နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၁၈)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ -UPDJC အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော်   မတ်   ၁၂
 
(၁၈)ကြိမ်မြောက်       ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု       ပူးတွဲ ကော်မတီ-UPDJC အစည်းအဝေးကို ယနေ့   နံနက်   ၁၀   နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ ကျင်းပရာ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု      ပူးတွဲ ကော်မတီ  -   UPDJC      ဥက္ကဋ္ဌ နိုင်ငံတော်၏       အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားသည်။
တက်ရောက်
 
အစည်းအဝေးသို့     အစိုးရ၊ လွှတ်တော်၊   တပ်မတော်အစုအဖွဲ့မှ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ   ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့်    ဒေါက်တာ တင်မျိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းသူ၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊  ဒေါက်တာ ဝင်းမြတ်အေး၊ နိုင်သက်လွင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊     ဗိုလ်ချုပ်စန်းမြင့်၊ ဗိုလ်ချုပ်စိုးနိုင်ဦး၊    ဗိုလ်မှူးချုပ် ရဲရင့်ဝင်း၊    ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊        ဦးလှမောင်ရွှေ၊ တိုင်းရင်းသားလက်နက်ကိုင်   အဖွဲ့ အစည်းများ အစုအဖွဲ့မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု     ပူးတွဲ ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း၊ စဝ်စိုင်းငင်း၊ ဦးမျိုးဝင်း၊   ပဒိုစောတာဒိုမူး၊  စောမြ ရာဇာလင်း၊  ခွန်မြင့်ထွန်း၊  နိုင်အောင် မင်း၊  စောစိန်ဝင်း၊   စောကျော်ညွန့်၊ ကျာဆော်လမွန်၊ မိဆူးပွင့်၊ ဒေါက်တာ စိုင်းဦး၊  စောစမစ်ဒွန်း၊  ခိုင်လင်းခိုင်၊ နိုင်အောင်မငေး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ   ဒုတိယ ဥက္ကဋ္ဌ ဦးသုဝေ၊ ဦးနိုင်ငံလင်း၊ ဦးမြင့်စိုး၊ စိုင်းကျော်ညွန့်၊ တာလှဖေ၊ ဦးသိန်းထွန်း၊ ဒေါက်တာအောင်မြတ်ဦး၊ ဦးဦးလှစော၊ ခွန်ထွန်းရွှေ၊ ဦးဇမ်ဇမုန်၊ ဦးရွှေမင်း၊ ဒေါက်တာ  တူးဂျာ၊    နိုင်တလညီ၊ ဒေါ်ရင်ရင်မေ၊ စောထွန်းအောင်မြင့်တို့ တက်ရောက်ကြသည်။
 
အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု     ပူးတွဲ ကော်မတီ - UPDJC           ဥက္ကဋ္ဌ နိုင်ငံတော်၏    အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  မိန့်ခွန်း ပြောကြားသည်။
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံကို စာမျက်နှာ ၆ တွင် ဖော်ပြထားပါသည်)
ထို့နောက်     ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု     ပူးတွဲ ကော်မတီ-UPDJC  ဒုတိယဥက္ကဋ္ဌ   ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က       ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု       ပူးတွဲကော်မတီသည် နိုင်ငံရေးဆွေးနွေးပွဲ   အဆင့်ဆင့်ကို ဦးဆောင်လမ်းညွှန်  ကြီးကြပ်သည့်၊ တာဝန်ခံသည့်    ကော်မတီဖြစ်ပါ ကြောင်း၊ ထို့ကြောင့် မိမိတို့တိုင်းပြည် ၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် အလွန်အရေးကြီးသည့်  ကော်မတီ တစ်ရပ်ဖြစ်ပါကြောင်း၊ UPDJC က ဦးဆောင်လမ်းညွှန် ကျင်းပနေသည့် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်၏ ဦးတည်ချက်ကို   NCA   စာချုပ်၏ အခြေခံမူများတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးဖြစ်ပါကြောင်း၊ ယင်း အခြေခံမူ၏     အဓိကဆိုလိုရင်းမှာ နှစ်ပေါင်း   ၇၀    ကြာပြီဖြစ်သည့် ပြည်တွင်း   လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးပင်ဖြစ်ပါကြောင်း။
 
