နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကနေဒါနိုင်ငံ သံအမတ်ကြီး မစ္စတာ ဖရန့်ဆွာလက်ဖရက်နီးရဲခ်အား လက်ခံတွေ့ဆုံ

Image not available
 
 
 
နေပြည်တော် ဖေဖော်ဝါရီ ၇
 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး မစ္စတာ ဖရန့်ဆွာလက် ဖရက်နီးရဲခ်အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
 
ဆွေးနွေး
 
တွေ့ဆုံစဉ် မြန်မာ-ကနေဒါ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကနေဒါ နိုင်ငံမှ ဆက်လက်ကူညီပေးနိုင်မည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
 
သတင်းစဉ်