နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

Image not available
 
 
 
နေပြည်တော် ဇန်နဝါရီ ၃၀
 
 
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ဟံသာနှင့်အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
 
 
ရှေးဦးစွာ နှစ်ဖက်တက်ရောက်လာကြသူများအား တစ်ဦးချင်း မိတ်ဆက်ပေးသည်။ ယင်းနောက် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်က မွန်ပြည်သစ်ပါတီ NCA လက်မှတ် ရေးထိုးပြီးနောက် လက်ရှိမြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်း ရေး၊ ဖွံ့ဖြိုးရေးနှင့်တိုင်းရင်းသားအရေး ဦးစားပေး ဆောင်ရွက်ရန် လိုအပ်ချက်များ၊ (၈)ကြိမ်မြောက် JICM အစည်းအဝေး၏ ဆုံးဖြတ်ချက် များနှင့်အညီ လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစု ပင်လုံ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ရှင်းလင်း ပြောကြားပြီး မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံသာက NCA လက်မှတ် ရေးထိုးခြင်း (၄)နှစ်မြောက် အခမ်း အနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြားခဲ့သည့် မိန့်ခွန်းပါ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးမူကို အပြည့်အဝ ထောက်ခံပါကြောင်း၊ တိုင်းရင်းသား များအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် ယုံကြည်မှု များစွာ မြင့်တက်လာခဲ့ကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများတွင် သဘော တူညီချက် မရရှိသေးသည့် ကိစ္စရပ် များကို ကျော်လွှားရန် လိုအပ်ကြောင်း ဆွေးနွေးသည်။
 
 
ဆွေးနွေး
 
ထို့နောက် မွန်ဘာသာသင်ကြား ရေးကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေး နှင့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင် များ၊ မိသားစုဝင်များ၏ စားဝတ် နေရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
 
 
လက်ဆောင် ပြန်လည်ပေးအပ်
 
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မွန်ပြည်သစ် ပါတီ(NMSP)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များအား လက်ဆောင်ပစ္စည်းများကို ပေးအပ်ရာ မွန်ပြည်သစ်ပါတီ (NMSP)ဥက္ကဋ္ဌကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂါရ၀ပြု လက်ဆောင် ပြန်လည်ပေးအပ် သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် မွန်ပြည်သစ်ပါတီ (NMSP)ဥက္ကဋ္ဌ၊ အဖွဲ့ နှင့် မှတ်တမ်းဓာတ်ပုံရိုက်သည်။
 
 
တက်ရောက်
 
တွေ့ဆုံပွဲသို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာနဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ ဒုတိယဥက္ကဋ္ဌ(၁) ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့် ဆွေ၊ ဒုတိယဥက္ကဋ္ဌ(၂) ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုး ဝင်း၊ ဒုတိယဥက္ကဋ္ဌ(၃) ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် နိုင်ငံတော်အတိုင် ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက် ကြပြီး မွန်ပြည်သစ်ပါတီ(NMSP)ဥက္ကဋ္ဌနှင့်အတူ တွဲဖက်အထွေထွေ အတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောင်မငေး၊ နိုင်ဗညားလယ်နှင့် စစ်ဦးစီးချုပ် နိုင်ဗညားမဲ့စန်းတို့လည်း တက်ရောက်ကြသည်။
 
 
သတင်းစဉ်