အခက်အခဲများစွာရှိနိုင်
 
ထို့ကြောင့်   မိမိတို့  UPDJC  က ဦးဆောင်ပြီး    ဆောင်ရွက်နေသည့် အဓိကလုပ်ငန်းစဉ်      နှစ်ရပ်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော      ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပြည်တွင်းစစ် ချုပ်ငြိမ်းရေးတို့    ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်နှစ်ရပ်ကို    အပြည့် အဝ    အကောင်အထည်ဖော်နိုင်ရန် အတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တို့ကို  အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ် သည့်   ဒီမိုကရေစီနှင့်   ဖက်ဒရယ် အခြေခံမူများကို     ဖော်ထုတ်ပြီး ပြည်ထောင်စု    သဘောတူစာချုပ် ချုပ်ဆိုရမည်     ဖြစ်ပါကြောင်း၊ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးအတွက် လုံခြုံရေးဆိုင်ရာ ညှိနှိုင်းပေါင်းစည်း ခြင်းကိစ္စကို မိမိတို့ မရမကဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊   ယင်းတို့သည် ရှောင်လွှဲ၍မရသည့်   UPDJC   ၏ အဓိကလုပ်ငန်းတာဝန်များ   ဖြစ်ပါ ကြောင်း၊ ယင်းလုပ်ငန်းတာဝန်များကို မိမိတို့    ဆောင်ရွက်သည့်အခါတွင် အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်ရမည် ဖြစ်ပါကြောင်း၊  နိုင်ငံရေးအရ အခက် အခဲမျိုးစုံရှိသကဲ့သို့     နည်းပညာ၊ လုပ်နည်းလုပ်ဟန်အရလည်း အခက် အခဲများစွာ ရှိနိုင်ပါကြောင်း။
 
သတိထားကြရန်လိုအပ်
 
UPDJC   သည်   တိုင်းပြည်တွင် ဖြစ်ပျက်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာအားလုံးကို ကိုင်တွယ် ဖြေရှင်းနေသည့်    အစိုးရမဟုတ် ကြောင်းကို  မိမိတို့ သတိထားကြရန် လိုအပ်ပါကြောင်း၊    UPDJC  က ဦးဆောင်ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -  (၂၁)ရာစု ပင်လုံသည်လည်း      တိုင်းပြည်တွင် လိုအပ်နေသည့်     ဥပဒေအားလုံးကို ပြဋ္ဌာန်းပေးသည့် လွှတ်တော်မဟုတ် ကြောင်းကိုလည်း မိမိတို့ သတိထား ကြရန်   လိုအပ်ပါကြောင်း၊  UPDJC ဦးဆောင်ကျင်းပခဲ့သည့်   နိုင်ငံရေး ဆွေးနွေးပွဲ   အဆင့်ဆင့်သည်လည်း လူထုဆန္ဒမှန်သမျှကို    ဖော်ထုတ် ဆွေးနွေးရမည့် လူထုဟစ်တိုင် မဟုတ် ကြောင်းကို မိမိတို့ သတိထားကြရန် လိုအပ်ပါကြောင်း။
UPDJC  သည်  ငြိမ်းချမ်းရေးကို ဖော်ဆောင်သည့် ကော်မတီတစ်ရပ် သာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ UPDJC အနေဖြင့် မိမိတို့ကို ပေးအပ် ထားသည့်   တာဝန်နှင့်  လုပ်ပိုင်ခွင့် ဘောင်အတွင်း     မိမိတို့လုပ်ကိုင် ဆောင်ရွက်ရမည့် အဓိကတာဝန်များ ကို ဦးစားပေးဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ မိမိတို့ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးသည် ပိတ်ဆို့ မှု အခက်အခဲအမျိုးမျိုးနှင့် ကြုံခဲ့ရပါ ကြောင်း၊   ထိုသို့  ပိတ်ဆို့မှုများကို ကျော်လွှားနိုင်ရန်အတွက် နည်းလမ်း ပေါင်းစုံဖြင့်   မိမိတို့   ကြိုးစားခဲ့ပါ ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုပုံစံ ကိုလည်း အသစ်ပြုပြင်နိုင်ခဲ့ပါကြောင်း။
ယနေ့အစည်းအဝေးတွင် ဆွေးနွေး ရမည့် အကြောင်းအရာများကို ဆွေးနွေး ညှိနှိုင်း အဖြေရှာနိုင်ပြီး ခိုင်မာသည့် ဆုံးဖြတ်ချက်ကို           ချမှတ်နိုင်မှ    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ   စတုတ္ထအကြိမ် အစည်းအဝေးကို ၂၀၂၀  ပြည့်နှစ် နှစ်ဆန်းပိုင်း    ပထမလေးလပတ်   ကာလအတွင်း   ကျင်းပသွားနိုင်မည်   ဖြစ်ပါကြောင်း၊    တိုင်းရင်းသားလူမျိုး    ပေါင်းစုံက မျှော်လင့်စောင့်စားနေသည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် အဓိကလုပ်ငန်းစဉ်ကြီး   ဖြစ်သည့် အတွက်   အားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု   ပူးတွဲကော်မတီ - UPDJC ဒုတိယဥက္ကဋ္ဌ ဦးသုဝေက မိမိတို့ UPDJC သည် ငြိမ်းချမ်းမှုကို ဖော်ဆောင်သည့် အစီအစဉ်တိုင်းတွင် ပါဝင်သည့်အတွက် မိမိတို့၏ တာဝန် သည်   ငြိမ်းချမ်းရေးရရှိရန်  အဓိက ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ   အရှိန်အဟုန်ကောင်းလာ အောင် သက်ဆိုင်ရာအစိုးရအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်  အဖွဲ့ အစည်းများ အကြိမ်ကြိမ် ကြိုးပမ်း ညှိနှိုင်းနေကြသည့်အတွက် ဝမ်းမြောက် ပါကြောင်း၊  တိုးတက်မှုများ အမှန် တကယ်ရရှိလာပြီး  ယခု UPDJC ပြန်လည်ကျင်းပနိုင်သည့်အတွက် ကျေနပ်မှုရှိပါကြောင်း၊ ယခုကာလ အတွင်း မိမိတို့ နိုင်ငံရေးပါတီအစုအဖွဲ့ အနေဖြင့်    တွေဝေငေးငိုင်မနေဘဲ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးအပေါ်တွင် အခြေပြုပြီး မိမိတို့ လုပ်ဆောင်ပေးသင့် သမျှ၊ လုပ်နိုင်သမျှ ကြိုးပမ်းလုပ်ဆောင် ကြပါကြောင်း၊ မိမိတို့ နိုင်ငံရေးပါတီ အချင်းချင်းလည်း ပိုမိုချစ်ခင်မှုရရှိပြီး ပြည်သူအများလိုလားသည့် အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ကြီး တည်ဆောက်နိုင်ရန်   ရည်ရွယ် ကြိုးပမ်းလျက်ရှိပါကြောင်း၊ အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ကြီးတွင်  ပြဋ္ဌာန်းကျင့်သုံးနိုင်မည်ဟု ယူဆရသည့် စည်းကမ်း၊ ဥပဒေများကို ညီလာခံကြီးတွင် တင်ပြနိုင်အောင် ပြုစုနေကြပါကြောင်း ပြောကြားသည်။
ဆောင်ရွက်
 
