နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပင်လုံမြို့ရှိ ပြည်ထောင်စုကျောက်တိုင်ကွင်း၌ ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား

Image not available
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ပင်လုံမြို့ရှိ ပြည်ထောင်စုကျောက်တိုင်ကွင်း၌ ကျင်းပသည့်
ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား
======================================================
တောင်ကြီး ဖေဖော်ဝါရီ ၁၂
 
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ် လွိုင်လင်ခရိုင် ပင်လုံမြို့ရှိ ပြည်ထောင်စုကျောက်တိုင်ကွင်း၌ ကျင်းပရာ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ မိန့်ခွန်းပြောကြား သည်။
 
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းသူ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာ အောင်သူ၊ ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာ ဝင်းမြတ်အေး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ် ဦးကြွယ်ကြွယ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
 
တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ် ကြီး အောင်ဝင်းဦး၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များ၊ ပင်လုံစာချုပ်တွင် လက်မှတ် ရေးထိုးခဲ့ကြသည့် ခေါင်းဆောင်များ ၏ သားသမီးများနှင့် ဆွေမျိုးတော်စပ် သူများ၊ ပြည်နယ်အဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့် ရေး ကော်မတီဝင်များ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြမည့် တိုင်းရင်းသားများ၊ ဖိတ်ကြားထား သူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြ သည်။
 
အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အခမ်းအနား သို့ တက်ရောက်ကြသူများသည် နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြု ခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း တို့ကို ဆောင်ရွက်ကြသည်။
ထို့နောက် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ  ပေးပို့ သည့် သဝဏ်လွှာကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ဖတ်ကြားသည်။
မိန့်ခွန်းပြောကြား
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က မိန့်ခွန်းပြောကြားသည်။
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့်မိန့်ခွန်းကို စာမျက်နှာ- ၆ တွင် ဖော်ပြထားပါသည်)
 
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဧည့်သည်တော်မှတ်တမ်း တွင် လက်မှတ်ရေးထိုးပြီး ပင်လုံ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုး ခဲ့သော ချင်းကော်မတီ ကိုယ်စားလှယ် ဦးထောင်ဇာအုပ်၊ ချင်းကော်မတီ ကိုယ်စားလှယ် ဦးကီယိုမန်း၊ လူထု ကိုယ်စားလှယ်-ပင်းတယ ဦးခွန်စော၊ ကချင်ကော်မတီ ကိုယ်စားလှယ် ဒူဝါးဇော်လွန်း၊ လူထုကိုယ်စားလှယ်-လင်းခေး ဦးထွန်းမြင့်၊ ရှမ်းပြည်နယ် လူထုကိုယ်စားလှယ် ဦးကြာပု၊ ဆီဆိုင်စော်ဘွားကိုယ်စားလှယ် ဦးဖြူ၊ ကချင်ကော်မတီ ကိုယ်စားလှယ် (မြစ်ကြီးနား) ဒူဝါဇော်ရစ်၊ တောင်ပိုင်း စော်ဘွား စဝ်ခွန်ပန်းစိန်၊ ညောင်ရွှေ စော်ဘွား စဝ်ရွှေသိုက်၊ ကချင် ကော်မတီကိုယ်စားလှယ် ဆမားဒူဝါ ဆင်ဝါးနောင်၊ လူထုကိုယ်စားလှယ်-ပင်လုံ ဦးခွန်ထီး၊ မိုင်းပွန်စော်ဘွား စဝ်စံထွန်း(ခ)စဝ်သာထွန်း၊ လဲချား စော်ဘွား စဝ်နွံ၊ တောင်ကြီးမှ ဦးတင်ဧ၊ သာမိုင်းခမ်းစော်ဘွား စဝ်ထွန်းအေး၊ မြောက်ပိုင်း သန္နီစော်ဘွား စဝ်ဟုံဖ၊ ချင်းကော်မတီ ကိုယ်စားလှယ် ဦးလှူ မှုန်၊ ကချင်ကော်မတီ ကိုယ်စား လှယ် ဦးလဘန်ဂရောင်၊ လူထု ကိုယ်စားလှယ် ဦးဒူးဝါးအမ်ခွန်ဖုန်းနှင့် သီပေါစော်ဘွား ဦးစဝ်ယိပ်ဖတို့၏ ဓာတ်ပုံနှင့် အထိမ်းအမှတ်နေရာ များကို လှည့်လည်ကြည့်ရှုပြီး ၎င်းတို့ ၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
 
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပင်လုံစာချုပ် တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သောခေါင်းဆောင်များ၏ မိသားစုဝင်များ နှင့်လည်းကောင်း၊ ဒေသခံတိုင်းရင်းသား တိုင်းရင်းသူများနှင့် လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်နှင့် လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများနှင့် လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ပင်လုံမြို့ရှိ ပြည်ထောင်စု ကျောက်တိုင်ကွင်း သတ်မှတ်နေရာ ၌ ပြည်ထောင်စုငြိမ်းချမ်းရေး သံလွင်ပင်ကို စိုက်ပျိုးပေးသည်။
 
ရင်းရင်းနှီးနှီးနှုတ်ဆက်
 
ယင်းနောက် ဒေသခံတိုင်းရင်းသား တိုင်းရင်းသူလေးများက “ပင်လုံမြေက သစ္စာ” သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး အခမ်းအနားကို ပိတ်သိမ်းလိုက်သည်။
 
အခမ်းအနားအပြီးတွင် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် “ပင်လုံ မြေကသစ္စာ” သီချင်းဖြင့် သီဆို ဖျော်ဖြေခဲ့ကြသည့် တိုင်းရင်းသား တိုင်းရင်းသူလေးများနှင့် အခမ်းအနား သို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
 
