နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွန့်လွှတ်စွန့်စားစွာဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသည့် ရှေ့တန်းရောက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် အလှူငွေများပေးပို့လှူဒါန်း

 

နေပြည်တော်   ဩဂုတ်  ၂


စက်မှုဝန်ကြီးဌာနရှိ    အရာထမ်း၊ အမှုထမ်းများက   နိုင်ငံတော်လုံခြုံ ရေးနှင့်   ကာကွယ်ရေးတာဝန်များ ကို       စွန့်လွှတ်စွန့်စားစွာဖြင့် စွမ်းစွမ်းတမံ    ဆောင်ရွက်လျက်ရှိ သည့် ရှေ့တန်းရောက် တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊    လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် စေတနာနှင့် မွန်မြတ်သည့် စိတ်ထားများ    အရင်းခံ၍   ငါးပိ ကြော်၊   ငံပြာရည်ကြော်၊     ဗာလ ချောင်ကြော်၊       အသင့်စား ခေါက်ဆွဲခြောက်များ၊ ငါးသေတ္တာ ဘူးများ၊   ဘီစကွတ်များ၊    ငါးပိ ထောင်းဘူးများ၊    ကော်ဖီမစ်ထုပ် များ၊ ဓာတ်ဆားထုပ်များ၊ ဆေးဝါး များ  ထုပ်ပိုးခြင်းလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်နေမှုတို့ကို ယနေ့နံနက်ပိုင်းတွင်    စက်မှု ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊    ဒုတိယ ဝန်ကြီး    ဦးရင်မောင်ညွန့်နှင့် တာဝန်ရှိသူများက     လှည့်လည် အားပေးကြည့်ရှုသည်။
သွားရောက်လှူဒါန်း
စက်မှုဝန်ကြီးဌာနရှိ   အရာ ထမ်း၊ အမှုထမ်း၊ မိသားစုဝင်များ အနေဖြင့်     နိုင်ငံတော်လုံခြုံရေး တာဝန်များနှင့်     ကာကွယ်ရေး တာဝန်များ၊     ပြည်သူများ၏ အသက်အိုးအိမ်    စည်းစိမ်များကို ကာကွယ်   စောင့်ရှောက်နေသည့် လုံခြုံရေး     အဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ၊    ဆေးဝါး များနှင့်           အလှူငွေများကို နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့  သွားရောက်     လှူဒါန်းသွားမည် ဖြစ်သည်။


အားပေးဂုဏ်ယူ


ထို့ပြင်  ဝန်ထမ်းများမှ  နိုင်ငံ တော်လုံခြုံရေးနှင့်  ကာကွယ်ရေး တာဝန်များကို    ထမ်းဆောင်နေ သည့်     လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် “နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို    ထမ်း ဆောင်နေရင်း    မိမိကျန်းမာရေး ကိုလည်း ဂရုစိုက်ပါ၊   မိမိကိုယ်ကို လည်း     ကာကွယ်ထိန်းသိမ်းပါ၊ အမောင်စစ်သည်တို့၏ ဆောင်ရွက် ချက်များကို  အားပေးဂုဏ်ယူရင်း ထောက်ခံနေမည်   ဖြစ်ကြောင်း၊” “ရှေ့တန်းရောက်      တပ်မတော် သားများ တိုက်ပွဲတစ်ရာ အောင်ပွဲ တစ်ရာရရှိမည်ဟု        ယုံကြည် ကြောင်း၊   ပြည်သူတို့၏   အသက် အိုးအိမ်စည်းစိမ်ကို     ကာကွယ် စောင့်ရှောက်နေခြင်းဖြစ်၍ တရား သောစစ်     မုချအောင်ရမည်၊” “အမောင်စစ်သည်တို့ အောင်ပွဲနှင့် အတူ ပြန်လာချိန်တွင် သပြေပန်း နှင့်ကြိုဆိုရန်   အသင့်စောင့်နေပါ မည်၊”   “အမောင်စစ်သည်တို့နှင့် အတူ တစ်သွေးတည်း   တစ်သား တည်း  အတူရပ်တည်နေသည်ကို ခြွင်းချက်မရှိ  ယုံကြည်၍ ပေးအပ် သည့် အမိန့်နှင့်တာဝန်ကို ကျေပွန် စွာ       ထမ်းဆောင်နိုင်ကြပါစေ ကြောင်း” ဟူသော  အားပေးသတင်း အမှာစကားများကိုလည်း ပေးပို့ခဲ့ ကြောင်း သိရသည်။  

သတင်းစဉ်