ထို့နောက်     အစည်းအဝေးသို့ တက်ရောက်လာကြသူများက အစည်း အဝေးအစီအစဉ်များနှင့် UPDJC အဖွဲ့ ဝင်များ၊ အတွင်းရေးမှူးများ အစားထိုး ပြောင်းလဲတာဝန်ပေးအပ်ခြင်းတို့ကို     အတည်ပြုခြင်း၊ (၈)ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြခြင်း၊ နိုင်ငံရေးဆွေးနွေး မှုဆိုင်ရာ  မူဘောင်၊    ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု     ပူးတွဲ ကော်မတီ(UPDJC) လုပ်ငန်းလမ်းညွှန်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေး မှူးများ လုပ်ငန်းလမ်းညွှန်၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ     ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ   လုပ်ငန်း လမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ    ကြီးကြပ်မှုကော်မတီ  (တိုင်းဒေသကြီးများ၊     ပြည်နယ်များ၊ နေပြည်တော်ကောင်စီနယ်မြေ) လုပ်ငန်းလမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကိစ္စ၊    ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ အစည်းအဝေးများ ကျင်းပရေးကိစ္စ   စသည့်  နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင်နှင့် ToR ၊ SOP  များပြင်ဆင်ဖြည့်စွက်ချက်များကို တင်ပြခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု   ပူးတွဲကော်မတီ- UPDJC   ဒုတိယဥက္ကဋ္ဌ  ဦးသုဝေက မိမိတို့    ပြည်ထောင်စုငြိမ်းချမ်းရေး ကြိုးပမ်းမှုဖော်ဆောင်ရာတွင် စိန်ခေါ် မှုများစွာရှိပါကြောင်း၊ ယင်းအခက်အခဲ စိန်ခေါ်မှုများ ကြုံတွေ့နေရသော်လည်း ငြိမ်းချမ်းရေးကြိုးပမ်းမှုကို အားမလျှော့ ဘဲ    ဆက်လက်ဆောင်ရွက်နေပါ ကြောင်း၊ တစ်ဦးနှင့်တစ်ဦး နားလည်မှု ရှိပါက  ခက်ခဲနေမှုများကို ပြေလည် သွားအောင် လုပ်ဆောင်နိုင်ပါကြောင်း၊ နားလည်မှုရှိပါက ညီညွတ်မည်ဖြစ်ပြီး ညီညွတ်မှုရှိပါက အင်အားရှိမည်ဖြစ် ပါကြောင်း ပြောကြားသည်။
အောင်မြင်သည့်အစည်းအဝေး
 
