
နေပြည်တော် မေ ၂၃
မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ တက်ရောက်သည်။
အခမ်းအနားသို့ ဂုဏ်ထူး ဆောင်နာယကများဖြစ်ကြသည့် ဒေါ်ခင်သက်ဌေး၊ ဒေါ်သန်း သန်းနွယ်၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဆေးရုံအုပ်ကြီးများ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယကများ၊ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင် ရေးအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် မြန်မာနိုင်ငံ ကျန်းမာ ရေးမှူးအသင်းတို့မှ တာဝန်ရှိသူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
လူဦးရေ ၅၄ သန်းကျော်အနက်
၆၀ ရာခိုင်နှုန်းကျော်သည်
မိခင်နှင့် ကလေးများဖြစ်
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက မြန်မာနိုင်ငံတွင် လူဦးရေ ၅၄ သန်းကျော် ရှိသည့် အနက် ၆၀ ရာခိုင်နှုန်း ကျော် သည် မိခင်နှင့် ကလေးများ ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ၏ မိခင် သေနှုန်း၊ မွေးကင်းစတစ်နှစ်အောက် နှင့် ငါးနှစ်အောက်ကလေးများ သေနှုန်းသည် နိုင်ငံတော်၏ အရေးကြီးသည့် ကျန်းမာရေး အညွှန်းကိန်းတစ်ခု ဖြစ်ပါကြောင်း၊ မိခင်နှင့် ကလေးသေဆုံးမှုနှုန်းကို လျှော့ချနိုင်သည်နှင့်အတူ မိမိတို့ နိုင်ငံ၏ မျှော်မှန်းလူ့သက်တမ်း သည်လည်း မြင့်မားလာမည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် အကြီးအကဲက မိခင်နှင့် ကလေး ကျန်းမာရေးကိစ္စ၊ ပြည်သူတစ်ရပ် လုံး ကျန်းမာပြီး သက်တမ်း ရှည်စွာနေနိုင်ရေး ကိစ္စများကို ဦးစားပေးဆောင်ရွက်ရမည့်ကိစ္စရပ်များအဖြစ် လမ်းညွှန်ထားရှိပါ ကြောင်း။
ကျန်းမာရေးဝန်ကြီးဌာနအနေ ဖြင့် မိခင်နှင့် ကလေးကျန်းမာရေး မှအစပြု၍ ကျောင်းကျန်းမာရေး၊ ဆယ်ကျော်သက်အရွယ် ကျန်းမာ ရေး၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင် ကျန်းမာရေး၊ သက်ကြီးရွယ်အို ကျန်းမာရေး စသည့် ဘဝ တစ်သက်တာ ကျန်းမာရေး စောင့်ရှောက်မှုပုံစံဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်လျက် ရှိပြီး မိမိတို့နိုင်ငံ၏ ကျန်းမာရေး အဆင့်အတန်း မြင့်မားစေရေး အတွက် မူဝါဒချမှတ်၍ အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေ ချိန်တွင် မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း ကဲ့သို့ ပြည်တွင်းလူမှုရေးအဖွဲ့ အစည်းများ၏ ပူးပေါင်းပါဝင်မှု သည် အထူးပင် အရေးကြီးပါ ကြောင်း၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ၏ လုပ်ဆောင်ချက်များသည် ကျန်းမာရေးဝန်ကြီးဌာန၏ လုပ် ဆောင်ချက်များနှင့် ဆက်စပ်နေ ပြီး ဝန်ကြီးဌာနကို အားဖြည့် ကူညီ ဆောင်ရွက်နေသည့် အတွက် မှတ်တမ်းတင်ဂုဏ်ယူ အပ်ပါကြောင်း။
ပြည်သူများ၏ဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ပေးကြစေလို
မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းမှ အသင်း ဝင်များအနေဖြင့် အသင်းကြီး၏ အဓိက လုပ်ငန်းများဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံတကာဆက်ဆံ ရေးများတွင် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် အသိ ပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးပြီး ပြည်သူများ ၏ဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ တစ်မျိုးသားလုံး မျှော်မှန်းထား သည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး တည် ဆောက်ရာတွင် တိုင်းရင်းသား ပြည်သူများနှင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းကြီးအနေ ဖြင့် နိုင်ငံတော် တည်ဆောက်ရေး ပန်းတိုင်အရောက် ကျန်းမာရေး ဝန်ကြီးဌာန၊ နှီးနွှယ်ဌာန၊ မိတ်ဖက် အဖွဲ့အစည်းများဖြင့် လက်တွဲ ညီညီ လျှောက်လှမ်းနိုင်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ မိခင် နှင့် ကလေးစောင့်ရှောက်ရေး အသင်း၏ လှုပ်ရှားမှုမှတ်တမ်း ဗီဒီယိုကို ပြသသည်။
ကဏ္ဍကြီး (၄)ရပ် လှုပ်ရှားမှု
