
မေး။ မြန်မာနိုင်ငံရဲ့လက်ရှိအစိုးရဟာ လူ့အခွင့်အရေးများချိုးဖောက်ကာ ပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းနေတယ်လို့ နိုင်ငံတကာမှ ဝေဖန်ပြောဆိုနေတာတွေရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ လက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် ဘယ်လိုလုပ်ဆောင်သွားမလဲ။
အရပ်သားအစိုးရကို ပြန်လည်အသက်သွင်းနိုင်ဖို့ ဒီမိုကရေစီစံနှုန်းနဲ့အညီရွေးကောက်ပွဲတွေကိုရော ပြန်လည်ကျင်းပပေးဖို့အစီအစဉ်ရှိသလားဆိုတာလေးသိချင်ပါတယ်။
ဖြေ။ မှန်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီတိုးတက်ဖြစ်ထွန်းမှုတွေ ဆောင်ရွက်နေတဲ့အချိန်မှာ မမျှော်လင့်ဘဲနဲ့
ကျွန်တော်တို့ဒီအခက်အခဲတွေဖြစ်လာခဲ့တာပေါ့။ ကျွန်တော်တို့ ဒါနဲ့ပတ်သက်ပြီးတော့ အရေးယူဆောင်ရွက်မှုလုပ်တဲ့အခါ
မှာလည်း အကြမ်းဖက်တဲ့ဖြစ်ရပ်တွေပေါ်မှာ ကျွန်တော်တို့ တချို့ဟာတွေလည်းတုံ့ပြန်ပြီး ဆောင်ရွက်တာတွေရှိတော့ ဒီအပေါ်မှာ ကျွန်တော်တို့အပေါ်မှာလည်း
နားလည်မှုလွဲမှားပြီး စွပ်စွဲမှုတွေအမျိုးမျိုးရှိတယ်။ အဲဒီတော့ ဒီမှာပြောချင်တာက တော့ ဒီမိုကရေစီမှာတော့ သာမန်အားဖြင့်
အစိုးရတစ်ရပ်ကိုမကြိုက်လို့ ဆန္ဒပြတာတွေလည်းရှိတယ်။ ဒါကတော့ နိုင်ငံတိုင်းမှာရှိပါတယ်။ ကမ္ဘာမှာလည်း ဒါတွေဖြစ်စဉ်ပေါင်းများစွာ သာဓကရှိတယ်။ သို့သော်လည်းပဲ သာမန်ဆန္ဒပြမှုကနေကျော်လွန်ပြီးတော့ အကြမ်းဖက်မှုတွေ၊ တိုက်ခိုက် မှုတွေဖြစ်လာလို့ရှိရင်တော့ ဒါကို အများ
သူငါမထိခိုက်အောင် တရားဥပဒေစိုးမိုးရေးကို မထိခိုက်အောင်တော့ သက်ဆိုင်ရာတာဝန်ရှိတဲ့ လုံခြုံရေးအဖွဲ့အစည်းကနေတုံ့ပြန်ဆောင်ရွက်ရတာရှိတယ်။ ဒီအပေါ်မှာ ကျော်လွန်ပြီးလုပ်တယ်ဆိုရင်တော့ ဒါဥပဒေအရလုပ်ရမှာဖြစ်ပါတယ်။ ဘယ် ဘက်ကလုပ်လုပ် ဟိုဘက်ကလုပ်လုပ် ဒီဘက်ကလုပ်လုပ် ကျော်လွန်ပြီးဖြစ်လာ
လို့ရှိရင်တော့ ဥပဒေအရ အကုန်လုံး ဆောင်ရွက်ရမှာဖြစ်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ဒါနဲ့ပတ်သက်ပြီးတော့ ဖြစ်စဉ်အပေါ်မှာ ဘာမှအငြင်းပွားစရာတော့မရှိဘူး။ ဒီဖြစ်စဉ်ဖြစ်တာကလည်း ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်တဲ့ ရွေးချယ်ပွဲတွေမှာ မသမာမှုတွေလုပ်ခဲ့တဲ့
အတွက်ကြောင့် ဒီပြဿနာတွေဖြစ်လာခဲ့တာ။ ဒါစောစောစီးစီးက ရှင်းမယ်ဆိုလို့ရှိရင် ရှင်းလို့ရရဲ့သားနဲ့ ဒီတွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းတွေ ရှင်းလင်းတဲ့လမ်းကြောင်းတွေကိုမလုပ်ဘဲနဲ့ အဆင့်ကျော်လာတဲ့အတွက်ကြောင့် ဒီပြဿနာတွေဖြစ်လာခဲ့တာ။ ကျွန်တော်ကတော့ စပြီးတက်ကတည်း