ဆက်လက်၍      ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု     ပူးတွဲ ကော်မတီ - UPDJC  ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ယနေ့ကျင်းပသည့် အစည်းအဝေး သည်  အင်မတန်မှ  အောင်မြင်သည့် အစည်းအဝေး     ဖြစ်ပါကြောင်း၊ အနာဂတ်တွင်      ဆောင်ရွက်မည့် ငြိမ်းချမ်းရေးအတွက်လည်း အထောက် အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုအတိုင်း    ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ပါက   ညီလာခံကြီးကို လည်း ကျင်းပနိုင်မည်ဖြစ်ပြီး မိမိတို့ လိုချင်သည့်   ဒီမိုကရေစီကို  အခြေခံ သည့် ဖက်ဒရယ်ပြည်ထောင်စုကြီး ကိုလည်း တည်ဆောက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက်  ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု     ပူးတွဲကော်မတီ-UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်က ယခုအစည်းအဝေးသို့ တက်ရောက်ရ သည်ကို မိမိအနေဖြင့် ဝမ်းမြောက်ပါ ကြောင်း၊    ဝမ်းမြောက်ရခြင်းမှာ အားလုံး ညီညီညွတ်ညွတ်ဖြင့် လုပ်သင့် လုပ်ထိုက်သည်များ၊ သဘောတူသင့် သည့်အချက်များကို သဘောတူခဲ့ကြ သည့်အတွက် ဖြစ်ပါကြောင်း၊ ထို့ပြင် UPDJC ဒုတိယဥက္ကဋ္ဌများထံမှလည်း တန်ဖိုးရှိသည့်စကားများ  ကြားရပါ ကြောင်း။       မိမိတို့နိုင်ငံတွင်    ငြိမ်းချမ်းရေး မရရှိခဲ့သည်မှာ    လွတ်လပ်ရေးစပြီး ရကတည်းက            ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းသည့်နိုင်ငံဖြစ်အောင်  မိမိတို့ ဆောင်ရွက်ရာတွင်   စေတနာ၊   ပညာ၊ သတ္တိ လိုအပ်ပါကြောင်း၊ စေတနာရှိမှ သာ ငြိမ်းချမ်းရေးကို  စတင်လုပ်ဆောင် နိုင်မည်ဖြစ်ပါကြောင်း၊        စတင် လုပ်ဆောင်ရာတွင်  ပညာဖြင့် မှန်မှန် ကန်ကန် လမ်းကိုလျှောက်ပြီး မှန်ကန် သည့်ဆုံးဖြတ်ချက်များ    ချနိုင်မည် ဖြစ်ပါကြောင်း၊   ယင်းဆုံးဖြတ်ချက် များကို အကောင်အထည်ဖော်ရဲသည့် သတ္တိရှိရန်   အင်မတန်အရေးကြီးပါ ကြောင်း၊   ထို့ကြောင့်   ဦးသုဝေပြော သကဲ့သို့ အားလုံးသည် ငြိမ်းချမ်းရေး ရယူရဲသည့်   သတ္တိရှိရန်    လိုအပ်ပါ ကြောင်း။
သဘောတူညီချက်ရယူ
ထို့ပြင်      ဒေါက်တာဆလိုင်းလျန် မှုန်းဆာခေါင်း  ပြောသကဲ့သို့   UPDJC အဖွဲ့သည်    ဥပဒေပြုအဖွဲ့လည်း မဟုတ်ကြောင်း၊    လွှတ်တော်လည်း မဟုတ်ကြောင်း၊   အစိုးရအဖွဲ့လည်း မဟုတ်ပါကြောင်း၊   ပြည်သူ့ဟစ်တိုင် လည်း မဟုတ်ပါကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ထူထောင်ထား သည့်အဖွဲ့ဖြစ်ပါကြောင်း၊ ထို့ကြောင့် UPDJC သည် ငြိမ်းချမ်းရေးရရှိအောင် ဦးတည်ပြီး ငြိမ်းချမ်းရေးနှင့်ပတ်သက် သည့်ကိစ္စများ၊   ငြိမ်းချမ်းရေးရရှိရေး နှင့်ပတ်သက်သည့်       ကိစ္စများကို ဆွေးနွေးပြီး   သဘောတူညီချက်ရယူ ရမည့်အဖွဲ့ဖြစ်သည်ဟု မြင်ပါကြောင်း။
ယုံကြည်ချက်ထား
ယခုအစည်းအဝေး   အောင်အောင် မြင်မြင်ကျင်းပနိုင်ခြင်းမှာ ယင်းမူအရ ဆောင်ရွက်သွားခြင်းကြောင့်   ဖြစ်ပါ ကြောင်း၊  UPDJC ၏ အဓိကတာဝန် သည် မတူကွဲပြားသည့် အမြင်များကို ညှိနှိုင်းပြီး       ငြိမ်းချမ်းရေးဘက်ကို တွန်းပို့ရန်အတွက်   ဖြစ်ပါကြောင်း၊ တင်ပြသွားသည့်ကိစ္စများထဲတွင် မိမိ တို့ အဖွဲ့ဝင်များအနေဖြင့် တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးနှင့်ပတ်သက်သော  ကိစ္စ ဖြစ်သည့် COVID-19 ကို စိတ်ဝင်စား ကြ     အလေးထားကြသည့်အတွက် အားရပါကြောင်း၊   မိမိတို့နိုင်ငံသည် အထီးကျန်နိုင်ငံ     မဟုတ်ပါကြောင်း၊ ကမ္ဘာကြီး၏အစိတ်အပိုင်း    ဖြစ်ပါ ကြောင်း၊ မိမိတို့အားလုံးသည် မြန်မာ နိုင်ငံ၏   အစိတ်အပိုင်းဖြစ်ပါကြောင်း၊ မိမိတို့အားလုံးသည်  ပြည်ထောင်စု၏ အစိတ်အပိုင်းဖြစ်ပြီး    ပြည်ထောင်စု တည်တံ့ခိုင်မြဲရေး၊ ငြိမ်းချမ်းသာယာ ရေးအတွက်   လုပ်ဆောင်သွားကြသူ များဖြစ်သည်ဆိုသည့်  စိတ်ဓာတ်ဖြင့် ဆက်သွားမည်ဆိုပါက  မိမိတို့ရည်ရွယ် ချက်များ      အားလုံးအောင်မြင်မည် ဖြစ်ပါကြောင်း၊   အောင်မြင်မည်ဆို သည်ကိုလည်း မိမိအနေဖြင့် ယုံကြည် ချက်ထားပြီး ဖြစ်ပါကြောင်း။
 
