နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး မစ္စတာ လီကွတ်ဝ်သွမ်အား လက်ခံတွေ့ဆုံ

Image not available
 
 
 
နေပြည်တော် ဖေဖော်ဝါရီ ၇
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး မစ္စတာ လီကွတ်ဝ်သွမ်အား ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
 
ဆွေးနွေး
 
တွေ့ဆုံစဉ် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
 
သတင်းစဉ်