က ရှေ့လုပ်ငန်းစဉ် (၅)ချက် ကြေညာထားတာရှိတယ်။ အဲဒီမှာအရေးပေါ်အခြေအနေကာလတွေကျော်လွန်ပြီး ဆောင်ရွက်ပြီးပြီဆိုလို့ရှိရင် လုပ်သင့်လုပ်ဆောင်တာတွေ ပြီးအောင် ဆောင်ရွက်ပြီးပြီဆိုလို့ရှိရင် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲတစ်ခုကို ကျွန်တော်ပြန်လုပ်မယ်လို့ပြောထားတာရှိတယ်။ မဖြစ်မနေလုပ်မှာပါ။ သို့သော်လည်းပဲ တည်ငြိမ်အေးချမ်းတဲ့အခြေအနေရောက်ဖို့တော့ လိုပါတယ်။ နောက်တစ်ခါ ရွေးကောက်ပွဲအတွက်လိုအပ်
တဲ့ပြင်ဆင်မှုတွေ ပြီးမြောက်အောင်လည်းလိုပါတယ်။ ဒီအပေါ်မှာပြီးလို့ရှိရင်တော့ ရွေးကောက်ပွဲမလွဲမသွေလုပ်မယ်ဆိုတာ ကျွန်တော်ပြောလိုတယ်။
မေး။ ကျွန်တော်တို့လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲအတွက် တိကျတဲ့ကာလတစ်ခုကို လက်ရှိအချိန်မှာဖြေကြားပေးဖို့ခက်နိုင်ပါသလား။
ဖြေ။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတည်ငြိမ်အေးချမ်းမှုအပေါ်မှာ မူတည်တာပေါ့ဗျာ။ ကျွန်တော့်မှာ ဒီအခြေခံဥပဒေအရ
ကျွန်တော်တို့ အရေးပေါ်ကာလတစ်နှစ်ပဲ ကြေညာလို့လုပ်လို့ရပါတယ်။ ဒါကိုမပြီးမြောက်ဘူးဆိုလို့ရှိရင် ကျွန်တော်တာဝန်ရှိတဲ့အဖွဲ့အစည်းကို ကျွန်တော်ပြန်လည်
တင်ပြပြီးတော့မှ ခြောက်လတစ်ကြိမ် ခြောက် လတစ်ကြိမ် သက်တမ်းနှစ်ကြိမ်တိုးခွင့်ရှိတယ်။ အားလုံးတစ်နှစ် အားလုံးနှစ်နှစ် အဲဒီတော့ အကြမ်းဖျင်းအားဖြင့်တော့ ဒီနှစ်နှစ်အတွင်းမှာတော့ ရွေးကောက်ပွဲ ပြန်ဖြစ်ဖို့အတွက် လမ်းစရှိတယ်ဆိုတာကို ကျွန်တော်ပြောလိုတယ်။ ဒီလိုတော့ဖြေလို့ ရတာပေါ့ဗျာ။ အခုတိုင်းပြည်ရေးရာဟာ အခုလက်ရှိအခြေအနေမှာတော့ ကျွန်တော်တို့ဟာ ၁၀ဝ ရာခိုင်နှုန်းအားလုံးပြီးပြီဆိုတဲ့ တည်ငြိမ်အေးချမ်းပြီဆိုတဲ့ အခြေအနေတော့ မရောက်သေးတဲ့ အခြေအနေရှိတာပေါ့။ ဒါကြောင့် ဒါကိုလည်း ထည့်ပြီးစဉ်းစားဖို့လိုပါတယ်။ နည်းနည်းတော့ ကျွန်တော်
ပြောဖို့တော့စောသေးတယ်။ သို့သော်လည်း အကြမ်းဖျင်းနှစ်နှစ်မှာတော့ ဖြစ်နိုင်ပါတယ်။
မေး။ မြန်မာနိုင်ငံရဲ့ တည်နေရာအနေအထားဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှအတွက် စစ်ရေးအရရော စီးပွားရေးအရပါ လွန်စွာအချက်အချာကျပြီး တစ်ခုတည်းသောနေရာဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးက စိတ်ဝင်စားလျက်ရှိတယ်လို့သိရှိရပါတယ်။ ရန်ကုန်ကိုကြည့်မယ်ဆိုရင် ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရန် ဘယ်လိုလုပ်ဆောင်ပါသလဲ၊ ဘယ်သူတွေက အဓိကလုပ်ဆောင်ပါသလဲ၊ အဓိကလုပ်ဆောင်သူတွေနဲ့ ဘယ်လိုမျိုးဆက်သွယ် မှုတွေရှိပါသလဲ။
