
နေပြည်တော် ဇန်နဝါရီ ၁၇
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် တို့သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံ ဆွေးနွေးကြသည်။
ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် နိုင်ငံတော်သမ္မတအိမ်တော်သို့ ညနေ ၄ နာရီခွဲတွင် ရောက်ရှိလာရာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရင်းရင်းနှီးနှီး ကြိုဆို နှုတ်ဆက်သည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် နိုင်ငံတော်သမ္မတအိမ်တော် ဧည့်သည် တော်မှတ်တမ်း၌ လက်မှတ်ရေးထိုး သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် တို့သည် မှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် တို့သည် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံ ဆွေးနွေးကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေး နှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် ဖော်ဆောင်ရေး၊ နှစ်နိုင်ငံ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နီးနီး ကပ်ကပ် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည် ရင်းနှီးမှု တိုးတက်ရေးနှင့် အေးအတူ ပူအမျှ အသိုက်အဝန်းအဖြစ် ဖော်ဆောင်ရေး၊ BRI စီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်ရေး စသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့်အတူ နိုင်ငံတော်အတိုင် ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံ သံအမတ်ကြီး ဦးမျိုးသန့်ဖေတို့ တက်ရောက်ကြပြီး ဧည့်သည်တော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့်အတူ တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ် ကြီး မစ္စတာ ချန်းဟိုင်တို့လည်း တက်ရောက်ကြသည်။
သတင်းစဉ်