
နေပြည်တော် ဇွန် ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲ ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့မှ ဝန်ကြီးချုပ်များ၊ အလယ် ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန် ရှိသူများလိုက်ပါ၍ မန္တလေးတိုင်းဒေသ ကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နှင့် ဝမ်းတွင်းမြို့နယ်တို့အတွင်းရှိ ပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းများနှင့် ဒေသ ထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု အားပေးသည်။
ဆိတ်နှင့်သိုး မွေးမြူရေးလုပ်ငန်း
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိတ္ထီလာ-သာစည်လမ်း ရှိ ဦးမြဟန် ဆိတ်နှင့်သိုးမွေးမြူရေးလုပ်ငန်း သို့ ရောက်ရှိကြရာ လုပ်ငန်းရှင် ဦးမြဟန် က ဆိတ်နှင့် သိုးများမွေးမြူထားရှိမှု၊ ဒေသထွက်ကုန်များဖြစ်သည့် ဝါစေ့ခွံ၊ ဆီးခွံ၊ ပဲနောက်၊ ပဲတီစိမ်းဖတ်များ၊မြေပဲရိုးများဖြင့် စပ်စာကျွေးမွေး လျက်ရှိမှု၊ ဈေးကွက်သို့ တင်ပို့ ရောင်းချလျက်ရှိမှုနှင့် လုပ်ငန်း လည်ပတ်နေမှု အခြေအနေများ ကို လိုက်လံရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့ ဒေသတွင်း မွေးမြူရေးလုပ်ငန်းအောင်မြင်ဖြစ်ထွန်းမှုကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက် မိပါကြောင်း၊ မိရိုးဖလာစနစ် အတိုင်း မွေးမြူခြင်းထက် စနစ် ကျနသည့် မွေးမြူရေးလုပ်ငန်း အဖြစ်သို့လည်း အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်လိုကြောင်း၊ မွေးမြူထုတ်လုပ်သူနှင့် ဝယ်ယူ စားသုံးသူတို့၏အကြား၌ ကြားခံ အဆင့်များ များနေပါက အသားငါး ဈေးနှုန်းများသည်လည်း ကြီးမြင့် နေမည်ဖြစ်သဖြင့် မွေးမြူထုတ်လုပ် သူနှင့် စားသုံးသူတိုက်ရိုက် စနစ် တစ်ခုကို ဖော်ဆောင်နိုင်ရန်လိုအပ် မည်ဖြစ်ကြောင်း၊ အကောင်လိုက် ရောင်းချခြင်းထက် အသားကို အဆင့်မီ ထုတ်ကုန်အဖြစ် ထုတ်လုပ်၍ အေးခဲသားများ၊ အသားခြောက်များ ပြုလုပ် ရောင်းချနိုင်ရေးအတွက် အသား ထုတ်လုပ်မှု စက်ရုံကိုလည်း ဆောင်ရွက်သင့်ကြောင်း၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများ ထိုက်သင့် သည့်အမြတ်ရရှိရေး၊ စားသုံးသူ များ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေး ဖြစ်သင့်ဖြစ်ထိုက်သည့် အသား ဈေးနှုန်းများကို သတ်မှတ် ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း ဆွေးနွေးပြောကြားပြီး လုပ်ငန်း ခွင်အခက်အခဲများကို မေးမြန်း ကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
GARDEN FAMILY ဆိတ်မွေးမြူရေးလုပ်ငန်း
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ဆူးဖြူခက်ကျေးရွာရှိ GARDEN FAMILY ဆိတ်မွေးမြူ ရေးလုပ်ငန်းသို့ ရောက်ရှိကြရာ လုပ်ငန်းရှင် ဦးမောင်မြင့်က လုပ်ငန်းလည်ပတ်လျက်ရှိသည့် အခြေအနေများ၊ ဂျိတ်နီဆိတ်မျိုး နှင့် ထိန်စမ်းဆိတ်မျိုးတို့ကို မွေးမြူထားရှိမှု အခြေအနေများ၊ အစာကျွေးမွေးမှု စနစ်များနှင့် နေဗီယာမြက်စိုက်ခင်း ဆောင်ရွက် ထားရှိမှုတို့ကို လိုက်လံရှင်းလင်း တင်ပြသည်။ ရှင်းလင်းတင်ပြမှု များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဒေသတွင်းထွက်ရှိ သည့်ကုန်ကြမ်းများကို အကျိုးရှိရှိ အသုံးပြု၍ ယခုကဲ့သို့မွေးမြူရေးလုပ်ငန်းအောင်မြင်ဖြစ်ထွန်းမှုကို တွေ့ရသည့်အတွက် ဝမ်းမြောက် ပါကြောင်း၊ ဆိတ်များအား အမျိုး အစားအလိုက်၊ အသက်အရွယ် အလိုက် အသားနူးညံ့မှုနှုန်းထား နှင့် အာဟာရပါဝင်မှုနှုန်းထား များကိုလည်း သုတေသနပြု ဆောင်ရွက်သင့်ကြောင်း၊ ပြည်ပ နိုင်ငံများ၏ မွေးမြူမှုစနစ်များ နှင့် အစာကျွေးမွေးမှုစနစ်များကို လည်း အမြဲမပြတ်လေ့လာကြည့်ရှု ရန်လိုကြောင်းနှင့် အခြားလိုအပ် သည်များကို ဆွေးနွေးပြောကြား ကာ GARDEN FAMILY ဆိတ် မွေးမြူရေးလုပ်ငန်းမှ ဝန်ထမ်းများ ကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
