
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ(ငြိမ်း)တို့ တယ်လီကွန်ဖရင့်ဖြင့် ဆွေးနွေး
=============================================================================================
နေပြည်တော် နိုဝင်ဘာ ၅
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း)နှင့် ယနေ့ မွန်းလွဲ ၁ နာရီတွင် တယ်လီကွန်ဖရင့်ဖြင့် ဆွေးနွေးခဲ့သည်။
ထိုသို့ဆွေးနွေးရာတွင် နှစ်ဖက်ခေါင်းဆောင်များက နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက် မှုများ ဆက်လက်တိုးမြှင့်သွားရေး၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအများစုနေထိုင်သည့် ပြည်နယ် တစ်ခုတွင် တရားဝင်ကောင်စစ်ဝန်ရုံးဖွင့်လှစ်ပေး၍ ကူညီဆောင်ရွက်ပေးရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခက်အခဲများအား ကူညီပံ့ပိုးဖြေရှင်းပေးရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုပိုမိုမြှင့်တင်ရေး၊ ပြည်သူများအကြား ထိတွေ့ဆက်ဆံမှု ပိုမိုမြှင့်တင်ရေးအတွက် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ တိုးချဲ့ဖွင့်လှစ်ရေးနှင့် နယ်စပ် ဒေသတစ်လျှောက် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။
သတင်းစဉ်