ဖြေ။ အနောက်အုပ်စုနိုင်ငံကြီးတွေကို ပြလို့ရှိရင်တော့ အနောက်အုပ်စုနိုင်ငံကြီးတွေလို့ပြောရမှာပေါ့။ ကျွန်တော်တို့နိုင်ငံ
ဟာ အရှေ့တောင်အာရှမှာ ပထဝီအနေ အထားအရ အရေးပါတဲ့အနေအထားမှာရှိပါတယ်။ အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့ ကျွန်တော်တို့နိုင်ငံရဲ့အိမ်နီးနားချင်းတိုင်းပြည်က တရုတ်နိုင်ငံနဲ့ အင်အားကြီး အိန္ဒိယနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံတွေဖြစ်
တော့ သူတို့ဒါကိုတော့ စိတ်ဝင်စားတဲ့ ပထဝီဝင်အနေအထားအရလည်း စိတ်ဝင်စားတာပေါ့နော်။ နိုင်ငံရေးအရလည်း စိတ်ဝင်စားတယ်။ မြန်မာနိုင်ငံက ပထမဆုံးစပြီးတော့ နိုင်ငံစပြီး လွတ်လပ်ရေးရပြီးအချိန်မှာ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျွန်တော်
တို့သွားခဲ့တယ်။ နောက်ပိုင်းကျတော့ တော်လှန်ရေးကောင်စီတက်လာပြီးတော့မှ လမ်းစဉ်ပါတီဆိုရှယ်လစ်စနစ်နဲ့ ကျွန်တော်တို့သွားခဲ့တာရှိတယ်။ ဒီမှာလည်း ပြည်သူတွေက ပါတီစုံလမ်းကြောင်းကို လိုချင်တယ်ဆိုပြီးတော့ ၁၉၈၈ ခုနှစ်မှာ ဆူပူဆန္ဒပြမှုတွေဖြစ်လာတယ်။ ၈၈ ခုနှစ်မှာ နောက်ဆုံး
တော့ အဲဒီအစိုးရပြိုကွဲသွားရတာပေါ့။ ပြိုကွဲသွားပြီးတော့ တပ်မတော်ကနေ တိုင်းပြည်ကိုဝင်ထိန်းပေးခဲ့တာရှိတယ်။ အဲဒီတော့ ပြည်သူလူထုရဲ့လိုလားချက် ဒီမိုကရေစီရဲ့လမ်းကြောင်းပေါ် ကျွန်တော်တို့သွားရတာပေါ့။ ၂၀၁၁ ခုနှစ်မှာ ဒီမိုကရေစီလမ်း
ကြောင်းကို ကျွန်တော်တို့သွားခဲ့တယ်။ အဲဒီက ဒီမိုကရေစီနိုင်ငံရေးအတွက်က စိတ်ဝင်စားစရာဖြစ်တာတစ်ခုကတော့ ပထဝီအနေအထားအရလည်း စိတ်ဝင်စား
ဖို့ရှိတယ်။ အဲနောက်တစ်ခါ နိုင်ငံရေးအရလည်း စိတ်ဝင်စားဖို့ရှိတယ်။ အဲဒီတော့ ဒီအနောက်နိုင်ငံတွေကတော့ အဓိကအား
ဖြင့် ကျွန်တော်တို့နိုင်ငံအပေါ်မှာ ဝင်ရောက်ပြီးတော့ လွှမ်းမိုးလိုတဲ့စိတ်တော့ရှိပုံရတယ်လို့ ကျွန်တော်တွက်ပါတယ်။
မေး။ ကမ္ဘာ့နိုင်ငံရေးအခြေအနေအရ တရုတ်နှင့်အမေရိကန်တို့ရဲ့ နှစ်နိုင်ငံအားပြိုင်တင်းမာမှု၊ ထိပ်တိုက်တွေ့ဆုံမှုတွေဟာ ပိုမိုသိသာထင်ရှားလာပါတယ်။ အဲ့ဒီ