ကောင်းထက်စံ နို့စားနွားမွေးမြူရေးလုပ်ငန်း
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် တောမကျေးရွာရှိ ကောင်းထက်စံ နို့စားနွားမွေးမြူရေးခြံသို့ ရောက်ရှိ ကြရာ လုပ်ငန်းရှင် ဦးခင်မောင် ဝင်းက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ နို့စားနွားများ မွေးမြူထားရှိမှု၊ နွားသားပေါက် များ မွေးမြူထားရှိမှုနှင့် နေ့စဉ် နို့ထုတ်လုပ်ရရှိမှု အခြေအနေများ၊ ဝင်းဝင်း ‘တမ’ နို့ချက်စက်ရုံမှ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိသည့် အခြေအနေ များကို လိုက်လံရှင်းလင်းတင်ပြ သည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ မေးမြန်းပြီး နို့နှင့် နို့ထွက်ပစ္စည်းများအား ပြည်ပနိုင်ငံများမှ တင်သွင်းနေရမှု အပေါ် ပြည်တွင်းထုတ် နို့နှင့် နို့ထွက်ပစ္စည်းများဖြင့် အစားထိုး နိုင်ရန် လိုအပ်သည့်အခြေအနေ များနှင့် အခြားလိုအပ်သည်များ ကို အကြံပြု ဆွေးနွေးပြောကြား သည်။
Leader of Textile Public Co.,Ltd
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် မိတ္ထီလာခရိုင် ဝမ်းတွင်း မြို့နယ်သို့ ရောက်ရှိကြပြီး မြန်မာနိုင်ငံရှိ မိရိုးဖလာရက်ကန်း လုပ်ငန်းများကို ခေတ်မီတိုးတက် စေရန်၊ အရည်အသွေးပြည့်မီသော ချည်ထည်များ ထုတ်လုပ်၍ ပြည်တွင်း၌သာမက ပြည်ပသို့ တင်ပို့နိုင်ရန် ဝမ်းတွင်း၊ သာစည်၊ မိတ္ထီလာ၊ ရွှေတောင်၊ အမရပူရ မြို့နယ်များမှ ရက်ကန်းလုပ်ငန်းရှင် များ စုပေါင်း၍ တည်ထောင်ထား သည့် Leader of Textile Public Co.,Ltd သို့ ရောက်ရှိကြရာ ဒါရိုက် တာ အဖွဲ့ဝင် ဦးလှဘူးနှင့် အင်ဂျင် နီယာ ဦးအောင်နိုင်ထွန်းတို့ က လုပ်ငန်းလည်ပတ်နေမှုအခြေ အနေများနှင့် လုပ်ငန်းလိုအပ် ချက် အခက်အခဲများကို လိုက်လံ ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က သိရှိလိုသည် များ ပြန်လည်မေးမြန်းဆွေးနွေးပြီး အခက်အခဲများအား ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသည်။
ကိန္နရီ ချည်ချောလုံချည်
ထုတ်လုပ်ရေးလုပ်ငန်းစု
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ဝမ်းတွင်းမြို့ရှိ ရွှေသဲတော ကုမ္ပဏီ၊ ကိန္နရီချည်ချောလုံချည် ထုတ်လုပ်ရေး လုပ်ငန်းစုသို့ ရောက်ရှိကြရာ လုပ်ငန်းမှ ဦးမြတ် မိုးဝင်းနှင့် ဒေါ်သန်းသန်းအေးတို့ က ချည်ငင်လုပ်ငန်းဆောင်ရွက်မှု၊ ရက်ကန်းခတ်လုပ်ငန်း ဆောင်ရွက် မှု၊ ဒေသတွင်း အလုပ်အကိုင် ဖော်ဆောင်ပေးနိုင်မှုနှင့် အရည် အသွေး ထိန်းသိမ်းရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လိုက်လံ ရှင်းလင်းတင်ပြကြပြီး ထုတ်လုပ် ထားသည့် ပုဆိုးများကို ခင်းကျင်း ပြသသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က ပြည်တွင်း အထည် အလိပ် ထုတ်လုပ်ရေးလုပ်ငန်းများ ၌အချို့သောချည်များကို ပြည်ပမှ တင်သွင်းနေရကြောင်း၊ ပြည်တွင်း ထုတ်ချည်မျှင်များကို အရည် အသွေးပြည့်မီအောင် ဆောင်ရွက် ပြီး အသုံးပြုနိုင်ပါက ပိုမိုအကျိုးရှိ စေမည်ဖြစ်ပြီး ထုတ်လုပ်မှုကုန်ကျ စရိတ်များလည်း လျော့ကျလာစေ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းမှထွက်ရှိသည့် ချည်များ ဖြင့် အထည်များထုတ်လုပ်နိုင်ရေး သုတေသနပြုဆောင်ရွက်သွားရန် လိုကြောင်း ဆွေးနွေးပြောကြား ပြီး လုပ်ငန်းခွင်အခက်အခဲ များအား မေးမြန်းကာ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်