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် နောင်ကွတ်ပရိယတ္တိ စာသင်တိုက် ဆရာတော်ဘဒ္ဒန္တ ပညာဗလအား သွားရောက်ဖူးမြော် ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များ နှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံ ကွင်း၌ ကျင်းပသည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲ အခမ်း အနားသို့ တက်ရောက်သည်။
ညစာစားပွဲ အခမ်းအနားတွင် ရှေးဦးစွာ (၂၁)ရာစု စတုတ္ထအကြိမ် ပင်လုံညီလာခံကို ကြိုဆိုသောအား ဖြင့် စိန်နားပန်မီးပုံးပျံကြီးတစ်လုံး၊ ငြိမ်းချမ်းရေးချိုးငှက် မီးပုံးပျံနှစ်လုံး နှင့် မီးပုံးပျံငယ်အလုံး ၃၀၀ တို့ကို ကောင်းကင်ယံထက်သို့ လှပစွာ လွှတ်တင်ပေးကြသည်။
ထို့နောက် ကယားတိုင်းရင်းသား လူငယ်လေးများက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရန် ရည်ရွယ်ပြီး ၎င်းတို့ဖန်တီးထားသော “မငြိမ်းချမ်း လို့ မဖြစ်ဘူး” တေးသီချင်းဖြင့် လည်းကောင်း၊ ကချင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကအဖွဲ့က “ငြိမ်းချမ်းရေးကို တည်ဆောက်ကြ ပါစို့” သီချင်းဖြင့် လည်းကောင်း၊ ရှမ်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကအဖွဲ့က “ပင်လုံစိတ်ထား” နှင့် “၂၁ ရာစုပင်လုံ” သီချင်းတို့ဖြင့် လည်းကောင်း၊ နိုင်ငံကျော်အဆိုတော် ဇော်ဝင်းထွဋ်က “စည်းလုံးခြင်း အတွက် သီချင်းတစ်ပုဒ်” တေးသီချင်း ဖြင့် လည်းကောင်း သီဆိုဖျော်ဖြေ တင်ဆက်ကြသည်။
 
ဖျော်ဖြေတင်ဆက်
 
ယင်းနောက် “ဝ”၊ “ပလောင်”၊ “ကိုးကန့်”၊ “ပအိုဝ်း”၊ “လီဆူး”၊ “ဓနု” နှင့် “အင်း” တိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့များက ရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြ သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များ သည် ညစာစားပွဲအခမ်းအနား သို့ တက်ရောက်လာသူများနှင့် လည်းကောင်း၊ ကပြဖျော်ဖြေ တင်ဆက်ကြသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့နှင့် လည်း ကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
 
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များ သည် အဝေရာမီးပုံးပျံကွင်း၌ ကျင်းပ သည့် ပြည်ထောင်စုဂီတညဖျော်ဖြေ ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး သည်။
တက်ရောက်
၁၉၄၆ ခုနှစ် မတ် ၂၆ ရက်မှ ၂၈ ရက်အထိ ပင်လုံမြို့တွင် ပြုလုပ်ခဲ့သည့် ပထမပင်လုံ အစည်းအဝေးတွင် တိုင်းရင်းသားအားလုံး အတူတကွ လွတ်လပ်ရေးအရယူကြရန် လမ်းစ ပွင့်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှ ၁၃ ရက်အထိ ပင်လုံမြို့တွင် သမိုင်းဝင် ဒုတိယပင်လုံညီလာခံကြီး ကို ကျင်းပနိုင်ခဲ့ပြီး ယင်းညီလာခံကြီး တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင် သည့် ဘုရင်ခံအမှုဆောင်ဝန်ကြီးများ၊ နယ်ခြားဒေသ အုပ်ချုပ်ရေးအဖွဲ့မှ အရာရှိများ၊ မြန်မာပြည်နိုင်ငံရေးအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များ၊ သတင်းစာဆရာများ၊ နိုင်ငံခြား သံကိုယ်စားလှယ် ကောင်စစ်ဝန်များ၊ ထင်ရှားကျော်ကြားသူ တစ်သီးပုဂ္ဂလ များ၊ ရှမ်းစော်ဘွားကိုယ်စားလှယ်များနှင့် လူထုကိုယ်စားလှယ်များ၊ ကချင် တိုင်းရင်းသားနှင့် ချင်းတိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ခဲ့ကြသည်။
 
ထိုပင်လုံညီလာခံတွင် တောင်တန်း ပြည်မပူးပေါင်းပြီး လွတ်လပ်ရေး ရယူမည်ဖြစ်ကြောင်း သက်သေပြ သည့် ပင်လုံစာချုပ်ကြီးကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦး က အောင်မြင်စွာလက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ကြသည်။
 
သဘောတူညီချက် ၅၁ ချက်
 
ယင်းပင်လုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် တောင်တန်းပြည်မပူးပေါင်းပြီး နိုင်ငံ လွတ်လပ်ရေးရယူနိုင်ရန် လမ်းပွင့် သွားခဲ့ပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် မြန်မာနိုင်ငံအဖြစ် ပြန်လည်ပေါ်ထွန်းလာခဲ့ခြင်း ဖြစ် သည်။ (၂၁)ရာစု ပင်လုံညီလာခံဖြင့် ပြည်ထောင်စုကို အတူတကွ တည်ထောင်ခဲ့ခြင်းဖြစ်သည်။
 
ယခု အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံကို သုံးကြိမ်တိုင်တိုင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ ပြည်ထောင်စုသဘော တူညီချက် ၅၁ ချက် ရရှိခဲ့ပြီးဖြစ် သည်။
 
သတင်းစဉ်