နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် IUCN ၏ အာရှဆိုင်ရာ ဒေသတွင်းညွှန်ကြားရေးမှူးနှင့် အာရှ-သမုဒ္ဒရာဒေသများဆိုင်ရာ ညွှန်းကြားရေးမှူးအား လက်ခံတွေ့ဆုံ

Image not available
 
နေပြည်တော်    မတ်    ၄
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဗန်ကောက်အခြေစိုက် International Union for Conservation of Nature (IUCN) ၏ အာရှဆိုင်ရာ ဒေသတွင်းညွှန်ကြားရေးမှူးနှင့် အာရှ-သမုဒ္ဒရာဒေသများဆိုင်ရာ ညွှန်ကြားရေးမှူး  Ms. Aban Marker Kabraji အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ 
 
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏  ဂေဟစနစ်ထိန်းသိမ်းစောင့်ရှောက်ရေး၊  ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများအတွက် IUCN နှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။ 
 
သတင်းစဉ်