နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ထူးချွန်ကျောင်းသား ကျောင်းသူများ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သို့ သွားရောက်လေ့လာ

 

နေပြည်တော်   ဩဂုတ်   ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ      ထူးချွန် ကျောင်းသား ကျောင်းသူများကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှင်သန် ထက်မြက်စေရေး၊    ပြည်တွင်း ပြည်ပ အတွေ့အကြုံကောင်းများ ရရှိစေရေးတို့အတွက် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်    စာမေးပွဲတွင် ဘာသာတွဲအလိုက်    ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့်  ကျောင်း သား ကျောင်းသူ ၃၀ ကို နိုင်ငံတော် အစီအစဉ်ဖြင့် ဩဂုတ် ၉ ရက်မှ ၁၃ ရက်အထိ ပြည်ပလေ့လာရေး ခရီးစဉ်စေလွှတ်ခဲ့သည်။
အဆိုပါ ထူးချွန်ကျောင်းသား ကျောင်းသူများအဖွဲ့သည်  ထိုင်း နိုင်ငံတွင် သြဂုတ် ၉ ရက်‌မှ ၁၀ ရက်အထိ လည်ပတ်လေ့လာခဲ့ကြ ပြီး သြဂုတ် ၁၁ ရက်တွင် စင်ကာပူ နိုင်ငံသို့ရောက်ရှိ၍ မြန်မာသံရုံးနှင့် Merlion Park  တို့သို့   လည်ပတ် လေ့လာကြသည်။ သြဂုတ် ၁၂ ရက် တွင်  Botanic   Garden   သို့ သွားရောက်ကြကာ    အဆိုပါ Botanic   Garden   အတွင်း၌ ပျော်ရွှင်စွာ   လှည့်လည်ကြည့်ရှု လေ့လာပြီး အမှတ်တရ မှတ်တမ်း ဓာတ်ပုံများရိုက်ခဲ့ကြသည်။
ထို့ပြင် Clementine Road ရှိ Singapore Institute of Mana-gement (SIM)သို့ ရောက်ရှိကြရာ Singapore Institute of Man-agement မှ တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုကြကာ ထူးချွန် ကျောင်းသား  ကျောင်းသူများကို အဆိုပါကျောင်းရှိ SIM  Heritage Gallery ၌  Ms  Celia  Her   က တက္ကသိုလ်ဆိုင်ရာ အချက်အလက် များကို   ရှင်းလင်းပြောကြား၍ တက္ကသိုလ်    တာဝန်ရှိသူများနှင့် အတူ      မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက်   ထူးချွန်ကျောင်း သား ကျောင်းသူများကို Theatre ၌ တွေ့ဆုံကာ တက္ကသိုလ် ၏ Vice Provost Dr Timothy Chan က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြော ကြားပြီး    စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံရုံးယာယီတာဝန်ခံ ဦးဇော်ဇော်စိုးက   ကျေးဇူးတင် စကားပြောကြားကာ   Ms  Celia Her  က   SIM     University တက္ကသိုလ်အကြောင်း   မိတ်ဆက် ပြောကြား၍ Dr Liam Kim Yang က  တက္ကသိုလ်တွင်   သင်ယူနိုင် သော   သင်တန်းများအကြောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက်   မြန်မာနိုင်ငံမှ ပညာသင်ကျောင်းသားတစ်ဦးက ၎င်း၏   ပညာသင်အတွေ့အကြုံ များကို    ရှင်းလင်းပြောကြားပြီး ထူးချွန်ကျောင်းသား ကျောင်းသူ များက     သိရှိလိုသည်များကို မေးမြန်းကြရာ     သက်ဆိုင်ရာ တာဝန်ရှိသူများက   ပြန်လည် ရှင်းလင်းဖြေကြားကြသည်။
ဆက်လက်၍   လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ် ကြပြီး အဆိုပါကျောင်းတွင် ပညာ သင်ယူနေသော Student Amba-ssadors   မြန်မာကျောင်းသား ကျောင်းသူတို့က    ဦးဆောင်၍ တက္ကသိုလ်     စာကြည့်တိုက်၊ အားကစားရုံ၊ Student’s Well-ness Centre ၊ Canteen စသည် တို့ကို အဖွဲ့ သုံးဖွဲ့ခွဲ၍   Campus Tour အဖြစ် လှည့်လည်ရှင်းလင်း ပြသကြသည်။
မွန်းလွဲပိုင်းတွင် လေ့လာရေး ထူးချွန်ကျောင်းသား  ကျောင်းသူ များသည် Garden by the Bay သို့ရောက်ရှိပြီး Flower Dome နှင့် S.E.A Aquarium တို့ကို လေ့လာ ကြသည်။
ထို့နောက် Sentosa ကျွန်းသို့ သွားရောက်ပြီး အဆိုပါ Sentosa ကမ်းခြေရှိ Tourist Attractions နေရာများကို  လည်ပတ်ကြကာ ရေသားဖန်သားပြင်ဖြင့် ပြသသော  ‘Wings of the Time’  ကို အပန်းဖြေ ကြည့်ရှုကြသည်။ (အပေါ်ပုံ)
အဆိုပါ ထူးချွန်ကျောင်းသား ကျောင်းသူများနှင့် အုပ်ချုပ်သူများ သည် ယနေ့နံနက် ၉ နာရီခွဲတွင် စင်ကာပူနိုင်ငံ  ချန်ဂီလေဆိပ်သို့ ရောက်ရှိပြီး Jewel   Shopping Centre  ၌    လှည့်လည်ကြည့်ရှု လေ့လာဈေးဝယ်ကြသည်။
ယင်းနောက် အဆိုပါအဖွဲ့သည် မြန်မာအမျိုးသား   လေကြောင်း လိုင်းဖြင့် စင်ကာပူနိုင်ငံမှ ထွက်ခွာ ကြရာ မွန်းလွဲပိုင်းတွင်   ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိကြပြီး တာဝန် ရှိသူများနှင့် ကျောင်းအုပ်ကြီးများ၊   ဆရာ   ဆရာမများ၊ ကျောင်းသား မိဘများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌    လာရောက် ကြိုဆိုကြကာ (အောက်ပုံ) ထူးချွန် ကျောင်းသား   ကျောင်းသူများ သည် အုပ်ချုပ်သူများ၊ သက်ဆိုင် ရာမိဘများနှင့်အတူ      နေရပ် အသီးသီးသို့   ပြန်လည်ထွက်ခွာ သွားကြသည်။
နိုင်ငံတော်    စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီး ချုပ်က ဇူလိုင် ၂၂ ရက် တွင် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌       ၂၀၂၄   ခုနှစ် တက္ကသိုလ်ဝင်     စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများကို     ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပြီး  အဆိုပါကျောင်းသား ကျောင်းသူများအနက် တက္ကသိုလ် ဝင်စာမေးပွဲ  ဘာသာတွဲအလိုက် ရမှတ်အများဆုံးရရှိသူ  ကျောင်း သား  ကျောင်းသူ ၃၀ ကို   ပြည်ပ နိုင်ငံများသို့     လေ့လာရေးခရီး သွားရောက်ရန် စီစဉ်ပေးခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်