ကောင်းကျိုးအမွေ
 
မိမိတို့အနေဖြင့်      မိမိတို့ခေတ် တွင်      အောင်မြင်စေချင်ပါကြောင်း၊ နှစ် ၇၀ ကျော်   ငြိမ်းချမ်းရေးမရှိသည့် ပြည်ထောင်စုအဆင့်မှ    ငြိမ်းချမ်း တည်ငြိမ်သာယာဝပြော    တိုးတက် သည့်           ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး     ထူထောင်နိုင်ခဲ့ သည်ကို  မိမိတို့ခေတ်တွင်  ဖြစ်စေလို ပြီး နောင်လာနောက်သားများအတွက် ကောင်းကျိုးအမွေအဖြစ် ထားခဲ့ချင်ပါ ကြောင်း၊  သို့ဖြစ်၍  အစည်းအဝေးကို အောင်မြင်အောင် ဆောင်ရွက်ပေးကြ သူများကိုလည်း     ကျေးဇူးတင်ရှိပါ ကြောင်း၊        ဆက်လက်၍လည်း အောင်မြင်မှုတစ်ခုချင်းအပေါ် လှမ်းနိုင် ပါစေဟု        ဆုတောင်းပါကြောင်း ပြောကြားသည်။
အစည်းအဝေးအပြီးတွင် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်    အစည်း အဝေးသို့ တက်ရောက်လာကြသည့် အစိုးရ၊    လွှတ်တော်၊    တပ်မတော် အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့နှင့်    နိုင်ငံရေးပါတီများအစုအဖွဲ့တို့မှ   တာဝန်ရှိ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။            သတင်းစဉ်