
နေပြည်တော် ဩဂုတ် ၂
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြု ပေးအပ် လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ဥပဒေရေးရာ ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းမိသားစုများက ဂုဏ်ပြုချီးမြှင့်ငွေ များနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသီတာဦး၊ သယံဇာတနှင့်သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှဒုတိယဝန်ကြီးများ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာနမှ ဝန်ထမ်း မိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်း ကိုးဆယ်နှင့် ငွေကျပ် သုံးဆယ့်ငါးသိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ် သိန်းသုံးဆယ်နှင့် ငွေကျပ် သိန်းတစ်ရာ ခုနစ်သောင်း ငါးထောင်တန်ဖိုးရှိ စားသောက်ဖွယ်ရာ များကိုလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ်တစ်ရာ နှစ်ဆယ့်တစ်သိန်းနှစ်သောင်း ငါးထောင်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်း ကောင်း၊ သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်းတစ်ရာကိုလည်းကောင်း ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများက တိုင်းမှူးထံ ဂုဏ်ပြုပေးအပ်ကြသည်။
ယင်းနောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင် စကားပြောကြား သည်။
အလားတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကိုထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ပြည်သူများက ပေးပို့လှူဒါန်းသည့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်က လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပြည်သူများက ပေးပို့လှူဒါန်းသည့် ငွေကျပ် ငါးရာတစ်ဆယ့်လေးသိန်းတစ်သောင်း ခြောက်ရာ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
အဆိုပါ စားသောက်ဖွယ်ရာများအား လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်