှင့် ရာသီသီးနှံဖူလုံမှုရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ် ကြောင်း၊ တိုင်းဒေသကြီးအတွင်း စက်ရုံ၊ အလုပ်ရုံများစွာရှိပြီး လူဦးရေ များပြားစွာ ရှိနေခြင်းကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား မျှတစေရန်နှင့် အခြေခံစားကုန် များ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ အသား၊ ငါးနှင့် ရာသီသီးနှံများ ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ စိုက်ပျိုး မွေးမြူရေးဇုန်များအတွင်းမြေအသုံး ချမှုများကို အကျိုးရှိရှိအသုံးချနိုင် ရန်လိုကြောင်း၊ ယနေ့တွင် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ကို ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်သည့်အတွက် သန်လျင်ဒေသသည် ယခင်က ထက် များစွာဖွံ့ဖြိုးတိုးတက်လာ မည် ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ကိုလည်း တိုးချဲ့ဆောင်ရွက်သွား ရန် လိုသကဲ့သို့ အထွက်နှုန်းများ တိုးမြင့်လာစေရေးအတွက်လည်း စနစ်တကျ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဥစားကြက်၊ ဘဲ မွေးမြူရေးနှင့် ပတ်သက်၍ ဥထွက်ရှိမှုပမာဏ၊ ဥသည့် အချိန် ကာလတို့ကို စနစ်တကျ တွက်ချက်ချိန်ညှိ၍ အသုတ်လိုက် မွေးမြူသည့်စနစ်ဖြင့် စဉ်ဆက် မပြတ် ဆောင်ရွက်ကြရမည်ဖြစ် ပြီး အထွက်နှုန်းတိုးမြင့်လာစေ မည့် မွေးမြူရေးနည်းလမ်းများကို လည်း ဆက်လက်လေ့လာ ဆောင်ရွက်သွားကြရန်လိုကြောင်း။
အထွက်နှုန်းများ တိုးတက်ကောင်းမွန်
အမြတ်ရရှိရေးသည် အဓိက မဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီး ရှိ ပြည်သူလူထုအနေဖြင့် အသား၊ ငါးနှင့်ရာသီသီးနှံများကို သက်သာ သော ဈေးနှုန်းများဖြင့် ဝယ်ယူ စားသောက်နိုင်စေရေး အတွက် အဓိကဆောင်ရွက်ခြင်းဖြစ်သဖြင့် ယခုထက် ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွားကြရန်မှာကြားလို ကြောင်း၊ မွေးမြူရေးဆောင်ရွက် ရာ၌ နည်းလမ်းစနစ်မှန်ကန်ရန်နှင့် အစာနှင့်ရေကို ပြည့်ပြည့်ဝဝ ကျွေးမွေးမည်ဆိုပါက အထွက်နှုန်း များလည်း တိုးတက်ကောင်းမွန် နေမည်ဖြစ်ကြောင်း။
စိုက်ပျိုးမွေးမြူရေး ဇုန်များ မှ ထွက်ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းသို့ ဖြန့်ဖြူး ရောင်းချရာ၌ ပြည်သူလူထု၏ လက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိမှ သာလျှင် ဈေးနှုန်းသက်သာမည် ဖြစ်သည့်အတွက် မြို့တော် စည်ပင်သာယာရေးအဖွဲ့၊ တိုင်းစစ် ဌာနချုပ် သက်သာချောင်ချိရေး အရောင်းဆိုင်များနှင့် ချိတ်ဆက် ဆောင်ရွက်နေရန် လိုကြောင်း၊ ပြည်တွင်းစားသုံးမှု ဖူလုံအောင် ထုတ်လုပ်နိုင်ပြီးပါက ထပ်မံတိုးချဲ့ ထုတ်လုပ်၍ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများသို့ လည်း အေးခဲအသား၊ ငါးများ တင်ပို့ ရောင်းချနိုင်မည် ဖြစ်ကြောင်း၊ ဒေသတွင်းနိုင်ငံ အများအပြား အနေဖြင့် အသား၊ ငါးနှင့် စိုက်ပျိုး ရေးထွက်ကုန်သီးနှံ လိုအပ်ချက် မြင့်မားလျက်ရှိသည်ကို လေ့လာ တွေ့ရှိချက်များအရ သိရှိရသဖြင့် ခိုင်မာသည့်ဈေးကွက်ဝယ်လိုအားရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိ တို့အနေဖြင့် ပြည်တွင်းစားသုံးသူ များ၏ လိုအပ်ချက်ကို ပြည့်မီ အောင်ဆောင်ရွက်ပြီး ပြည်ပသို့ အရည်အသွေး ပြည့်မီသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင်လည်း မိရိုးဖလာ သမားရိုးကျ နည်းလမ်းများဖြင့် မွေးမြူခြင်းထက် ခေတ်မီနည်း စနစ်များ အသုံးပြုစိုက်ပျိုးသည့် နည်းလမ်းများကို အသုံးပြုဆောင် ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများဖြင့် အောင်မြင်နေသည့် နိုင်ငံများ၏ စိုက်ပျိုးရေး နည်းလမ်းများ၊ မွေးမြူရေး နည်းလမ်းများကို လည်း အမြဲမပြတ်လေ့လာ၍ အတုယူဆောင်ရွက်ကြရန် မှာကြား လိုကြောင်း ပြောကြားသည်။
ခင်းကျင်းပြသထားမှုများ
ကြည့်ရှု
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်တွင် မွေးမြူထား ရှိသည့် ငါးအမျိုးအစားနမူနာ ပြသထားရှိမှုများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ ခင်းကျင်း ပြသထားမှုများကို ကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် မွေးမြူရေးဇုန်အတွင်းရှိ ငါးသားဖောက်လုပ်ငန်းဆောင်ရွက်နေမှုနှင့် ငါးသားပေါက်မွေးမြူထားရှိမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
လိုအပ်သည်များမှာကြား
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သီလဝါ ဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန် အတွင်း လှည့်လည်၍ ဘဲမွေးမြူ ရေးဆောင်ရွက်ထားရှိမှုနှင့် ငါး မွေးမြူရေး ဆောင်ရွက်ထားရှိမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူ ရေးလုပ်ငန်းများ စနစ်တကျဖြစ် စေရေးအတွက် လိုအပ်သည်များ ကို မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်