အတွက် ကဏ္ဍအလိုက်
ထူးချွန်ဆုများချီးမြှင့်
ယင်းနောက် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များ၏ ပညာ ရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေး စသည့်ကဏ္ဍကြီး (၄)ရပ် လှုပ်ရှားမှုအတွက် ကဏ္ဍ အလိုက် ထူးချွန်ဆုများချီးမြှင့်ခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပ ရာ ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက ပညာရေးကဏ္ဍ လှုပ်ရှားမှုအတွက် ပထမဆုရရှိ သည့် ပဲခူးတိုင်းဒေသကြီး၊ ဒုတိယ ဆုရရှိသည့် မကွေးတိုင်းဒေသကြီး၊ တတိယဆုရရှိသည့် တနင်္သာရီ တိုင်းဒေသကြီးနှင့် နှစ်သိမ့်ဆု ရရှိ သည့် ကယားပြည်နယ်တို့မှ မိခင် နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များကို ဆုများ ပေးအပ်ချီးမြှင့်ရာ သက်ဆိုင်ရာ အဖွဲ့ဥက္ကဋ္ဌများက လက်ခံရယူကြ သည်။
ဆက်လက်၍ ဂုဏ်ထူးဆောင် နာယက ဒေါ်ခင်သက်ဌေးက လူမှုရေးကဏ္ဍ လှုပ်ရှားမှုအတွက် ပထမဆုရရှိသည့် မန္တလေးတိုင်း ဒေသကြီး၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ်၊ တတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပူးတွဲ တတိယဆုရရှိသည့် ရခိုင်ပြည်နယ် တို့မှ မိခင်နှင့် ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့များကို လည်း ကောင်း၊ ဂုဏ်ထူးဆောင်နာယက ဒေါ်သန်းသန်းနွယ်က စီးပွားရေး ကဏ္ဍလှုပ်ရှားမှုအတွက် ပထမဆု ရရှိသည့် ကချင်ပြည်နယ်၊ ဒုတိယ ဆုရရှိသည့် ရှမ်းပြည်နယ်နှင့် တတိယဆုရရှိသည့် ပြည်ထောင်စု နယ်မြေ နေပြည်တော်တို့မှ မိခင် နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့များကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာ ရေးကဏ္ဍလှုပ်ရှားမှုအတွက် ပထမ ဆု ရရှိသည့် ရန်ကုန်တိုင်းဒေသ ကြီး၊ ဒုတိယဆုရရှိသည့် ဧရာဝတီ တိုင်းဒေသကြီးနှင့် တတိယဆု ရရှိသည့် ကရင်ပြည်နယ်တို့မှ မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့များကိုလည်း ကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြ သည်။
ထို့နောက် ဂုဏ်ထူးဆောင် နာယက ဒေါ်ကြူကြူလှသည် အခမ်းအနားသို့ တက်ရောက်လာ ကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းနှင့် တိုင်း ဒေသကြီး/ ပြည်နယ် မိခင်နှင့် ကလေး စောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့တို့၏ လှုပ်ရှားဆောင်ရွက် မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် ဂုဏ်ထူးဆောင် နာယက ဒေါ်ကြူကြူလှသည် ကိုယ်ဝန်ဆောင် မိခင်များကို အာဟာရဖြစ်စေမည့် အစားအစာ များ ထောက်ပံ့ပေးပြီး (၅) နှစ် အောက် ကလေးငယ်များအား အမီလိုက် ကာကွယ်ဆေးများ တိုက်ကျွေးပေးကာ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များက ဒေသ ထွက်ကုန်ပစ္စည်းများနှင့် ရိုးရာ လက်မှုပစ္စည်းများ ခင်းကျင်းပြသ ရောင်းချနေမှုကို လှည့်လည် ကြည့်ရှုအားပေးသည်။
အမှာစကားပြောကြား
ဆက်လက်၍ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း (၃၃)ကြိမ်မြောက် နှစ်ပတ် လည်အစည်းအဝေးကို ဆက်လက် ကျင်းပရာ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်က အဖွင့် အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ မိခင် နှင့်ကလေး စောင့်ရှောက်ရေး အသင်း အတွင်းရေးမှူးက ၂၀၂၃ ခုနှစ် နှစ်ချုပ်အစီရင်ခံစာကို လည်းကောင်း၊ အသင်းဘဏ္ဍာရေး မှူးက ၂၀၂၂ - ၂၀၂၃ ခုနှစ် ငွေစာရင်းရှင်းတမ်းနှင့် ၂၀၂၃ - ၂၀၂၄ ရသုံးမှန်းခြေစာရင်းကို လည်းကောင်း ဖတ်ကြားတင်သွင်း ကြသည်။
ဆွေးနွေးအတည်ပြု
ယင်းနောက် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့များက ၂၀၂၃ ခုနှစ် နှစ်ချုပ်အစီရင်ခံစာကို ဖတ်ကြားတင်သွင်းကြပြီး တက် ရောက်လာကြသူများက အစည်း အဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် ဆွေးနွေးအတည်ပြုခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်