အင်အားကြီးနိုင်ငံနှစ်ခုက အာရှနိုင်ငံတွေကို သူတို့နှစ်သက်တဲ့နိုင်ငံရဲ့ သြဇာအာဏာအောက်ကို ပူးပေါင်းဆောင်ရွက်လုပ်ကိုင်စေလိုတယ်။ အာရှနိုင်ငံတွေကိုယ်တိုင်ကလည်း သူတို့နဲ့သံတမန်ဆက်ဆံမှု အဆင်ပြေတဲ့နိုင်ငံနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ လုပ်ဆောင်နေတာကိုလည်း တွေ့ရှိရပါ
တယ်။ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဒီလိုမျိုးနိုင်ငံရေးအခင်းအကျင်းကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဘယ်လိုသုံးသပ်ပါသလဲ။ဖြေ။ ကျွန်တော်တို့က အာဆီယံအဖွဲ့ဝင်
နိုင်ငံတစ်ခုဖြစ်တယ်။ နံပါတ်(၁)အချက်ပေါ့။ နောက်တစ်ခုကတော့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တယ်။ ကျွန်တော်တို့က ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရတယ်ဆိုကတည်းက ကိုလိုနီခေတ်မှာလည်းနေခဲ့ရတယ်။ စောစောက ကျွန်တော်ပြောတဲ့အထဲမှာ မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်ပြီးနေခဲ့တယ်လို့ ကျွန်တော်ပြောခဲ့တယ်နော်။ အဲဒီတော့ အဲဒီဖြတ်သန်းလာခဲ့တဲ့
နိုင်ငံရဲ့သမိုင်းကြောင်းနဲ့ပထဝီနိုင်ငံရေးအရ ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒမှာ အရင်တုန်းကလည်းဘက်မလိုက်နိုင်ငံခြား
ရေးမူဝါဒကျင့်သုံးတယ်။ နောက်ပိုင်းကျတော့ လွတ်လပ်ပြီးတကြွ်ကတဲ့နိုင်ငံခြားရေးမူဝါဒ၊ နောက်တစ်ခါ နိုင်ငံအားလုံးနဲ့ချစ်ကြည်
ရင်းနှီးစွာနဲ့မိတ်ဝတ်မပျက်ဆက်ဆံရေးမူဝါဒ၊နောက်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး
မူကြီး(၅)ချက်အပေါ်မှာ အခြေခံတဲ့မူဝါဒနဲ့ ကျွန်တော်တို့ဆောင်ရွက်တာဖြစ်ပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံကတော့ မိတ်ဆွေ နိုင်ငံပဲ။ မြန်မာနိုင်ငံမှာမိတ်ဆွေနိုင်ငံပဲရှိတယ်။ ရန်သူနိုင်ငံလို့မရှိဘူးပေါ့။ စောစောက ခင်ဗျားရည်ညွှန်းပြောတဲ့ အမေရိကန်နိုင်ငံကလည်းမိတ်ဆွေနိုင်ငံပါပဲ။ သူကတော့ နည်းနည်းအလှမ်းဝေးတာပေါ့။ ဒါပေမဲ့ အိမ်နီးနားချင်းတိုင်းပြည်ဖြစ်တဲ့ တရုတ်တို့ အိန္ဒိယတို့ကျတော့ ကျွန်တော်တို့က
နီးနီးကပ်ကပ်ရှိနေကျနိုင်ငံလည်း ဖြစ်တယ်။ အိမ်နီးနားချင်းဆက်ဆံရေးကတော့ ကျွန်တော်တို့ ဘယ်လိုပဲဖြစ်ဖြစ် အလေးထားရတဲ့ ဆက်ဆံရေးရှိတယ်။ ဒါဘယ်နိုင်ငံမှဒါကိုငြင်းလို့မရဘူး။ အိမ်နီးနားချင်းဆက်ဆံ ရေးကတော့ မကောင်းလို့မရဘူး။ နှစ်နိုင်ငံ
နှစ်ဖက်အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေကလည်း အကုန်ရှိပါတယ်။ ဒီလိုပဲ အခြားနိုင်ငံတွေနဲ့လည်း ကျွန်တော်ပူးပေါင်း
ဆောင်ရွက်မှုတွေအကုန်ရှိတယ်။ အမေရိကန်နိုင်ငံနဲ့လည်း ဆက်ဆံမှုတွေအများကြီးရှိခဲ့
တယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အလှမ်းဝေးတာလည်းပါတာပေါ့။ နိုင်ငံရေးကလည်း အရင်လိုအလှမ်းဝေးခဲ့
ပါတယ်။ အနေအလှမ်းဝေးခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့နည်းနည်းလေး အိမ်နီးနားချင်းတိုင်းပြည်ထက်စာရင်တော့
နည်းနည်းစိမ်းတာတော့ရှိတာပေါ့။ သို့သော်လည်းပဲ ကျွန်တော်တို့နိုင်ငံရဲ့အနေအထားကတော့ နိုင်ငံအားလုံးနဲ့ ချစ်ကြည်
ရင်းနှီးစွာ လက်တွဲဆောင်ရွက်မယ်ဆိုတဲ့ အနေအထားရှိတယ်။ နောက်တစ်ခါ အာဆီယံနိုင်ငံ အဖွဲ့ဝင်ဖြစ်တဲ့အတွက် ကြောင့် အာဆီယံရဲ့ ကျင့်စဉ်တွေအတိုင်း လည်း လုပ်ကိုင်ရတာရှိတယ်ဆိုတာလည်း ကျွန်တော်ဖြေလိုပါတယ်။
မေး။ ကျွန်တော်တို့ အမေရိကန်ကိုတော့ အဝေးကမိတ်ဆွေလို့ ပြောပါတယ်။ တရုတ် ကိုတော့ အနီးကမိတ်ဆွေလို့ ပြောပါတယ်။ ရုရှားကရော ဘယ်လိုမိတ်ဆွေမျိုး ဖြစ်ပါ သလဲ။
ဖြေ။ ရုရှားက မိတ်ဆွေနိုင်ငံတွေထဲမှာတော့ အင်မတန်ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံတစ်ခုပါ။ ခင်ဗျားအခုနက တရုတ်နဲ့ အမေရိကန်ပဲ ရည်ညွှန်းပြီးမေးသွားလို့ ကျွန်တော်က တရုတ်နဲ့ အမေရိကန်ကိုပဲ ရည်ညွှန်းပြီး ဖြေခဲ့တာပေါ့။ ရုရှားက ကျွန်တော်တို့ရဲ့ မိတ်ဆွေဟောင်းနိုင်ငံ မိတ်ဆွေကောင်းနိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံရေးအလှမ်းဝေးပေမယ့်
စိတ်ချင်းနီးတဲ့နိုင်ငံဖြစ်တယ်။ နိုင်ငံချင်းတော့အလှမ်းဝေးတယ်။ သို့သော် စိတ်ချင်းနီးတဲ့
နိုင်ငံတွေ သဘောထားချင်းနီးစပ်စွာတူညီတဲ့နိုင်ငံဖြစ်တယ်။ သမိုင်းနောက်ခံအခြေ
အနေတွေလည်း တော်တော်များများတူတဲ့နိုင်ငံတွေဖြစ်တယ်။ အဲဒီတော့
ကျွန်တော်တို့ရုန်းကန်ရတာလည်း တူတဲ့နိုင်ငံတွေဖြစ်တယ်။ ဒါကြောင့် ရုရှားနိုင်ငံနဲ့
ကျွန်တော်တို့ကတော့ ထာဝရမိတ်ဆွေနိုင်ငံတစ်ခုလို့ ကျွန်တော်တင်စားပြီးပြောပါရ
စေ။
မေး။ ကျွန်တော်တို့ ရုရှား-မြန်မာချစ်ကြည်ရေးက တရားဝင်စတင်မှုမတိုင်ခင် (၁၉)ရာစုအလယ်လောက်ကတည်းက ရုရှားနိုင်ငံသံတမန်အဖွဲ့တွေ မြန်မာနိုင်ငံကိုသွားရောက်တာ။ မြန်မာနိုင်ငံဘက်က စေလွှတ်တာတွေရှိခဲ့ပါတယ်။ ဒီကာလထဲမှာလည်းတစ်နိုင်ငံနှင့်တစ်နိုင်ငံ နားလည်မှုရရှိထား
ပြီးဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးပြောသလိုပဲ တကယ့်မိတ်ဆွေအရင်းအချာတွေဖြစ်ကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေတိုးတက်လာတာကိုလည်းတွေ့မြင်ရပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ တိုးတက်အောင်မြင်မှုနဲ့ ပတ်သက်ပြီး အဆွေတော်ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ကျေနပ်အားရမှုရှိပါသလား။ ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ရေးဆောင်ရွက်ကြရာမှာ အရန် (သို့မဟုတ်) လက်ကျန်ဆိုတဲ့သဘောတရားရှိပါတယ်။ အပြည့်အဝပူးပေါင်းဆောင်ရွက်ရေးကိုရရှိဖို့ဆောင်ရွက်နေတဲ့အချိန်မှာ ဆောင်ရွက်ရန်ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေရှိပါတယ်။ ကျွန်တော်တို့ ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးမှာရော ဆောင်ရွက်ရန်ကျန်ရှိနေတဲ့လုပ်ငန်းစဉ်တွေအနေနဲ့ ဘယ်လောက်များရှိနိုင်ပါသလဲ။ ဆောင်ရွက်ရန်ကျန်ရှိနေတာနဲ့ပတ်သက်ပြီးတော့
ဘယ်လိုများဆောင်ရွက်သွားမလဲဆိုတာသိချင်ပါတယ်။
ဖြေ။ ရုရှားနဲ့မြန်မာဆက်ဆံရေးပေါ့နော်။ ဒါကတော့ သမိုင်းမှာတစ်လျှောက်လုံး ကောင်းလာခဲ့တာပေါ့။ ကျွန်တော်တို့က ၁၉၉၀ လွန်ကာလတွေမှာတော့ မြန်မာနဲ့
ရုရှားဆက်ဆံရေးပိုကောင်းလာခဲ့တယ်။ အထူးသဖြင့်တော့ စစ်ဘက်နည်းပညာ ပူးပေါင်းရေးဆောင်ရွက်ရေးကဏ္ဍတွေမှာ တော်တော်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာ
တယ်။ အားရဖို့လည်းကောင်းပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုပေါ့။ ကျွန်တော်တို့ရဲ့တိုင်းပြည်မှာ
လည်း တိုးတက်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေတဲ့အချိန်မှာ လူသားအရင်းအမြစ်တွေ အများကြီးလိုတယ်။ဒီလူသားအရင်းအမြစ်တွေကို ကျွန်တော်တို့ ရုရှားနဲ့နိုင်ငံမှာလာပြီးတော့ ပညာသင်ကြားခဲ့တာတွေ အများကြီးရှိတယ်။အားလုံးပေါင်း ခုနစ်ထောင်ကျော်လောက်ရှိတယ်။ ပညာသင်ခဲ့တာ ထူးချွန်ထက်မြက်တဲ့သူတွေလည်း အများကြီးပေါ်ထွန်းခဲ့ပါတယ်။ ဒီအထဲကနေပြီးတော့ သူတို့လည်း တိုင်းပြည်တည်ဆောက်ရေးမှာ
လည်း အများကြီးကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေတာဖြစ်တယ်။ အဲဒီတော့ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်မှာတော့
အခုနကပြောတဲ့ စစ်ဘက်နည်းပညာအမြင့်မားဆုံးအခြေအနေပေါ့လေ။ စပ်တူစပ်ကဏ္ဍတွေလည်းရှိပါတယ်။ သို့သော်လည်းပဲ ပိုပြီးလုပ်ဖို့လိုတာတွေကတော့ နှစ်နိုင်ငံကူးလူးဆက်ဆံရေး၊ ကူးသန်းရောင်းဝယ်ရေးကိစ္စတွေ၊ နောက်တစ်ခါ ကမ္ဘာလှည့်ခရီးသွားကဏ္ဍတွေ၊ နောက်တစ်ခါယဉ်ကျေးမှုနဲ့ နောက်တစ်ခါ အားကစားဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွေ၊ ပညာရေးပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွေ၊ ကျန်းမာရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွေ၊ ရုရှားကကျန်းမာရေးနဲ့ပတ်သက်ပြီး အဆင့်လည်း အင်မတန်မြင့်ပါတယ်။ ဒါလုပ်ဖို့ နယ်ပယ်တွေအများကြီး
ကျယ်ဝန်းတာပေါ့ ကျွန်တော်တွေ့တယ်။ ဒါတွေလည်း ကျွန်တော်ရပ်နိုင်တဲ့လမ်းကြောင်းတွေပေါ်မှာ ရပ်နိုင်တဲ့လုပ်ငန်း
ရပ်တွေအကုန်လုံး ဆောင်ရွက်သွားဖို့ ကျွန်တော်ရည်ရွယ်ထားပါတယ်။ အနာဂတ်
ဟာအင်မတန်ကောင်းမွန်တဲ့ရှိတယ်ဆိုတာ ကျွန်တော်သုံးသပ်ပါတယ်။
မေး။ အဆွေတော် ဗိုလ်ချုပ်မှူးကြီးပြောသွား တဲ့ ကဏ္ဍတွေထဲက ကမ္ဘာလှည့်ခရီးသွားကရော တော်တော်အလားအလာကောင်းတဲ့ လုပ်ငန်းတစ်ခုလို့ သုံးသပ်မိပါတယ်။လက်ရှိအနေအထားမှာ ရုရှားနိုင်ငံက ပြည်သူတွေအနေနဲ့ ဃဥဠှီု-၁၉ ကူးစက်ရောဂါကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေရပ်နားထားရတဲ့အချိန်မှာ သွားလာလိုတဲ့ ဆန္ဒရှိတဲ့လူတွေအများကြီးရှိပါတယ်။
ကျွန်တော်တို့အနေနဲ့ ရောဂါကာကွယ် ရေးတွေလုပ်နိုင်ချိန်မှာ ရုရှားနိုင်ငံအတွက်အခွင့်အရေးဖွင့်ပေးမယ်ဆိုရင်တော့ ရရှိတဲ့
အခွင့်အရေးကို အသုံးပြုပြီးတော့ ရုရှားပြည်သူပြည်သားတွေက မြန်မာနိုင်ငံကို
လာရောက်ကြမှာ ဖြစ်ပါတယ်။ အခုလိုမျိုးကျွန်တော့်ရဲ့မေးခွန်းတွေကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးပါတယ်။
ဖြေ။ ကောင်းပါပြီ အဓိကတော့ ထိတွေ့မှု များများရှိလို့ရှိရင် ရင်းနှီးမှုရှိမယ်၊ ယုံကြည်မှု ရှိမယ်။ ဒါကြောင့် ထိတွေ့မှုများများ နှစ်နိုင်ငံ
ပြည်သူများထိတွေ့မှုများများရှိဖို့ နှစ်နိုင်ငံနယ်ပယ်အသီးသီးမှာထိတွေ့မှုများများရှိဖို့လိုတယ်။ အဲဒါဆိုရင်တော့ ယုံကြည်မှု၊ ရင်းနှီးမှုရသွားလို့ရှိရင် ပိုပြီးခိုင်မာစေမယ်ဗျာ။ လူဆိုတာကတော့ ယုံကြည်မှုနဲ့ အကုန်
လုံးခိုင်မာအောင် တည်ဆောက်ကြတာကို၊ ကျွန်တော်တို့ကတော့ ရုရှားနိုင်ငံရဲ့ မြန်မာ
နိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံမှုတွေလည်း ကျွန်တော်တို့မျှော်လင့်ပါတယ်။ နောက်
တစ်ခါ ကမ္ဘာ့လှည့်ခရီးသွားများ မြန်မာနိုင်ငံကို ဆောလျင်စွာလာနိုင်ရေးအခြေအနေပေါ်မှာလည်း ရောက်စေဖို့လည်းမျှော်လင့်ပါတယ်။ ကျွန်တော်ကတော့ ဘာပဲပြောပြော တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်သွားမယ်လို့ ကျွန်တော်ပြော
လိုတယ်။
- Log in to post comments